top of page
Search

ဗီဒီယိုနှင့် တပ်တွင်းတိုက်ပွဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 13, 2020
  • 1 min read

ပုံမှန်မှာဆိုရင်တော့ စာရေးသူတို့ရဲ့ တပ်မတော်ကြီးဟာ အင်မတန်မှ ညီညွတ်တယ်လို့ ထင်မှတ်စရာပါ။

ယခုတက်လာတဲ့ ဗီဒီယိုဖိုင်ကိုလဲ အစိုးရကို အပုတ်ချချင်လို့ ဘာညာပြောသူများရှိပါတယ်။ ဒါပေမယ့်ဒီဗီဒီယိုဟာ ICJ ရောက်ရင် ICC ရောက်ရင် ပြဿနာတက်မှာက တပ်ချုပ်ပါ။ မြန်မာပြည်ရဲ့ခြေဥအရတပ်ချုပ်ဟာ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ အကြီးအကဲပါ။ ဒါကြောင့် ဒီဗီဒီယိုဟာ ဒုက္ခပေးရင် တပ်ချုပ်ကိုသာ ဒုက္ခပေးမှာပါ။ ဘာကြောင့် ဒီဗီဒီယိုဟာ လိုင်းပေါ်ရောက်လာလဲ? ဒါကဘာကိုပြလဲ?

ဒီဗီဒီယိုလိုင်းပေါ်မရောက်ခင် တစ်လလောက်ထဲက ဗိုလ်မှူးကြီးအဆင့်တွေကို စရာထူးတိုးပေးလာပါတယ်။ အချို့ရာထူးမတက်ဘဲ ကျန်ခဲ့သူများလဲရှိပါတယ်။ လူတိုင်းကတော့ ကျေနပ်တာမဟုတ်ပါ။ ဒီရာထူးတက်တဲ့ကိစ္စဖြစ်ပြီးမှာ ဗိုလ်ချုပ်ကြီး မြထွန်းဦးကိုကျော်ပြီး အခြားလူတက်မယ်လို့ နာမည်ထွက်လာတာကို ကာယကံရှင် မြထွန်းဦးလဲ သိမှာပါ။ သူဟာ ယခင်စရဖချုပ်ရာထူးကနေ ပြောင်းလာသူပါ။စရဖဟာ ယခုလို သံသယရှိသူတွေကို စစ်ဆေးရတာပါ။

စစ်ထောက်လှမ်းရေးပေါ့။ ပုံမှန်စစ်သားတွေက စစ်ဆေးခဲပါတယ်။ စစ်မြေပြင်မှာ စစ်ဆေးတာရှိနိုင်ပေမယ့် ယခုလို နောက်တန်းကိုပြန်ပို့ချိန်မှာစစ်တာက စရဖကများပါတယ်။ စစ်ဆေးနေပုံက သာမန်ထိုးတာမဟုတ်ဘဲ သေချာသင်ထားသူက ဒဏ်ရာမကျန်ခဲ့အောင် စစ်နေပုံပါ။နောက်ပြီး ယခုလိုစစ်နေတာကို ဗီဒီယိုရိုက်တာကလဲ စစချင်းမှာ မတော်တဆလို့ ထင်ရပေမယ့် ယခုလိုင်းပေါ်တင်လို့ တမင်သိက္ခာကျအောင် လုပ်တာထင်ရှားပါတယ်။ စရဖအောက်မှာက ဌာနများစွာရှိပြီး ဌာနတစ်ခုက စစ်ဖက်ရေးရာလုံခြုံရေးဌာနကြီး (တန်ပြန်) ဖြစ်ပြီး သူက တန်ပြန်ထောက်လှမ်းရေးကို အဓိက လုပ်ပါတယ်။အဲ့ဒီဌာနမှာက မိမိဆရာကိုသာ သစ္စာစောင့်သိသူတွေ ကျန်ခဲ့နိုင်ပါတယ်။

ဆီးရီးယားတပ်ထဲမှာ အာဆတ်ကို ဒုက္ခရောက်အောင်လုပ်ချင်သူများက ဓာတုလက်နက်မသုံးရဆိုတာကိုသုံးပြီး အမေရိကန်ဝင်အောင် ခေါ်ခဲ့ဖူးပါတယ်။

ယခုတပ်ထဲမှာလဲ အချို့က အကြောင်းမျိုးစုံ မကျေနပ်ရာက အဘကို အဆင်းတွန်းပို့နေပုံပါ။ အငယ်တွေထဲမှာ စစ်ဆေးနဲ့ နည်းပညာက စာချုပ်စေ့လို့ မထွက်ရတာကို မကျေနပ်သလို အထက်ပိုင်းကလဲသူတို့တက်လမ်းပိတ်လို့ မကျေနပ်တာလဲ ရှိပါတယ်။ ဒီကြားထဲ မိမိဆရာတွေ ဒုက္ခရောက်လို့ မကျေနပ်တာလဲ ရှိပါတယ်။ စရဖကို အုပ်ချုပ်ခဲ့တာက ၂၀၁၀ အလွန်မှာ ဘကျော်ဆွေ၊ စိုးရှိန်နဲ့ မြထွန်းဦးပါ။ ပြီးတော့ လက်ရှိပြည်ထဲရေးဝန်ကြီးစိုးထွဋ်ပေါ့။ ဘကျော်ဆွေကလဲ ဘာဖြစ်နေလဲ မသေချာသလို မြထွန်းဦးကလဲ တပ်ချုပ်ဖြစ်ဖို့ မသေချာဖြစ်နေချိန်မှာ ဒီဗီဒီယိုလေးက တိုက်ဆိုင်စွာ ထွက်ပေါ်လာခဲ့တာပါ။ယခု​ေခတ်က ယခင်ကအုန်းကျော်မြင့်လို သေနတ်ကိုင်စရာမလိုဘဲ အဘကို ဗီဒီယိုဖိုင်တွေနဲ့ ICC အရောက်ပို့နိုင်တဲ့ခေတ် ဖြစ်လာနေပါပြီ။

တပ်ထဲမှာ ရာထူးတိုးချင်သူကလဲ များပါတယ်။ ရာထူးမတိုးရင် မိမိဆရာတွေ အခြေအနေမကောင်းရင်ဒီလိုဗီဒီယိုမျိုးက အများကြီးပေါ်လာနိုင်ပါတယ်။ တာဝန်ရှိသူကတော့ တပ်ချုပ်ကြီးပါဘဲ။ လက်ရှိခြေဥကြောင့်ပါ။ တပ်ချုပ်ကြီးအနေနဲ့က ICC မရောက်ချင်ရင် မိမိတပ်ကိုထိန်းနိုင်အောင်လုပ်ရမဲ့နည်းလမ်းက ခြေဥပြင်ဖို့ပါလို့ ပြောပါရစေ။

အချို့ကိစ္စတွေမှာက အတွင်းလူကပို့မှ နယ်သာလန်ကို ရောက်သွားတတ်ပါတယ်။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page