top of page
Search

ဖရဲသီးဆိုတာ

Writer's picture: Myat Tun OoMyat Tun Oo

ဖရဲသီးဆိုတာကို အများစုက NUG ကို သတင်းပေးတာ တပ်ထဲမှာ ဗုံးထောင်ဗုံးခွဲ လုပ်ပေးသူလောက်သာလို့ အများစုက ထင်မှာပါ။ ဒါပေမယ့် ဖရဲသီးအကြီးစားတွေ တပ်ထဲမှာရှိပါတယ်။ သူတို့က ဘယ်သူတွေလဲ?

စာရေးသူက မအလက KNU၊ KIA ကို ဘယ်လို လက်နက်ကြီးနဲ့ပစ်မယ်၊ ဗုံးကြဲမယ်ဆိုတဲ့ အစီရင်ခံစာတွေကို တင်ပြထားတယ်လို့ရေးရင် အချို့က မင်းကမသိနိုင်ဘူး၊ အချို့ကလဲ မဖြစ်နိုင်ဘူး မင်းတို့တပ်က ရူးနေလားလို့ ပြောနိုင်ပါတယ်။

သူတို့ပြောတာက မှန်နိုင်ပါတယ်။ သာမန်လူတွေက တပ်ချုပ်ဖြစ်၊ ကြည်း၊ ရေ၊ လေ(ညှိနှိုင်းရေးမှူးဖြစ်တဲ့ အချိန်မျိုးမှာပါ။ ဒါပေမယ့် မအလတပ်ကို လေ့လာကြည့်ပါ။ ရေချုပ်ဗိုလ်ချုပ်ကြီးမိုးအောင်ကရှင်လောင်းဘဝကနေ ရေချုပ်ဖြစ်လာတာပါ။ ရှင်လောင်းဆိုတာ မသေအောင်မွေးပြီး လူကြီးဖြစ်လာတာပါ။ နောက်စိုးထွဋ်ကလဲ နောက်ရှင်လောင်းတစ်ပါးပါ။ သူ့အဖေကြောင့် ယခုနေရာကို ရောက်လာခဲ့တာပါ။ သူတို့နှစ်ယောက်စလုံး စစ်ကိုလောက်လောက်လားလား မတိုက်ဖူးပါ။ နေပြည်တော်တိုင်းမှူးကလဲ ထို့အတူပါဘဲ။ နောက်လက်ရှိ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း(သမ္မတကိုနုတ်ထွက်ခိုင်းသူ- အာဏာသိမ်းရာမှာ အဓိကစီစဉ်သူ)၊ စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ဟာလဲ စစ်ပွဲကြီးကြီး မတိုက်ဖူးဘဲ ယခင်နဝတလက်ထက် လူကြီးတွေရဲ့ ကိုယ်ရေးအရာရှိလုပ်ဖူးလို့အဖားကောင်းလို့ ရာထူးတက်လာတာပါ။ သူတို့က အတွင်းရေးမှူးမလေးတွေပေါ့။ သူတို့ကအတွင်းရေးမှူးမလေးတွေလို လူကြီးအထာသိ အပြုစုကောင်းလို့ ရာထူးတက်လာတာပါ။ ရဲချုပ်ရဲ့အတွေ့အကြုံက ဘင်ခရာတီးဝိုင်း ရုရှားမှာ ပြိုင်ဖူးတာပါ။ ဒါက တပ်ထိပ်ပိုင်းက ဥပမာအချို့ပါ။ တပ်ချုပ်ကြီး မအလကလဲ ကိုးကန့်ကိုသူကတက်သိမ်းသလိုနဲ့ ပဏာယူပြီး တပ်ချုပ်ဖြစ်လာတာပါ။


ဒါဆိုရင်အောက်ခြေမှာကော။ အချို့ဗိုလ်ကြီးတွေ ဗိုလ်မှူးတွေက ကုဋေဖြိုးအောင်တို့လို အာဏာသိမ်းအပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှာ ဂွင်မိလို့ ကြိုက်သူများရှိပါတယ်။ အချို့ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးတွေကလဲ ထို့အတူပါဘဲ။ ဒါကြောင့်သူတို့တွေဟာ အဆင့်ဆင့် မအလကြိုက်တာကိုသာ တင်ပြကြပါတယ်။ ဥပမာစစ်ပွဲတွေဆို နိုင်နေပြီ နယ်မြေစိုးမိုးနိုင်တယ်ပေါ့။ သူတို့အဆင့်ကနေ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးတွေကို လေ့လာရအောင်။ ကရင်ဒေသကို စီမံခန့်ခွဲရတဲ့ ဒုဗိုလ်ချုပ်ကြီအောင်စိုးဟာ ကိုးကန့်စစ်ပွဲမှာ ခံခဲ့ရလို့ ရာထူးချပြီး ဒုဝန်ကြီးနဲ့ အရပ်ဖက်အပို့ခံထားရသူပါ။ သူက ဦးကိုနီအမှုသတ်သူကို မမိအောင်လုပ်ပေးနိုင်လို့ မအလနဲ့ သူ့မိန်းမမပါအောင် ကာကွယ်ပေးနိုင်လို့ သစ္စာခံလို့ရာထူးတိုးပေးတဲ့အနေနဲ့ လက်ရှိရာထူးကို ရခဲ့တာပါ။ ဒါတွေကြောင့်လဲ သူတို့ရဲ့ စစ်ဆင်ရေးတင်ပြချက်တွေဟာ စာရွက်ပေါ်မှာ အတော်ကောင်းနေပြီး လက်တွေ့မကျတာတွေ့ရမှာပါ။


ဒါကဘာကိုပြောသလဲဆိုတော့ အောက်ကနေအထက်အထိ မိမိရာထူးအတွက် အဆင့်ဆင့်လိမ်နေတာကို ပြနေပါတယ်။ အကျိုးဆက်က စစ်ကိုင်းကနေ မကွေး၊ တနင်္သာရီအထိ PDF က ရောက်လာပြီးနောက်ဆို ပဲခူးနဲ့ ဧရာဝတီပါရောက်လာမှာပါ။


ဒီနေ့ AA ကို ပေးလိုက်တဲ့ ရာဇသံကို လေ့လာကြည့်ပါ။ ဇော်မဲလုံးက စစ်မတိုက်တတ်သူပါ။ သူကျွမ်းကျင်တာက စာပေ၊ အက၊ ကဗျာတွေပါ။ သူ့ရာထူးမြဲရေးအတွက် လေလုံးကြီးတွေ ထပြောပါတယ်။ ဒါက AA ကို စော်ကားလိုက်တာပါ။ ဒါဆိုရင် ရခိုင်မှာတိုင်းမှူးကလုပ်နေတာက သူ့သဘောနဲ့သူလုပ်နေတာလားဆိုတော့ သူကလဲ အထက်ကခိုင်းလို့လုပ်တာပါ။ ရခိုင်မှာ ယခင်က DASSK ကိုခံပြီးသိက္ခာချပြီး တိုက်ရတာ လွယ်ပါတယ်။ ယခုတိုက်ပွဲဖြစ်ရင် မအလအနေနဲ့ ယခင်ကလို DASSK အစိုးရကို အပြစ်တင်လို့မရသလို AA အနေနဲ့လဲ အရပ်သားအစိုးရမရှိလို့ ကြားခံဖိအားပေးစရာ လူမရှိတော့ပါ။ AA အ​နေနဲ့လဲ နဂိုထဲက မကွေးတိုင်းထဲက PRA နဲ့ အခြား NUG ဩဇာမခံတဲ့ အဖွဲ့တွေကို သူ့ခံစစ်အတွက် သင်တန်းပေးတာ လက်နက်ထောက်ပံ့တာ လုပ်ထားပြီးသားပါ။ AA ကလဲ သူခိုင်နေပြီလို့ ထင်မှာပါ။ ဒါကြောင့်လဲ ရခိုင်တိုင်းမှူးက လှုပ််မရပါ။ သူမလုပ်ရင်လဲ သူမြုပ်မှာပါ။


အကျဉ်းချုပ်ရရင် စာရေးသူတို့တပ်ထဲမှာတောင် အများစုက တော်လှန်ရေးစကထဲက တပ်ထဲမှာအသေများလာတာ ဒဏ်ရာရသူများလာတာကို လက်ခံထားပြီးသားပါ။ ဒါပေမယ့် အဘထံက အခွင့်ထူးခံရသူများကတော့ တိုက်ပွဲတိုင်းနိုင်ပြီး PDF တွေကို အပြတ်အသတ်ချေမှုန်းနိုင်တယ်လို့သာအစီရင်ခံနေကြတာပါ။ သူတို့က အဲ့ဒီမှာတင်မရပ်သွားဘဲ သူတို့က KNU၊ KIA နဲ့ AA ကို ဘယ်လိုဗျူဟာတွေနဲ့ ချေမှုန်းမယ်ဆိုတာကိုလဲ တင်ပြနေကြတာပါ။ သူတို့ရဲ့အစီရင်ခံစာကိုဖတ်လိုက်ရင် အမေရိကန်က အီရတ်ကိုဝင်သိမ်းသလို စာရွက်ပေါ်မှာ အင်မတန်အဆင်ပြေနေပါတယ်။ သူတို့ကြောင့် စာရေးသူတို့တော်လှန်ရေးက ပိုပြီးအားကောင်းလာတာလို့ ပြောပါရစေ။ အချို့ကိစ္စတွေက မအလကို မလုပ်ဖူးလို့ လျှော့မတွက်ပါနဲ့။ သူက မလုပ်ရဲတာ ဘာမှမရှိပါ။ စာရေးသူတို့အတွက်ကောင်းတာက အဲ့ဒီလိုဖရဲသီးတွေများများရှိမှ တပ်မြန်မြန်ပြုန်းပြီး ရှုံးမှာပါ။

1,293 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page