top of page
Search

ဗုံးခဏခဏတွေ့ခဲ့ရင် ဗံုးခဏခဏေတြ႕ခဲ့ရင္

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 24, 2019
  • 1 min read

ဗံုးခဏခဏေတြ႕ခဲ့ရင္

မေန႔မနက္NLD ႐ံုးနားမွာဗံုးေတြ႕တယ္ဆိုတာတက္လာပါတယ္။ဗံုးကလက္ပစ္ဗံုးပါ။ေသေစလိုတဲ့ရည္ရြယ္ခ်က္မဟုတ္ဘဲေျခာက္႐ံုလာခ်သြားပံုပါ။ဒီဗံုးကတကယ္ေသေစခ်င္ရင္စနက္တန္ျဖဳတ္ၿပီး႐ံုးခန္းထဲကိုပစ္သြင္းရမွာပါ။

ဒါဆိုဘယ္သူလုပ္တာလဲဘာရည္ရြယ္ခ်က္လဲ။ပထမဆံုးဘယ္သူကအဲ့ဒီဗံုးမ်ိဳးကိုကိုင္ႏိုင္လဲေလ့လာရေအာင္။လက္ရွိတပ္နဲ႔သူပုန္ေတြထံမွာယခုလိုဗံုးမ်ိဳးရွိၾကပါတယ္။အျခားလူကေတာ့တပ္ကထြက္သူနဲ႔ၿဖိဳးကိုကိုတင့္ဆန္းလိုတပ္ႏြယ္သူထံမွာရွိႏိုင္ပါတယ္။ဦးကိုနီလုပ္ၾကံမႈမွာေသနတ္ကဘယ္ကရလဲဆိုတာအေသအခ်ာမသိခဲ့ပါ။နယ္စပ္ဆိုၿပီးလံုးခ်သြားခဲ့ပါတယ္။

ယခုစစစ္လို႔ဘယ္လိုအမ်ိဳးအစား၊ဘာနံပတ္၊ဘယ္သူ႔ဟာဆိုတာသိႏိုင္ပါမယ္။ေမးစရာရွိတာကအဲ့ဒါကိုတရားဝင္ေၾကျငာမလားဆိုတာပါ။ေၾကျငာရင္ေရာလူေတြကယံုပါ့မလားဆိုတာပါ။ေနာက္ေမးစရာရွိတာကဘာရည္ရြယ္ခ်က္လဲ? သူပုန္ကလုပ္တာလား? လုပ္တာကိုမိရင္ၿငိမ္းခ်မ္းေရးပ်က္ၿပီးကမ႓ာေက်ာ္အၾကမ္းဖက္အဖြဲ႕ျဖစ္သြားမွာပါ။ျဖစ္ႏိုင္ေခ်ရွိေပမယ့္နည္းပါတယ္။ေနာက္ဝီဝီ့ကိုအားက်တဲ့လက္နက္ကိုင္အဖြဲ႕လဲယခုလိုလုပ္ႏိုင္ပါတယ္။ဒါေပမယ့္တကယ္စနက္တံျဖဳတ္လုပ္သြားတာမဟုတ္လို႔ျဖစ္ႏိုင္ေခ်နည္းပါတယ္။

တပ္ကျဖစ္ႏိုင္လား။သူ႔ရဲ႕အဘေတြကလႊတ္ေတာ္မွာအႏၲရာယ္မ်ားမယ္လို႔ၿခိမ္းေျခာက္ထားတာရွိပါတယ္။ဒါေပမယ့္ဒီလိုလုပ္ရေအာင္ေတာ့မမိုက္ဖူးလို႔ထင္ပါတယ္။

ဒါဆိုက်န္တာကတပ္ထြက္၊မဘသနဲ႔အဘတခ႐ိုနီနဲ႔အစြန္းေရာက္အမ်ိဳးသားဝါဒီသာက်န္ပါတယ္။

ဒီလိုလုပ္တာဟာတရားဥပေဒစိုးမိုးမႈမရွိလို႔လူေတြထင္ေအာင္လုပ္ရင္ေျခဥအရလံုျခံဳေရးဟာဘယ္သူ႔မွာတာဝန္ရွိသလဲျပည္သူမ်ားစဥ္းစားရပါမယ္။

တစ္ဖြဲ႕ခ်င္းကိုေလ့လာရေအာင္

၁။သူပုန္ကလုပ္တာကိုအေထာက္အထားနဲ႔မိရင္သူတို႔ဟာအၾကမ္းဖက္အဖြဲ႕ျဖစ္သြားမွာျဖစ္သလိုကမ႓ာကပါအၾကမ္းဖက္အဖြဲ႕သတ္မွတ္တာခံရပါမယ္။သူတို႔ရဲ႕လူမ်ိဳးေရးအိမ္မက္ပ်က္ႏိုင္ပါတယ္။ဘာေၾကာင့္လုပ္လုပ္မိရင္ဒုကၡမ်ားပါမယ္။အက်ိဳးအျမတ္ရဖို႔နည္းပါတယ္။

၂။ တပ္နဲ႔တပ္ႏြယ္ကလုပ္လား။ဦးကိုနီအမႈမွာတပ္ထြက္အဖြဲ႕ကမ်ိဳးခ်စ္စိတ္လြန္ကဲၿပီးလုပ္တယ္လို႔ဆိုပါတယ္။ဒါေပမယ့္ဒီလိုလုပ္လို႔NLDနဲ႔ျပည္သူကေၾကာက္မွာမဟုတ္ပါ။အက်ိဳးအျမတ္ရဖို႔နည္းပါတယ္။

ဒါေပမယ့္အားလံုးသတိထားရမွာကတိုင္းျပည္ကိုမၿငိမ္မသက္ျဖစ္ေအာင္လုပ္ရင္လက္ရွိရဲတပ္ဖြဲ႕နဲ႔ဥပေဒအရတာဝန္ရွိတဲ့တပ္နဲ႔သူ႔ရဲ႕စရဖကလံုျခံဳေရးတာဝန္မယူႏိုင္ရင္ဒီမိုအစိုးရကကုလရဲတပ္ဖြဲ႕၊ဒါမွမဟုတ္အာဆီယံရဲတပ္ဖြဲ႕၊အီးယူရဲတပ္ဖြဲ႕ေတြကိုတရားဝင္အစိုးရအဖြဲအေနနဲေခၚၿပီးစံုစမ္းစစ္ေဆးခိုင္းလို႔ရတယ္ဆိုတာပါ။ဒါဟာၿငိမ္းခ်မ္းေရးတပ္မဟုတ္ေပမယ့္ေရရွည္မွာျပစ္မႈက်ဴးလြန္သူေတြအတြက္ဘယ္ဘက္ကလုပ္လုပ္ဒုကၡေရာက္သြားမွာပါ။

ျပည္သူေတြအေနနဲ႔ေတာ့ေျခဥျပင္တာကိုအာ႐ံုစိုက္ပါ။ဒီလိုဗံုးကေတာ့လုပ္ဗံုးပါ။အခ်ိန္တန္ရင္သူ႔လမ္းသူသြားပါလိမ့္မယ္။

Unicode version

ဗုံးခဏခဏတွေ့ခဲ့ရင်

မနေ့မနက်NLD ရုံးနားမှာဗုံးတွေ့တယ်ဆိုတာတက်လာပါတယ်။ဗုံးကလက်ပစ်ဗုံးပါ။သေစေလိုတဲ့ရည်ရွယ်ချက်မဟုတ်ဘဲခြောက်ရုံလာချသွားပုံပါ။ဒီဗုံးကတကယ်သေစေချင်ရင်စနက်တန်ဖြုတ်ပြီးရုံးခန်းထဲကိုပစ်သွင်းရမှာပါ။

ဒါဆိုဘယ်သူလုပ်တာလဲဘာရည်ရွယ်ချက်လဲ။ပထမဆုံးဘယ်သူကအဲ့ဒီဗုံးမျိုးကိုကိုင်နိုင်လဲလေ့လာရအောင်။လက်ရှိတပ်နဲ့သူပုန်တွေထံမှာယခုလိုဗုံးမျိုးရှိကြပါတယ်။အခြားလူကတော့တပ်ကထွက်သူနဲ့ဖြိုးကိုကိုတင့်ဆန်းလိုတပ်နွယ်သူထံမှာရှိနိုင်ပါတယ်။ဦးကိုနီလုပ်ကြံမှုမှာသေနတ်ကဘယ်ကရလဲဆိုတာအသေအချာမသိခဲ့ပါ။နယ်စပ်ဆိုပြီးလုံးချသွားခဲ့ပါတယ်။

ယခုစစစ်လို့ဘယ်လိုအမျိုးအစား၊ဘာနံပတ်၊ဘယ်သူ့ဟာဆိုတာသိနိုင်ပါမယ်။မေးစရာရှိတာကအဲ့ဒါကိုတရားဝင်ကြေငြာမလားဆိုတာပါ။ကြေငြာရင်ရောလူတွေကယုံပါ့မလားဆိုတာပါ။နောက်မေးစရာရှိတာကဘာရည်ရွယ်ချက်လဲ? သူပုန်ကလုပ်တာလား? လုပ်တာကိုမိရင်ငြိမ်းချမ်းရေးပျက်ပြီးကမ႓ာကျော်အကြမ်းဖက်အဖွဲ့ဖြစ်သွားမှာပါ။ဖြစ်နိုင်ချေရှိပေမယ့်နည်းပါတယ်။နောက်ဝီဝီ့ကိုအားကျတဲ့လက်နက်ကိုင်အဖွဲ့လဲယခုလိုလုပ်နိုင်ပါတယ်။ဒါပေမယ့်တကယ်စနက်တံဖြုတ်လုပ်သွားတာမဟုတ်လို့ဖြစ်နိုင်ချေနည်းပါတယ်။

တပ်ကဖြစ်နိုင်လား။သူ့ရဲ့အဘတွေကလွှတ်တော်မှာအန္တရာယ်များမယ်လို့ခြိမ်းခြောက်ထားတာရှိပါတယ်။ဒါပေမယ့်ဒီလိုလုပ်ရအောင်တော့မမိုက်ဖူးလို့ထင်ပါတယ်။

ဒါဆိုကျန်တာကတပ်ထွက်၊မဘသနဲ့အဘတခရိုနီနဲ့အစွန်းရောက်အမျိုးသားဝါဒီသာကျန်ပါတယ်။

ဒီလိုလုပ်တာဟာတရားဥပဒေစိုးမိုးမှုမရှိလို့လူတွေထင်အောင်လုပ်ရင်ခြေဥအရလုံခြုံရေးဟာဘယ်သူ့မှာတာဝန်ရှိသလဲပြည်သူများစဉ်းစားရပါမယ်။

တစ်ဖွဲ့ချင်းကိုလေ့လာရအောင်

၁။သူပုန်ကလုပ်တာကိုအထောက်အထားနဲ့မိရင်သူတို့ဟာအကြမ်းဖက်အဖွဲ့ဖြစ်သွားမှာဖြစ်သလိုကမ႓ာကပါအကြမ်းဖက်အဖွဲ့သတ်မှတ်တာခံရပါမယ်။သူတို့ရဲ့လူမျိုးရေးအိမ်မက်ပျက်နိုင်ပါတယ်။ဘာကြောင့်လုပ်လုပ်မိရင်ဒုက္ခများပါမယ်။အကျိုးအမြတ်ရဖို့နည်းပါတယ်။

၂။ တပ်နဲ့တပ်နွယ်ကလုပ်လား။ဦးကိုနီအမှုမှာတပ်ထွက်အဖွဲ့ကမျိုးချစ်စိတ်လွန်ကဲပြီးလုပ်တယ်လို့ဆိုပါတယ်။ဒါပေမယ့်ဒီလိုလုပ်လို့NLDနဲ့ပြည်သူကကြောက်မှာမဟုတ်ပါ။အကျိုးအမြတ်ရဖို့နည်းပါတယ်။

ဒါပေမယ့်အားလုံးသတိထားရမှာကတိုင်းပြည်ကိုမငြိမ်မသက်ဖြစ်အောင်လုပ်ရင်လက်ရှိရဲတပ်ဖွဲ့နဲ့ဥပဒေအရတာဝန်ရှိတဲ့တပ်နဲ့သူ့ရဲ့စရဖကလုံခြံုရေးတာဝန်မယူနိုင်ရင်ဒီမိုအစိုးရကကုလရဲတပ်ဖွဲ့၊ဒါမှမဟုတ်အာဆီယံရဲတပ်ဖွဲ့၊အီးယူရဲတပ်ဖွဲ့တွေကိုတရားဝင်အစိုးရအဖွဲအနေနဲခေါ်ပြီးစုံစမ်းစစ်ဆေးခိုင်းလို့ရတယ်ဆိုတာပါ။ဒါဟာငြိမ်းချမ်းရေးတပ်မဟုတ်ပေမယ့်ရေရှည်မှာပြစ်မှုကျူးလွန်သူတွေအတွက်ဘယ်ဘက်ကလုပ်လုပ်ဒုက္ခရောက်သွားမှာပါ။

ပြည်သူတွေအနေနဲ့တော့ခြေဥပြင်တာကိုအာရုံစိုက်ပါ။ဒီလိုဗုံးကတော့လုပ်ဗုံးပါ။အချိန်တန်ရင်သူ့လမ်းသူသွားပါလိမ့်မယ်။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page