top of page
Search
  • Writer's pictureMyat Tun Oo

ဖွတ်ကပြောသော PDF အင်အား


စာရေးသူက ငါတို့ PDF အင်အားဘယ်လောက်ရှိတယ်ဘာညာပြောရင် မကောင်းပါ။ အချို့က NUG က PDF တွေကိုအကုန်လက်နက်မပေးနိုင်လို့ ဖောင်းထုတာလဲရှိပါတယ်။

အောက်ကဗီဒီယိုထဲမှာ ယခင်ဖွတ်တိုင်းအမတ် ဒီပဲယင်းနယ် ညောင်လှရွာက သိန်းထွန်းဦးက သူ့ရွာနားမှာတင် PDF အင်အား ခုနှစ်ထောင်နီးပါးရှိကြောင်း အထက်က တပ်ကလူတွေက မယုံကြောင်း သူကဘယ်လိုတွက်ပြခဲ့ကြောင်းပြောသွားခဲ့ပြီး သူ့တစ်ရွာလုံးကလဲ PDF ဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။ဒါ့အပြင် သူ့ရွာနဲ့ အနီးအနားမှာလဲ မအလရဲ့ အရပ်ဖက်အုပ်ချုပ်ရေးက ပျက်သွားပြီဖြစ်ကြောင်းပြောသွားခဲ့ပါတယ်။ သူကဒလန်မိုလို့ မအလကို တပ်လွှတ်ဖို့တောင်းထားတာပါ။

ယခုစာရေးသူတို့မှာက ရန်သူကို နှောက်ယှက်နိုင်တဲ့အဆင့် ရန်သူ့အုပ်ချုပ်ရေးကို ဖျက်ထားနိုင်တဲ့အတင့်တော့ ရောက်နေပါပြီ။ နောက်တဆင့်ကတော့ နယ်မြေထိန်းသိမ်းဖို့ ရခိုင်မှာလို မိုင်းဆွဲပြီးရင် ဝိုင်းပစ်နိုင်ဖို့ လက်နက်တွေလိုနေပါသေးတယ်။ NUG မှာလဲ များပြားလှတဲ့ PDF တိုင်းကို လက်နက်ထောက်ပံ့ဖို့က ခက်မှာပါ။ ဒါတောင် ဒီဖွတ်က တစ်ရွာမှာ လက်နက်အကောင်းက ငါးလက်ရှိတယ်လို့ပြောသွားပါသေးတယ်။ ရွာတိုင်း PDF စတွက စစ်သင်တန်းတက်ထားတယ်ဆိုပြီးလဲ ပြောသွားပါသေးတယ်။ ဒါက သူ့စကားပါ။

အကျဉ်းချုပ်ရရင် တော်လှန်ရေးက ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်ကထက် အဆများစွာတိုးတက်လာနေပါပြီ။ စာရေးသူတို့တွေ ဆန္ဒထွက်ပြ၊ လက်နက်ကိုင်ပြန်ချဆိုပြီး ရေးရင်တောင် ပြန်ဆဲနေတဲ့အချိန်ကနေ လူတိုင်း PDF ခေတ်ရောက်လာနေပါပြီ။ လွတ်မြောက်နယ်မြေဟာ စွန့်လွှတ်သူတွေ စွန့်စားသူတွေအတွက်ပါ။ စာရေးသူကတော့ ဒီတော်လှန်ရေးဟာ ပြည်သူတွေညီညွတ်ရင် ဝိုင်းဝန်းပံ့ပိုးရင် ဧကန်မုချနိုင်မှာပါလို့ ပြောပါရစေ။

1,801 views4 comments
bottom of page