top of page
Search
  • Writer's pictureMyat Tun Oo

ဖားကန့်မှပြောသော တရားဥပဒေစိုးမိုးမှု


စာရေးသူက ဖားကန့်မြေပြိုကိစ္စအပြီးမှာ “လက်နက်ကိုင်များ၏ စေတနာဆိုပြီး” ဆောင်းပါးရေးပါတယ်။ ဒီနေရာမှာတော့ စာရေးသူကို သူပုန်ထောက်ခံသူရော၊ အဘထောက်ခံသူကပါ တက်ညီလက်ညီဝိုင်းဆဲကြပါတယ်။ သူတို့အချင်းချင်း လိုင်းပေါ်မှာ ဖိုက်ပေမယ့် သူတို့အဖေတွေကိုထိတော့ ညီကြတာတွေ့ရပါတယ်။

ဒီနေရာမှာ အချို့ လူ့အခွင့်အရေးသမားယောင်ယောင်များက အစိုးရက ဥပဒေထုတ်လိုက်ပါလား ဘာလုပ်လိုက်ပါ ညာလုပ်လိုက်ပါ ပြောလေ့ရှိပါတယ်။ သူတို့အုပ်စုကတော့ ဘာဖြစ်ဖြစ် အစိုးရကိုအပြစ်ပြောဖို့သာ သိသူများပါ။

ဖားကန့်မှာဘာလို့ မြေပြိုလဲဆိုတာကို ပြန်လေ့လာဖို့ လိုပါတယ်။ ပထမဆုံးက လုပ်ငန်းခွင် လုံခြုံရေးHealth and Safety ပါ။ ဒါကိုပြောရင် စာရေးသူတို့က အလုပ်လုပ်ရာမှာ အန္တရာယ်ကင်းရှင်းရေးကိုသာအဓိကပြောကြပါတယ်။ အဲ့ဒီလိုပြောရင်တော့ ဖားကန့်မှာ ကုမ္ပဏီတွေက တူးချိန်မှာ သူတို့အလုပ်သမား အများကြီး သေလေ့မရှိပါ။ ပြဿနာက သူတို့စွန့်ပစ်ထားတဲ့ ကျောက်ပုံတွေ၊ မြေတွေကပြိုကြပြီး အရပ်သားတွေ သေကြတာပါ။ ဒါကိုကျောက်ရှာတဲ့ အရပ်သားကို အပစ်တင်တာလဲ တွေ့ရပါတယ်။ သူတို့က ဘယ်မှာမဆို ရှာမှာပါ။ ဒီမြေတွေကိုသာ စနစ်တကျပုံခဲ့ရင် ယခုလိုပြဿနာ မဖြစ်လာပါ။

ဒါမျိုးက အမေရိကန်မှာ Environment, Health and Safety ဆိုပြီး ဥပဒေများစွာနဲ့ ဌာနများစွာကအုပ်ချုပ်ရတာပါ။ အမေရိကန်လို တိုင်းပြည်မှာက ဒီလိုကျောက်ကွက်လုပ်ငန်းခွင်ကို ပြဿနာမတက်အောင် အောက်က ဌာနတွေနဲ့ ထိန်းပါတယ်။


  • Occupational Safety & Health Administration (OSHA)

  • Environmental Protection Agency (EPA)

  • Nuclear Regulatory Commission (NRC)

  • Mining Safety & Health Administration (MSHA)

  • Bureau of Safety and Environmental Enforcement (BSEE)

  • State

    • Safety & Health Council of North Carolina, Massachusetts Nuclear Regulatory Commission, etc.

  • Local

    • Municipal fire departments (building code inspections)

    • Environmental Management Agency (EMA)

သူ့ဥပဒေမှာ ဗဟိုက ဘာလုပ်ရမယ် ပြည်နယ်တွေက ဘာလုပ်ရမယ် ပါပြီးသားပါ။ မြန်မာခြေဥက ဘာမှမရှင်းပါ။ ဗဟိုက ငါးသန်းအထက်ခွင့်ပြုပေမယ့် အောက်မှာက သူလိုလို ကိုယ်လိုလိုပါ။

ဥရောပမှာကတော့ ဥရောပသမဂ္ဂ လုပ်ငန်းခွင်လုံခြုံရေးဥပဒေ (European Union (EU standards) – Health & Safety At Work Act) ရှိပါတယ်။

ဖားကန့်ဆိုရင် မိုင်းတွင်း Mining Safety & Health Administration မိုင်းတွင်း လုံခြုံရေးနဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဌာနက (Environmental Protection Agency) စီမံခန့်ခွဲရပါမယ်။ ယခုဖားကန့်ပြဿနာက သူတို့ကျောက်တွင်းတူးပြီးရင် အမှိုက်/မြေစွန့်ပစ်မှုတွေက စနစ်တကျ မစွန့်ပစ်ဘဲ ပုံထားတာကို လူတွေက ဝင်ရှာလို့ သေတာပါ။


ဒီနေရာမှာ လုပ်ငန်းလုပ်ကိုင်ခွင့်ရသူတွေက သူတို့အလုပ်သမားတွေ သေတာမဟုတ်လို့ သူတို့ကလုပ်ငန်းခွင်အန္တရာယ် ကာကွယ်ရေးဥပဒေနဲ့ မညှိဘူးလို့ ထင်ရပေမယ့် သူတို့ရဲ့ စနစ်တကျ မစွန့်ပစ်မှုကြောင့် ဖြစ်တာပါ။ ဥပမာ ဘိလပ်မြေစက်ရုံတစ်ခုက သူကိုယ်တိုင်က စက်ရုံထဲမှာ ဘာမှလုပ်ငန်းခွင်ပြဿနာ မတက်ပေမယ့် ဘေးပတ်ဝန်းကျင်ကလူတွေကို သူ့ဘေးထွက်ဆိုးကျိုးကထိရင်လဲ ဒါကအပြစ်ရှိပါတယ်။


မြန်မာပြည်ရဲ့ ပြဿနာက အဆိုပါ ကျောက်တူးဖော်တဲ့နေရာတွေကို လုံးဝပိတ်ထားပြီး သူတို့အနေနဲ့လက်ရှိလုပ်ကိုင်ပုံကနေ ပြောင်းလဲမှ ရမှာပါ။ နောက်ပြဿနာက အဆိုပါဒေသမှာ ဘယ်သူက တရားဥပဒေစိုးမိုးမှုကို တာဝန်ယူမလဲဆိုတာပါ။ သူပုန်နယ်မြေမိုလို့ တပ်မတော်က တာဝန်ယူရမှာဖြစ်ပေမယ့်သူ့ဖက်စပ်လုပ်ငန်းပါနေလို့ နှာစေးနေပါတယ်။ နောက်ရဲတပ်ဖွဲ့ပါ။ သူကလဲ အလုပ်မဖြစ်ပါ။ ဒါတွေကိုKIA ကလဲ သူ့ပြည်နယ်မှာမိုလို့ စည်းကမ်းတကျမလုပ်တဲ့ ကုမ္ပဏီတွေကို မိမိလူမျိုးအတွက် မိုင်းထောင်မိုင်းခွဲပြီး မလုပ်နိုင်အောင် နှောက်ယှက်မလားဆိုတော့ သူကလဲ မလုပ်ပါ။ ဒါကြောင့်မိုလို့ ပိတ်ရလဲအခက် ဖွင့်ရလဲအခက်ပါ။


ဖြစ်သင့်တာကတော့ အစိုးရအနေနဲ့ ယခုတူးနေတဲ့ ကုမ္ပဏီအားလုံးကို ရပ်ဆိုင်းသင့်ပါတယ်။ ပြီးရင်မြေထိုးစက်သုံးတာကိုလဲ ရပ်သင့်ပါတယ်။ အဲ့ဒီနယ်ထဲကို အဝင်အထွက်အားလုံးပိတ်ပြီး နိုင်ငံခြားကပညာရှင်တွေနဲ့ ယခုထုတ်ပုံကနေ ထွက်လာတဲ့မြေတွေကို ဘယ်လိုစွန့်ပစ်မလဲ စည်းကမ်းတကျ လုပ်နိုင်တဲ့နည်း မရမချင်း ရပ်ထားသင့်ပါတယ်။ ထုတ်လုပ်မှုပုံစံပြောင်းခိုင်းရပါမယ်။ ဥပမာ စွန့်ပစ်မြေကို မြစ်ကြီးနားကို ပို့ခိုင်းတာမျိုးပေါ့။ သူတို့စားရိတ်ကုန်ပေမယ့်လဲ လုပ်ခိုင်းရပါမယ်။


ဒီမြေပြိုလို့ သေတာက လူလုပ်လို့ပါ။ ယခုလိုမြေတွေပုံနေတာဟာ အန္တရာယ်ရှိမှန်းသိလျက်နဲ့ ကုမ္ပဏီတွေက လုပ်နေတာပါ။ အစိုးရအနေနဲ့ ယခုထက် ထိရောက်စွာ အရေးယူသင့်ပါတယ်လို့ ပြောပါရစေ။ဒီသေတာဟာ စစ်ပွဲထက်များပါတယ်။ မပေါ့ဆပါနဲ့။ DASSK အနားက သက်ဆိုင်ရာဝန်ကြီးများလဲသူမသိအောင် ပြဿနာ အတိမ်အနက်ကို ပြောပြကြပါ။ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ မဆိုင်ပါ။ ဆိုင်တဲ့ဌာနက ထွေအုပ်၊ ရဲ၊ တပ်နဲ့ သယံဇာတာပါ။



681 views1 comment

1 Comment


Myint Soe Oo
Myint Soe Oo
Jul 06, 2020

ဦးမြတ်! ကျွန်တော်တို့ဟာ ပဋိသန္ဓေတည်ကတည်းက လိုချင်တပ်မက်မှု တဏှာ(လောဘ)နှင့် စတင်ခဲ့ကြပါသည်။ ကောင်းတာမှ စားချင် ဝတ်ချင် နေချင်။ ချင် ပေါင်းများစွာဖြင့် ရှင်သန်နေရပါသည်။ရှေး ဘိုးဘေးတို့လည်း လောဘနှင့် ရှင်သန်ခဲ့ကြပါသည်။

သူတို့အခါက အနာမျိုး ၉၆ပါး ၊ ယခုခါမှာတော့ အနာအမျိုးပေါင်းက ၉၆ ပါး မကတော့ပါ။

ဘိုးဘွားလက်ထက်ကာလက ထန်းရည်ကဖြစ်သော ထန်းလျက်၊ မူလသဘာဝအရောင်နဲ့ လဘက်နဲ့ လဘက်ခြောက်၊ သဘာဝအတိုင်းမှည့်သည့် သီးနှံများ၊ ပိုးသတ်ဆေးမပါသော ပဲမျိုးစုံ၊ နွားချေးဖြင့် မွမ်းမံထားသော စပါးကျီထဲက စပါး၊ ပကတိအနီရောင်နဲ့ ငါးခြောက်နဲ့ ပုစွန်ခြောက်၊(အဖွားသည် ဟင်းချို ချိုစေရန် ပုစွန်ခြောက်မှုန့်သာ သုံးပါသည်)

ယခုတော့ ဤ စံ များမှ သွေဖည်လာ၍ FDA အဖွဲ့အစည်းများပေါ်လာရပါသည်။

စားသုံးသူများ စွဲမက်စေရန် နည်းအမျိုးကြံဆောင် တဖက်လူ ဘာဖြစ်ဖြစ် ကိုယ်ကောာင်းစားရေး (တစ်ဖို့ သာကြည့် အခြေခံ) **ဝိသမလောဘ** ကြောင့် ပနာမျိုး ၉၆ပါး ရင်ဆိုင် ခံစားနေရပါသည်။ ဝိသမလောဘအဃြေံသမျှ ကောင်းကျိုး မပေါ့်ပါ။

ဒေဝဒတ်အလောင်းအလျာ ရွဲကုန်သည် ဝိသမလောဘသားမို့ ဘဝနိဂုံး မလှပခဲ့ပါ။ ငယ်စဥ်က သင်ခဲ့ရသည့် တနေ့ ရွှေဥတလုံး ဥ ပေးရှာသော ဘဲငန်းကြီး ဝိသမလောဘသားကြောင့် ? မျက်မှောက်မှာလည်း ဝိသမလောဘရှိသည့် တိုင်းနိုင်ငံများ၏ အနိဌာရုံများကို မြင်တွေ့နေရပါပြီ။

ဝိသမလောဘသည် အဖို့တစ်ဖို့ အတွက်သာ အခြေခံသောကြောင့် ဝန်တိုမှု (မစ္ဆရိယ) က ကပ်ယှဥ်၍ ပါလာပါသည်။

ကုလ မစ္ဆရိယ = ငါ့ဆွေ ငါ့မျိုး ငါ့အသိုက်အဝန်းသာ။

အာဝါသ မစ္ဆရိယ = ခိုလှုံရာ အရိပ်နှင့်ပတ်သက်ပြီး အတိုင်းအတာ အကန့်အသတ် စည်းပိုင်းခြား။


**************************


ဦးမြတ်ဆောင်းပါးမှာ တရား ဥပဒေ လို့သုံးခဲ့ပါသည်။ ဥပဒေ…


Like
bottom of page