top of page
Search

ဗန်းမော်ဆရာတော်ဘုရားကြီး ပြည်သူ့ဘက်က ရပ်လို့ပြည်သူ့အောင်ပွဲနီးလာပြီ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 21, 2021
  • 1 min read

ဘယ်တော့ ဒီမိုကရေစီရမလဲဆိုရင် ပြည်သူတွေက ဘယ်လောက်ပြင်းပြင်းပြပြ လိုချင်လဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ ယခုပြည်သူတွေက လမ်းပေါ်အသေခံပြီး စထွက်လာနေပါပြီ။ ပစ်ရင်ဘယ်လောက် ဆက်ထွက်မလဲအပေါ်မှာ မူတည်ပါတယ်။ မအလဟာ NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို အဖမ်းပြပြီး ဒီမိုကရေစီကို ဖြိုခွင်းဖို့ ကြိုးစားခဲ့ပါတယ်။

ဒါဟာ အစပိုင်းမှာ အမတ်အချို့က လမ်းပေါ်မထွက်နဲ့ဆိုလို့ လူငယ်တွေကို တွေဝေစေခဲ့ပါတယ်။ ဒါပေမယ့် ဘထိန်က ဦးဆောင်မှုပေးခဲ့ပြီး ကိုမင်းကိုနိုင်က ခေါင်းဆောင်မှုပြလိုက်သလို ကိုမျိုးရန်နောင်သိမ်းရဲ့ တိုက်တွန်းမှု၊ ရုပ်ရှင်သရုပ်ဆောင်များကြောင့် ပြည်သူက ဆန္ဒထွက်ပြလာခဲ့သလို တပ်က မတွက်ထားခဲ့တဲ့ Gen Z က လမ်းပေါ်ထွက်လာခဲ့ပါတယ်။ CRPH က တရားဝင်မှုကို ပေးနေပါတယ်။CDM ဟာ မအလကို အကြီးအကျယ်စိန်ခေါ်နေပါတယ်။ ဘာလို့လဲဆိုတော့ ငွေကြေးစီးဆင်းမှုရပ်သွားပြီး ကုန်သွယ်ရေးပါ ထိခိုက်လာနေလို့ပါ။ တရုတ်နဲ့ ထိုင်းကိုသွားတဲ့ မြန်မာပြည်ထဲက ကုန်သွယ်ရေးလမ်းကြောင်းကိုသာ ပြည်သူနဲ့ တိုင်းရင်းသားလက်နက်ကိုင်ပေါင်းပြီး ပိတ်နိုင်ခဲ့ရင် အိမ်နီးချင်းနိုင်ငံတွေကပါ အော်လာမှာပါ။ စင်ကာပူလဲ သူ့စီးပွါးရေးထိရင် အော်လာမှာပါ။

ယခုအချိန်အထိတော့ ဘုန်းကြီးတွေ အလုံးအရင်းနဲ့ မပါလာသေးပါ။

ထူးခြားတာက ဒီအခေါက်မှာ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဌ ဗန်းမော်ဆရာတော်ကြီးက မအလကို စာမျိုးစုံရေးပြီး တောင်းဆိုနေတာပါ။ မအလဟာ ဘုန်းကြီးစကားလဲ နားမထောင်တာ တွေ့ရပါတယ်။ အခြားဆရာတော်တွေရေးတာတော့ မတွေ့ရသေးပါ။ ဗန်းမော်ဆရာတော်ဘုရားကြီးက ပြည်သူ့ဘက်က ရပ်တည်နေတာကို ပေါ်တင်ပြလာတာပါ။

ယခုအချိန်မှာ ပြည်သူအားလုံးက ခေါင်းဆောင်အနေနဲ့ လုပ်နေတာက အကောင်းဆုံးပါ။ ဒါ့ကြောင့် စရဖထောက်လှမ်းရေးဟာ ခေါင်းဆောင်ကို ရှာမရပါ။ GSC လဲ မလိုအပ်ပါ။

မြဝတီမှာ ဒီနေ့လုပ်တဲ့ပုံစံက အရေးတော်ပုံ နိုင်မယ့်နည်းလမ်းပါ။ တပ်နဲ့ရဲဟာ ဆန္ဒပြသူကို ပစ်မယ်ဆိုရင် လွယ်ပါတယ်။ ဒါပေမယ့် KNU လုပ်သလို မင်းတို့ဖယ်ဆိုရင် တပ်အနေနဲ့ ခုခံလို့မလွယ်ပါ။ ဘာလို့လဲဆိုတော့ သူတို့က ပြည်သူကို လမ်းပိတ်ထားပြီး မန္တလေးလိုပစ်ရင် KNU က ပြန်ပစ်ဖို့ လွယ်ပါတယ်။တပ်နဲ့ရဲသေမှာပါ။ အမေရိကန်ကမလာသေးလို့ မကြောက်ပေမယ့် လက်နက်ရှိတဲ့ KNU ကိုတော့ကြောက်ပါတယ်။ ဒါ့ကြောင့် ဒီဖော်မြူလာဟာ အလုပ်ဖြစ်ပါတယ်။ ယခုအချိန်မှာ လက်နက်ကိုင်တွေအနေနဲ့ နယ်မြေချဲ့ထွင်နိုင်အောင်ကြိုးစားပါ။ ဥပမာ ပြည်သူက မြဝတီရဲစခန်းတွေ ဝင်စီးနိုင်ရင် မြဝတီဟာ ကျသွားမှာပါ။ တပ်ဝင်လာလဲ ပြည်သူက ဝိုင်းမှာပါ။ နောက်ဘားအံအထိ တက်လုပ်နိုင်ရင် ပြည်သူကလက်နက်ရလာနိုင်ပါတယ်။ ဒီနေရာမှာ ဗျူဟာအရ လက်နက်မရှိတဲ့ မြို့ကြီးတွေကတော့ အကြမ်းမဖက်ဘဲ လှုပ်ရှားရအုံးမှာပါ။ တပ်ရဲ့သဘောအရက လက်နက်မရှိသူကိုသာ ဖြဲခြောက်ရဲတာဖြစ်ပြီး ရခိုင်မှာလို အသေအပျောက်များလာရင် အတွင်းမှာ ပြဿနာပေါ်လာတတ်ပါတယ်။ အများစုက ရာထူးတက်မလားဆိုပြီး ဖားလုပ်နေတာပါ။

KIA လဲ စစချင်းအငိုက်မိလို့ ဘာမှ မလုပ်နိုင်ခဲ့ရင်တောင် မိမိလူမျိုးတွေကို မြစ်ကြီးနားအထိ ဘယ်လိုအကာအကွယ်ပေးနိုင်မလဲ စဉ်းစားပေးပါ။

ယခု ပြည်သူကလုပ်နေတာဟာ မအလကို တကယ်ထိပါတယ်။ သူမျှော်လင့်ထားတာက ပြည်သူတွေမောရင် ရပ်သွားမယ်။ ခေါင်းဆောင်ထွက်လာရင်ဖမ်းမယ်။ အဲ့ဒီအချိန်မှာ အင်အားသုံးကိုင်မယ်ဆိုတဲ့ဗျူဟာပါ။ ပြည်သူက ဇွဲနဲ့တိုက်နိုင်ရင် အောင်မှာပါ။ အရေးတော်ပုံ အောင်ရမည်။


News Credit: Khit Thit media and Myanmar Harp

 
 
 

Recent Posts

See All
စဉ်းစား

သင့်မှာ ပုံမှန်ဦးနှောက်ရှိရင် လေကြောင်းရန်ဟာ ကာကွယ်ဖို့ မလွယ်ကူဘူးဆိုတာ သိမှာပါ။ ယူကရိန်းမြို့ ဗုံးကြဲခံရတာဟာ ငှက်ကင်မရှိလို့ ...

 
 
 

1 Comment


Nyi Htet Aung
Nyi Htet Aung
Feb 21, 2021

ခုချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေ ပြောချင်တာက ကိုယ့်ရဲ့ နိုင်ငံရေး သိက္ခာ ကို ပိုမိုမြှင့်တင်ကြဖို့ အခွင့်အလမ်း ကောင်း

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page