top of page
Search

ဗဟိုဘဏ်ဒုဥက္ကဌမှပြောသော တော်လှန်ရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 8, 2022
  • 1 min read

မနေ့က ဘီဘီစီက တော်လှန်ရေးသမား PDF ဆိုသူနဲ့ ဒုဥက္ကဌကိစ္စအင်တာဗျူးပါတယ်။ သူကအသံတုကိုသုံးသွားပါတယ်။ အင်တာဗျူးမှာ အဆိုပါ တော်လှန်ရေးသမားဆိုသူက ဘယ်အဖွဲ့ကလဲ မိမိတို့မသိကြောင်း စာသုံးကြိမ်ထုတ်သတိပေးပြီးမှ ပစ်သင့်ကြောင်း ပစ်ရာမှာလဲ အိမ်ကမိသားစုကို မထိအောင်ပစ်သင့်ကြောင်း သူ့တော်လှန်ရေးဒဿနကို ပြောသွားခဲ့ပါတယ်။

သူက တကယ် PDF လား ဂျင်းPDF လားတော့ စာရေးသူမသိပါ။ စာရေးသူပြောလိုတာက အဆိုပါလူလို PDF တကယ်များနေရင် တော်လှန်ရေးကြာသွားပါ့မယ်လို့ ပြောပါရစေ။ ဥပမာ ခင်ခင်ကြီးကို စာထုတ်တာနဲ့ ခင်ခင်ကြီးက အပြင်မထွက်တော့ပါ။ ဒါကြောင့်သူ့ကိုလုပ်ဖို့ ခက်သွားပါတယ်။ လုပ်ရတဲ့လူလဲ အန္တရာယ် ပိုများသွားပါတယ်။ရပ်ကွက်ထွေအုပ်လို မြို့နယ်ပညာရေးမှူးလိုလူက သတိပေးခံရရင် ပြေးစရာမရှိပေမယ့် ခင်ခင်ကြီးလိုအဆင့်၊ ဒုဥက္ကဌလိုအဆင့်မှာ ပြောင်းရရွှေ့ရလွယ်ပါတယ်။ နောက်စစ်တိုက်တာတောင် အလစ်အငိုက်တိုက်တာပါ။ အမေရိကန်တောင် သူဝင်မဖမ်းခင် ဘင်လာဒင်ကို စာသုံးကြိမ်ထုတ်ပြီးမှ ဖမ်းခဲ့တာ မဟုတ်ပါ။ သူ့သားကိုတောင် ပစ်သတ်ခဲ့ပါတယ်။ ပစ်ရာမှာလဲ ခေါင်းကို ပစ်ခဲ့တာပါ။ မသေနိုင်တဲ့နေရာကို မပစ်ခဲ့ပါ။

အကျဉ်းချုပ်ရရင် တော်လှန်ရေးကို တော်လှန်ရေးလိုလုပ်ပါ။ မအလက လေးနှစ်ကလေးတောင် ဝင်ဖမ်းနေချိန်မှာမိမိအဖွဲ့က ဂျနီဗာအတိုင်းတော်လှန်ရေးလုပ်နေရင် ကြာသွားပါမယ်။ လုပ်စရာရှိတာကိုလုပ်ပါ။ မလုပ်ရဲရင်လဲ လုံးဝမလုပ်ပါနဲ့။ ဂျနီဗာနဲ့ တော်လှန်ရေးလုပ်ရင်တော့ နောက်ဘဝအထိ ဆက်တော်လှန်ရပါလိမ့်မယ်။ ဒါပါဘဲ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

1 Comment


Nay Nann myint
Nay Nann myint
Apr 08, 2022

not to expect afterlife revolution .

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page