top of page
Search

ဖြစ်မိသည့် ပီတိ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 28, 2020
  • 1 min read

မနေ့က မြန်မာ့မီးရထားက ဒုမန်နေဂျာတစ်ယောက်တင်ထားတဲ့ သံလမ်းအသစ်ဗီဒီယိုဖိုင်ကို ကြည့်လိုက်ရပါတယ်။

ရိုက်သူကိုယ်တိုင်လဲ သူ့တစ်သက်မှာ မမြင်ဖူးတာတွေဖြစ်ကြောင်း ပြောသွားပါတယ်။ သူက ရထားလမ်းအသစ်တွေနဲ့ ပြည်သူတွေအတွက် ကြိုပျော်နေပုံပါ။ စာရေးသူလဲ သူ့အပျော်လေးတွေ ကူးစက်ပါတယ်။

အရာရာတိုင်းဟာ သူ့အလိုလို ဖြစ်လာတာတော့မဟုတ်ပါ။ စာရေးသူတို့ ၂၀၁၅ မှာ NLD အစိုးရကို မဲပေးခဲ့လို့ သံလမ်းတချို့ကို စပြင်နိုင်ခဲ့တာပါ။

အချို့က ယခုလို ရထားလမ်း၊ ကားလမ်းပြင်တဲ့ပုံတင်ရင် ယခင်အစိုးရက စီမံချက်စွဲခဲ့လို့ မင်းတို့ဆောက်နိုင်တာ ဘာညာဆိုပြီး ပြောလေ့ရှိပါတယ်။ ယခင်အစိုးရဟာ ၁၉၈၈ ထဲကနေ ၂၀၁၅ အထိဘယ်လိုသံလမ်းမျိုး ဆောက်ခဲ့လဲ အားလုံးသိမှာပါ။ ထို့အတူပါဘဲ ဂြိုလ်တုဟာလဲ လေစီမံချက်မှာသာရှိခဲ့ပြီး အဆိုပါစီမံကိန်းအတွက် ပိုက်ဆံတွေဟာ ဘစိန်လက်ထက် အောက်ခြေမှာ ပျောက်သွားခဲ့ပါတယ်။ ဂြိုလ်တုဟာလဲ NLD အစိုးရလက်ထက်မှသာ တင်နိုင်ခဲ့တာပါ။

ဘာကွာလဲဆိုတော့ ရိုးသားမှု၊ စေတနာ၊ မေတ္တာနဲ့ စီမံခန့်ခွဲမှုပါ။ ရိုးသားမှုမရှိသူများဟာ ခိုးဖို့သာကြည့်ခဲ့ပြီး ပြည်သူအပေါ် စေတနာနည်းခဲ့လို့ ၂၀၁၅ အထိ ဆင်းရဲခဲ့ရတာပါ။ စီမံခန့်ခွဲမှုပါ ညံ့တော့တိုင်းပြည်ဟာ နလံမထူနိုင်ခဲ့ပါ။

ယခုလေးနှစ်ကျော် NLD အစိုးရလက်ထက်မှာ ဘက်စုံပြုပြင်ဖို့ ကြိုးစားနေတာကို ရထားလမ်းဗီဒီယိုက ဥပမာတစ်ခုအနေနဲ့ သက်သေပြနေပါတယ်။ သူ့ကိုယ်စား ပီတိလဲ ဖြစ်မိပါတယ်။

Video credit: Bayint Naung

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jun 28, 2020

ဦးမြတ် ထပ်တူအချိုးကျ အကျိုးမျှ ခံစားရပါသည်။ ပြည်လမ်းပိုင်းသွားရထားတစီးပေါ်မှာ တည်ငြိမ်နေသည့်ရေဗူးလေးကို vd post နဲ့တွဲပြီး ဒါမှ မြန်မာ့မီးရထားဆိုပြီး ဒီနေ့တွေ့လိုက်ရတာ ကြည်နူးမိပါသည်။ပြီးခဲ့သည့်နာရီပိုင်းကပဲ ခေတ်မီစနစ်နဲ့ လက်မှတ်ရောင်းတော့မည်ပို့စ်ကိုကြည့်မိတော့လည်း ပြည်သူတစ်ယောက်အနေနဲ့

ကြို မိပါသည်။ ဒီစနစ်ကြောင့် မကြိုလိုပဲ ငိုမည့်သူများလည်း ရှိနေဦးမလားလို့လည်း အတွေးဝင်မိပါသည်။ ဟိုနေ့ကရေးခဲ့သလို မျက်နှာကြောတင်း အပုပ်မစင်သည့် မျက်နှာတွေလည်း မတွေ့ရတော့နိုင်။ အထက်ဆီးနဲ့ ညစ်ညစ်ညံ စကားလည်း မကြားရတော့မှမို့

ပိုစ့်အောက်က ကွန်မန့်တွေမှာ ဝမ်းသာကြည်နူး ပီတိထူးတွေ ဖြစ်နေကြတာ တွေ့လိုက်ရပါသည်။

#ပြောင်းလဲချိန်တန်ပြီမို့ ##ပြောင်းလဲခဲ့ပါပြီ#။ ခံစားခဲ့ရသူများကတော့ မမေ့နိုင်ပါ။

၁၉၇၈ --၈၃ ၈၄ ဝန်းကျင်လောက်မှာ မန်း-ရန်ကုန် အစုန်စာပို့ရထား(ရထားအခေါ် ၂ အစုန် 2dn) တောင်ငူဘူတာဆိုက်တာနဲ့ တစ်တွဲတည်းသာပါတဲ့ အထက်တန်းတွဲအပေါ် လပခ. ၄နေရာဆိုပြီး ခြေမသန်သောရထားဝန်ထမ်းတဦးတက်လာပြီး အထက်အညာကစီးလာသော အထက်တန်းလက်မှတ်ပါခရီးသည် ၊ အခမဲ့စီးခွင့်လက်မှတ်ရ ဝန်ထမ်းများ၏ သားသမီးငယ်များကိုပါ ဖယ်ရှားပြီးနေရာပေးတဲ့ မီးရထားလက်မှတ်သိမ်း တစ်ဦးရှိခဲ့ဘူးပါသည်။တစ်ခါတလေမှန်ကန်သလို တခါတလေ လပခနဲ့ဘယ်လိုဆက်သွယ်မိသိတော့မသိ။မုတ်ဆိတ်ဖွားကြီးတွေလည်း နေရာရကြပါသည်။ တခါတလေ ကိုမျက်မှေးတို့လည်းစီးနင်းကြပါသည်။အခမဲ့လက်မှတ်ကိုင်စီးတဲ့ မီးရထားဝန်ထမ်း မိသားစု ကတော့ အိမ်သာဘေးမှာ ငုတ်တုတ်ထိုင်ရင်း ရန်ကုန်အရောက် အလင်းပေါက်ခဲ့ရပါသည်။

ထော့ကျိုးနှင်ချတဲ့ အထဲမှာ သူ့ထက် သီလသာတဲ့သူတွေ ဘယ်နှစ်ယောက်တောင်ပါခဲ့လဲမသိ။ သူနဲ့ သူ့ဇနီး ပုဂံဘုရားဖူးသွားဖို့ ရန်ကုန် ပုဂံ အဆန် 25 up တက်စီးတော့ နေရာမရလို့ အထက်တန်းတွဲထိန်းကို ညီလေးချင်း မိုးမွန်အောင်ခေါ်ပြီး နေရာရဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမယ့် ခုံ၃၀လုံး ခရီးသည်အပြည့်မို့။ ပျဥ်းမနားဘူတာရောက်လို့ နေရာလွတ် ယူမယ်ပြင်တုံး ပမနကရောင်းထားတဲ့ ခရီးသည်တွေနဲ့မို့ ပင်မခုံကြီး ၃၀မှာအပြည့်။တွဲထိန်းလည်း မတတ်နိုင်။ (ငြိမ်း)ဆိုတော့ နောက်ပေါက် ဝန်ထမ်းတွေနဲ့က မရင်းနှီး အရင်က ၂အစုန်မှာ မော်ဲခဲ့သမျှ ခု၂၅အဆန်မှာတော့ သင့်လျော်ရာ -----မှာ။ကံ ကံ၏အကျိုးနော်။တဖက်လူရဲ့ သီလကို ငဲ့မကြည့်…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page