top of page
Search

ဖွတ်ငပိန်းများသိစေရန်

Writer's picture: Myat Tun OoMyat Tun Oo

ဖွတ်ငပိန်းများသိစေရန်

ငပိန်းအချို့ဟာ မြောက်ကိုရီးယားက ဘယ်လို အမေရိကန်ကို အာခံတာ၊ ရုရှားကဘယ်လို၊ တရုတ်ကဘယ်လိုနဲ့ မစားရဝခမန်းပြောလေ့ရှိပါတယ်။ သူတို့ပေးတဲ့ ဥပမာနိုင်ငံတွေကို လေ့လာကြည့်ရအောင်။

မြောက်ကိုရီးယားက အမေရိကန်ကို အာခံနိုင်တာ မှန်ပါတယ်။ ဒါပေမယ့် သူ့ပြည်သူတွေသန်းပေါင်းများစွာ ငတ်နေပါပြီ။ ဒါဟာ သူ့ရဲ့ မိုက်ရူးရဲမှုကြောင့် သူ့တိုင်းသူပြည်သားတွေက ပေးဆပ်နေရနာပါ။အဘတို့အနေနဲ့က ဖက်တီးလေးကို အားကျနိုင်ပေမယ့် သူ့တိုင်းပြည်ကတော့ ငတ်ပြတ်နေပါပြီ။ ဒီလိုဖက်တီးလေးကို အားကျခဲ့ရင်တောင် ဖက်တီးလေးရဲ့အောက်မှာ စစ်တပ်ရှိပြီး ဖက်တီးလေးကကွန်မြူနစ်စနစ်ပါ။

နောက်ရုရှားဟာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲအပြီးမှာ အရှက်ရခဲ့ပါတယ်။ ချီချင်ညာမှာတောင် စစ်ကိုနိုင်အောင် မတတ်နိုင်ခဲ့ပါ။ အမေရိကန်ကို ရေတိုမှာ အလျော့ပေးခဲ့ရပါတယ်။ ယခုမှ အမေရိကန်နဲ့ထိပ်တိုက်စတွေ့တာပါ။ ဒါတောင် သူ့အကျိုးစီးပွါးကိုအကြီးအကျယ်ထိခိုက်မှသာ ဝင်တာပါ။ ဆီးရီးယားမှာတောင် အချို့ကိစ္စတွေမှာ အမေရိကန်ကို ထိပ်တိုက်မတွေ့ပါ။

ဒီနေရာမှာ ရုရှားဟာ စက်မှုထွန်းကားခဲ့ပြီး သူ့မှာနည်းပညာ အထိုက်အလျောက်ရှိပါတယ်။ သူ့မှာတီထွင်မှုတွေရှိပါတယ်။ သူက ဆိုဗီယက်ပြည်ထောင်စုအချိန်မှာတောင် ကွန်မြူနစ်အစိုးရအောက်မှာစစ်တပ်ကနေတာပါ။ စစ်တပ်ကို ဥပဒေအထက်မှာ ပေးမရမ်းကားခိုင်းထားပါ။

တတိယမြောက် ငပိန်းတွေ အားကျတာက တရုတ်ပါ။ တရုတ်က အမေရိကန်ကို ဘယ်လိုအာခံတယ်ဘာညာပေါ့။ တရုတ်မှာ ကွန်မြူနစ်က ပြည်မမှာစစ်နိုင်တော့ ထိုင်ဝမ်အထိ လိုက်တိုက်ဖို့ကြိုးစားပေမယ့် ရေတပ်အင်အားမရှိလို့နဲ့ အမေရိကန်က ဖြတ်တိုက်မယ်ပြောလို့ ထိုင်ဝမ်ဝင်မသိမ်းနိုင်ခဲ့တာ ယခုအထိပါ။ နောက်အမေရိကန်သမ္မတ နစ်ဆင်လက်ထက်မှာ ဆိုဗီယက်နဲ့ရန်ဖြစ်ရာက အမေရိကန်ရင်ခွင်ထဲဝင်လိုက်လို့ ကုန်သွယ်ရေး အခွင့်ထူးရပြီး တိုးတက်လာတာပါ။ သူက အမေရိကန်ကို ကုလမှာထိပ်တိုက်သိပ်မတွေ့ခဲ့ပါ။ ယူဂိုဆလပ်မှာ သူ့သံရုံးကို အမေရိကန်က ဒုံးနဲ့ပစ်တာတောင် သီးခံခဲ့ရပါတယ်။ ယခုတောင်တရုတ်ပင်လယ်မှာ ရေပိုင်နက်အငြင်းပွါးရာ ကျွန်းတွေမှာ အခြားသင်္ဘောတွေကိုရန်ထောင်ပေမယ့် အမေရိကန်သင်္ဘောတွေက မိုက်ကြေးခွဲဖြတ်ရင်တော့ ကြည့်နေရပါတယ်။ တရုတ်ဟာ လူဦးရေများသလို သမိုင်းအစဉ်အလာနဲ့ ဖွံ့ဖြိုးမှုရှိခဲ့တဲ့တိုင်းပြည်ဖြစ်သလို ယခုအချိန်မှာ ဒုတိယအကြီးဆုံး စီးပွါးရေးပါ။ ဒါတောင်အမေရိကန်ကို အံတုဖို့ အချိန်အများကြီးကြာခဲ့ပါတယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ သမိုင်းကို ပြန်ကြည့်ရင်လဲ သူ့ရဲ့စစ်တပ်ဟာ ကွန်မြူနစ်ပါတီနဲ့ အစိုးရရဲ့ထိန်းချုပ်မှုအောက်မှာသာရှိပြီး သမ္မတအရူးထနေတဲ့ တပ်ချုပ် တရုတ်ပြည်မှာ မရှိပါ။

အားလုံးကို ပြန်ခြုံကြည့်ရင် မြောက်ကိုရီးယားလို၊ ရုရှားလို၊ တရုတ်လို အမေရိကန်ကို အာခံလိုရင်စစ်တပ်ဟာ အစိုးရအောက်မှာရှိဖို့ကသာ အဓိကပါ။ တပ်က အစိုးရအောက်မှာမရှိတဲ့တိုင်းပြည်မှာ ခြေဥကြောင့် တပ်ကို ဥပဒေနဲ့အညီ အရေးယူလို့မရတဲ့တိုင်းပြည်မှာတော့ အမေရိကန်ကိုမပြောနဲ့ မြောက်လေးကောင်ကို တိုက်ဖို့တောင် အတော်ခက်နေပါမယ်။

ငပိန်းများအနေနဲ့ သူတို့ကိုအားကျရင် တပ်ကို အစိုးရအမိန့်နာခံတဲ့ တပ်ဖြစ်အောင် ခြေဥအရင်ပြင်ကြည့်ပါ။ ဟိုလိုတိုက်လိုက်ပါ ဒီလိုအသက်ပေးမယ် လာမပြောပါနဲ့။ သတ္တိရှိရင် တပ်မတော်ကိုထောက်ခံရင် အဘကိုတကယ်အသက်ပေးလိုရင် တပ်ထဲဝင်လာခဲ့ပါ။ ငပိန်းများကို ရခိုင်ကိုပို့ပေးပါ့မယ်။

ဖွတ်ငပိန်းများ စာများများဖတ်ပါ။

1,115 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page