ဖွတ်များရင်ထဲမှာ
- Myat Tun Oo
- Dec 12, 2019
- 1 min read

ICJ မှာ ဘာဖြစ်ဖြစ် ယခုအချိန်မှာတော့ ရေးထားတာတွေဖတ်ရတာက ဖွတ်များရင်ထဲမှာ မီးတောင်ကြီးတွေ ပေါက်ကွဲနေတယ်ဆိုတာပါဘဲ။
ICJ က ဘာအမိန့်ချချ အများစုသော ပြည်သူတွေက အပြစ်မရှိလို့ ဘာမှမဖြစ်ပါဘူး။
လူမျိုးတုန်းသတ်တာနဲ့ စစ်ရာဇဝတ်မှုဆိုတာ ကွာပါတယ်။
တိုင်းပြည်မှာ စစ်ရာဇဝတ်မှုကျူးလွန်သူ လူ့အခွင့်အရေးဖောက်ဖျက်သူတွေကို အရေးယူနေပါတယ်။ အရေးယူမှာပါ။
နောက် ထိုအချိန်မှာ ပြစ်မှုကျူးလွန်တဲ့ အရပ်သားတွေနဲ့ သူတို့ကို ဦးဆောင်တဲ့ ပါတီ (သို့) အဖွဲ့တွေဟာလဲ စစ်ရာဇဝတ်မှုနဲ့ ပါဝင်လာပါမယ်။
ပြည်တွင်းက ဥပဒေနဲ့ အရေးယူတာကို စောင့်ကြည့်မှာဖြစ်ပြီး မရရင် ပြည်ပကဥပဒေလာပါမယ်။
ဗုဒ္ဓဘာသာအရကြည့်ရင်တော့ ကံ ကံ၏အကျိုးလို့သာ ပြောပါရစေ။ ကောင်းတာလုပ်ရင် ကောင်းကျိုးပေးမှာပါ။ မကောင်းတာလုပ်ခဲ့ရင်တော့ ICJ နဲ့ မဆိုင်ပေမယ့် ICC က ကြိုဆိုပါ၏ ဖြစ်သွားမှာပါ။
သူတော်ကောင်းတွေက အပြုံးမပျက်ပါ။
Photo credit: Peacock
Comments