top of page
Search

ဖာခံရင်းမေ့သွားသော စက်ကြီး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 5, 2020
  • 1 min read

ree

မနေ့ကသတင်းတက်လာတယ်။ ဂျင်းသတင်း။ သတင်းက ရှာဖွေတာနဲ့ လုပ်ကွက်ကို မကွဲအောင်ရေးပြီး ဖွတယ်။ ဒီမိုများလဲ စိုးရိမ်လို့ရှယ်တာပေါ့။ အချို့ကဆို မလုပ်ပါနဲ့ ဖာခံစားပါ့မယ်ဆိုသူများလဲရှိကြပါတယ်။ ဒါပေမယ့် သူတို့တကယ်တိုင်းပြည်အတွက်စိုးရိမ်ခဲ့ရင် စစ်အစိုးရလက်ထက်က ဘာလို့ဖာခံစားပါ့မယ်လို့ ပိုက်လိုင်းဖြတ်ဖောက်တုန်းက မရေးတာလဲ မေးစရာရှိတယ်။ ထားလိုက်ပါ။ အဓိကကိစ္စဆက်ပြောပါ့မယ်။

Myanmar Now က ဆိပ်ကမ်းညွှန်ချုပ်နဲ့ အကောက်ခွန်ညွှန်ချုပ်က ဦးပိုင်မှာ ဒါရိုက်တာဖြစ်နေတယ်။ဒါက အဂတိမြောက်တဲ့ ရာဇဝတ်မှု။ သူတို့မသိတာလဲမဟုတ်ဘူး။ နောက်ဘာမှ မကြေညာထားဘူး။ ဒါပေမယ့် ထူးခြားတာက ဒီသတင်းကို အခြားသတင်းဌာနတွေက ပြည်သူတွေကိုမေးပြီး ထပ်မဖွဘူး။ငြိမ်နေတယ်။ ရူးချင်ယောင်ဆောင်နေတယ်။ ဒါနဲ့ စာရင်းစစ်တော့ ဆိပ်ကမ်းက စက်ကြီးကလဲ ဖွတ်စက်ကြီးဖြစ်နေတယ်။

ဒါဆိုရင် နိုင်ငံခြားကို ပစ္စည်းတင်ပို့မယ်ဆိုရင် အဘတို့ဒါရိုက်တာလုပ်တဲ့ အကောက်ခွန်ကို အခွန်ဆောင်၊ ပြီးတော့ အဘတို့ရဲ့ ဆိပ်ကမ်းကဖြတ်၊ ပြီးတော့ စစ်စရာရှိလဲ ဖွတ်စက်နဲ့စစ်ဆိုတော့ မြန်မာပြည်က ဘိန်းတွေ၊ ဆေးပြားတွေ ကွန်တိန်နာလိုက် ပြည်ပရောက်တာ မဆန်းပါဘူး။

ဘယ်သတင်းကအရေးကြီးပါသလဲ?

အစိုးရအနေနဲ့လဲ ဒီလိုကိစ္စတွေကို ရာထူးချပြီးစစ်ပါ။ ဖြုတ်လိုက်ပါ။ နောက်ပြီး အစိုးရဌာနတွေကိုလဲပါတီတွေထောင်ထားတဲ့ ကုမ္ပဏီတွေနဲ့ စီးပွါးတွဲမလုပ်ရဆိုတဲ့ ညွှန်ကြားချက်ထုတ်ပါ။ မလုပ်ရင် အဲ့ဒီစက်ကရတဲ့ ပိုက်ဆံတွေနဲ့ ဆန္ဒပြပွဲတွေကို ထောက်ပံ့နေပါလိမ့်မယ်။

ရာထူးတိုးရပ်တာတော့ သူတို့ကရယ်နေမှာပါ။

ဖာလဲခံပါ စက်ကြီးတွေ ညွှန်ချုပ်ကိစ္စလဲ မမေ့ကြပါနဲ့။ ဘယ်ဟာက လက်တွေ့အရေးကြီးလဲ နားလည်အောင် လေ့လာပါ။ အစိုးရကိုလဲပြောပါ့မယ်။ ဒီညွှန်ချုပ်ကိစ္စက တိုင်းပြည်ကို ဦးပိုင်နဲ့ပေါင်းပြီး စီးပွါးရေးပိတ်ဆို့ခံရအောင် လုပ်ထားတဲ့ ထောင်ချောက်ပါ။ ဇော်ဌေးပြောသလို ရှေ့နေချုပ်ကို အကြံတောင်းတာဟာ ငါ့မယုံ ငါ့မယားမေးဆိုသလို ဖြစ်နေပါတယ်။ မိုးကျမဟုတ်တာလုပ်တာကို နောက်မိုးကျကိုမေးခိုင်းသလိုပေါ့။ အချို့ကိစ္စတွေက နောက်ကျမှ ထလုပ်လို့မရပါ။


News Source: Myanmar Now

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page