top of page
Search
  • Writer's pictureMyat Tun Oo

ဖွတ်၊ ရဲမင်းဦး၊ ဒီလှိုင်းနဲ့ သတင်းသမားများရဲ့ ဆက်နွယ်မှု


NLD ရဲ့ တက်သစ်စ လူကြိုက်များနေတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်လောင်း ဦးရဲမင်းဦးဟာ ဦးတေဇထံမှာ အလုပ်လုပ်ခဲ့တာက လူတိုင်းသိပြီးသားကိစ္စပါ။ သူ့ကို မီဒီယာအများစု (Myanmar Now ကလွဲ၍) ကလဲ အင်မတန် အရည်အချင်းပြည့်စုံသူလို့ တင်စားဖော်ပြလေ့ရှိပါတယ်။ အကုန်သိနဲ့ ဧရာဝတီကအဆိုးဆုံးပါ။ ဒါဆို လူတွေမသိသေးတာက ဘာများလဲ? မီဒီယာတွေပြောတာက အမှန်လား? သတင်းအပြည့်အစုံကို အောက်မှာ သွားဖတ်ပါ။



ဦးရဲမင်းဦးဟာ ပညာအရည်အချင်းအရ သာမန်ဘွဲ့ရထားပါတယ်။ Oxford တို့၊ Cambridge တို့၊ Harvard တို့ကနေ ဘွဲ့ရထားသူမဟုတ်ပါ။ NLD က ဝန်ကြီးချုပ်အများစုလို ဒေါက်တာဘွဲ့မဟုတ်ပါ။ သူကမြန်မာပြည်က ၁၀ တန်းမှာ ဆေးကျောင်းရော၊ အင်ဂျင်နီယာရော အမှတ်မမှီခဲ့လို့ပါ။ MPA တက်ရာမှာလဲ စာတမ်းမတင်လို့ ဘွဲ့မရခဲ့ပါ။ သူဟာ ဦးတေဇကုမ္ပဏီမှာ လုပ်ခဲ့ပါတယ်။ ဦးတေဇဟာ မြန်မာပြည်ရဲ့ သယံဇာတတွေကို ပြည်သူ့မျက်နှာမကြည့်ဘဲ စစ်အစိုးရနဲ့ ပေါင်းစားခဲ့လို့ ပြည်သူအများက မုန်းသူပါ။ သူဟာ ယခုကိုဗစ်အချိန်မှာတောင် ဦးဇော်ဇော်တို့၊ KBZ တို့လို ပြည်သူတွေကို ဝင်မလှူတာကိုလဲထူးဆန်းစွာတွေ့ရပါတယ်။ ဒါဆို တေဇလိုလူထံမှာ သာမန်နိုင်ငံရေးခံယူချက်ရှိသူဆို အလုပ်လုပ်မလားမေးစရာရှိလာပါတယ်။ ဥပမာ ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုဂျင်မီတို့က ပိုက်ဆံမရှိရင် တေဇထံ အလုပ်လုပ်မလား မေးစရာရှိပါတယ်။ သူတို့ရဲ့ စံ Values တွေ၊ ခံယူချက် belief တွေ၊ principles တွေအရ ခရိုနီအောက်မှာ လုပ်မှာမဟုတ်ပါ။ ဒါက နိုင်ငံရေးသမားနဲ့ အခွင့်အရေးသမား ကွာတာပါ။



ဒါဆို ဦးရဲမင်းဦးက ပညာအရာမှာ သာမန်ဘွဲ့ကလွဲရင် ဘွဲ့ကြီးကြီးတွေမရတာဟာ သူက ထောင်ကျနေလို့လား? သူက ၁၉၈၈ ထဲက ဘာမှ ကြီးကြီးမားမား နိုင်ငံရေးမလုပ်ခဲ့လို့ ဘာမှထောင်မကျခဲ့ပါ။ နာဂစ်ဖြစ်ချိန်မှာလဲ စစ်အစိုးရကလုပ်တဲ့ ရိုက်စားပြန်လည်ထူထောင်ရေးတွေကို တေဇကုမ္ပဏီရဲ့ အခြားအခွင့်အရေးတွေရဖို့ လိုက်လုပ်ပေးခဲ့သူပါ။ သူနဲ့ ယခင်ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်(ဗိုလ်ချုပ်သိန်းအောင်)တို့ ဆက်ဆံရေးက ဦးရဲမင်းဦးနဲ့ မီဒီယာတွေရဲ့ ဆက်ဆံရေးကို ကောင်းစေဖို့ ဖြစ်လာခဲ့ပါတယ်။


ဒါဆိုသူက စီးပွါးရေးမှာရော အောင်မြင်လား? သူက တေဇခိုင်းလို့ ADG ဘဏ်ကို စလုပ်ပေးခဲ့ပါတယ်။ယခုအခါမှာအဆိုပါဘဏ်က အောင်မြင်နေပြီလား? သူလုပ်တဲ့ စီးပွါးရေးတွေက အောင်မြင်ပြီး ကြွေးကင်းလား? ချမ်းသာခဲ့ရင်တောင် စည်းကမ်းတကျ ချမ်းသားလာတာလား? အဘတို့နဲ့ပေါင်းပြီး ဂွင်ရချမ်းသာလာတာလားဆိုတာ ရှိပါတယ်။ လောလောဆယ်မှာတော့ သူဟာ တေဇထံက အလုပ်ထွက်အပြီးမှာတောင် ဘာဂွင်မဆိုလုပ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဖွတ်ပြောခွင့်ရ နန္ဒာလှမြင့်နဲ့ ပေါင်းလုပ်ခဲ့တာကိုတွေ့ရပါတယ်။


ယခုမီဒီယာကိစ္စကို ပြန်ဆက်ပါ့မယ်။ ဦးရဲမင်းဦးနဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်သိန်းအောင်ဟာ သားအဖလို ဆက်ဆံရေး ရှိခဲ့ပါတယ်။ လုပ်ငန်းသဘောထက် ပိုခဲ့ပါတယ်။ ဒါ့ကြောင့် သူဝန်ကြီးချုပ်ဖြစ်ချိန်မှာ ပိုက်ဆံထုတ်ပေးပြီး ရဲမင်းဦးကို ဧရာဝတီနယူးဂျာနယ်ရဲ့ CEO လုပ်ခိုင်းပြီးထုတ်စေခဲ့ပါတယ်။ ထိုဂျာနယ်မှာ ဇော်ဇော်အောင်က အယ်ဒီတာအနေနဲ့ ရဲမင်းဦးနဲ့ အတူလုပ်ခဲ့တာပါ။ဇော်ဇော်အောင်ဟာ ရဲမင်းဦးထံမှာ မလုပ်ခင်က အကုန်သိက အယ်တီတာချုပ် ကျော်မျိုးမင်းနဲ့ ပြည်မြန်မာဂျာနယ်မှာ အတူလုပ်ခဲ့ကြတာပါ။ ပြည်မြန်မာဂျာနယ်ဟာ ဖွတ်ပိုင်တဲ့ ဂျာနယ်ပါ။ ဇော်ဇော်အောင်နဲ့ ရဲမင်းဦးက ဒဂုံတက္ကသိုလ်မှာကထဲက သူငယ်ချင်းဖြစ်ခဲ့ပုံပါ။


ဇော်ဇော်အောင်ကတဆင့် ကျော်မျိုးမင်းနဲ့ ရဲမင်းဦးဟာ ရင်းနှီးနေခဲ့တာပါ။ နောက်ပြီးအကုန်သိကိုငွေရင်းမပြီး တည်ထောင်ပေးခဲ့တာက CB ဘဏ်ဥက္ကဌ ဦးခင်မောင်အေးပါ။ ဦးခင်မောင်အေးနဲ့ ဦးရဲမင်းဦးတို့က ဘဏ်ကိစ္စမှာ သိကြသလို ကြားခင်အဘကနေလဲ သိကြပါတယ်။ ဒါ့ကြောင့်မိုလို့ အကုန်သိအင်တာဗျူးမှာ ဘာ့ကြောင့်ဒီရာထူးနဲ့ ထိုက်တန်လဲ မမေးတော့ပါဘူးတို့၊ Myanmar Now ကရေးထားတာကိုလဲ အကုန်သိက ရဲမင်းဦးဘက်က လိုက်ရှင်းပေးနေခဲ့တာပါ။ ပုံမှန်မှာ သတင်းထောက်တွေဟာ ဂျာနယ်တစ်ခုက ဖွပြီးရင် သူတို့ကလဲ လိုက်ပြီးစုံစမ်းထောက်လှမ်းကြပါတယ်။ ဒီနေရာမှာတော့ ဂျာနယ်အများစုက သူ့နောက်ကြောင်းကို မလိုက်တာ တွေ့ရပါတယ်။


ဒါဆို ဦးရဲမင်းဦးရဲ့ နောက်ကြောင်းရှင်းလား? ဂျာနယ်အများစုဟာ သူ့ညီအရင်းရဲ့နောက်ကြောင်း သူ့ယောက်ဖနဲ့ တပ်မတော်တို့ရဲ့ ထဲထဲဝင်ဝင် ပတ်သက်ဆက်နွယ်နေမှုတွေကို မလိုက်တာတွေ့ရပါတယ်။တပ်က အကောင့်တုများကလဲ သူ့အကြောင်းကို NLD က ဘယ်သူ့ကိုမဆို အပုတ်ချပေမယ့် သူ့ကိုတော့ လက်ရှောင်နေတာ တွေ့ရပါတယ်။


ဦးရဲမင်းဦးဟာ NLD ရဲ့ ဒီလှိုင်းဂျာနယ်မှာလဲ CEO လုပ်ခဲ့ပါတယ်။ သူကအတွေ့အကြုံရှိလာလို့ပါ။အဆိုပါအတွေ့အကြုံအရ အဆိုပါဂျာနယ်မှာ NLD က လူများ CEC များနဲ့ သမ္မတကြီးကို ပုံမှန်ပုတ်ခတ်ပြောဆိုလေ့ရှိသူ သက္ကမိုးညိုကို ပုံမှန်ဆောင်းပါးရေးစေခဲ့ပါတယ်။ သက္ကမိုးညိုကတော့ သူ့ကိုအဓိက ထောက်ခံနေသူပါ။ နောက်ပိုင်း သက္ကမိုးညိုဟာ သမ္မတမကောင်းကြောင်းအထိပါ ရေးလာခဲ့သူပါ။


သူ့ရဲ့ နေပြည်တော်မှာ ဒုမြို့တော်ဝန်လုပ်ခဲ့ရတဲ့ သက်တမ်းဟာ သိပ်အရှည်ကြီး မဟုတ်သေးပါ။ ဒါပေမယ့် နေပြည်တော်က မြေတင်ဒါကိစ္စတွေ စစစ က စစ်နေတာဟာ ဘယ်သူ့ကို အဓိက စစ်သလဲဆိုတာမီဒီယာကြီးက မဖွဘဲ ငြိမ်နေတာဟာလဲ အင်မတန် စိတ်ဝင်စားစရာ ကောင်းပါတယ်။


အကျဉ်းချုပ်ရရင် သူနဲ့ ဖွတ်တွေရဲ့ ပတ်သက်မှုဟာ စီးပွါးရေးထက် ပိုနေတာတွေ့ရပါတယ်။ သူ့ကိုထောက်ပံ့တဲ့ ပံ့ပိုးတဲ့ မီဒီယာတွေနဲ့ စနစ်တကျရှိပြီး ထောက်ခံသူအုပ်စုကိုလဲ စနစ်တကျ ဖွဲ့ထားနိုင်တာတွေ့ရပါတယ်။


ဒါကတော့ စာရေးသူသိတဲ့အထဲက အချို့ပါ။ တပ်နဲ့ ဆက်နွယ်တာ၊ သူ့ညီရဲ့ နောက်ကြောင်းတွေကိုတော့ ဒီမှာမရေးတော့ပါ။ NLD က CEC များကာသိချင်ရင်တော့ သီးသန့်ဆက်သွယ်ပါလို့ ပြောပါရစေ။ အာဏာဆိုတာဟာ NLD ကနေ သေနတ်နဲ့ သိမ်းမှ မဟုတ်ပါဘူး။ ဒီလောက်ဘဲ ပြောပါရစေ။

17,158 views3 comments
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page