top of page
Search

ဖရဲသီးက မုန့်ဟင်းခါးချက်သောအခါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 1, 2021
  • 1 min read

မနေ့ကဗုံးကွဲတဲ့သတင်းက တပ်ထဲမှာ အလွန်ကျယ်သွားပါတယ်။ ဘာလို့လဲဆိုတော့ နေပြည်တော်ကစစ်ရုံးထဲ ဗုံးပေါက်တာလောက် အဘမျက်နှာကို ပါးရိုက်ခံရတာ မရှိပါဘူး။ နောက်ဗုံးပေါက်တဲ့အချိန်ဟာ ညနေ လေးခွဲလောက်ပါ။ ဗိုလ်ချုပ်ရုံးဆင်းချိန်ပါ။ ကပ်လွတ်သွားတာပါ။ ဒါ့ကြောင့် လုံခြုံရေးတွေဟာ ပိုကျပ်လာပါတယ်။ အချင်းချင်း မယုံကြတော့ပါ။ များများပေါက်ရင် မအလပြာပါပြီ။

စစ်ရုံးထဲဟာ အတွင်းလူပါမှ ဝင်လို့ရတာပါ။ ဗုံးကအဆင့်မြင့်ပါတယ်။ အင်အားအတော်အသင့်ရှိပါတယ်။

ဒီသတင်းမတိုင်ခင် အခြားနေပြည်တော်စစ်တိုင်းထဲလဲ ပေါက်တာကြားပါတယ်။

လက်ရှိတပ်မတော်သား ညီနောင်များလဲ နယ်စပ်ကို မထွက်ပြေးလိုရင် သတင်းပေးပါ။ မုန့်ဟင်းခါးချက်ရာမှာ ဝိုင်းကူညီပါ။ အပွင့်ကြီးလေ ကောင်းလေပါ။ သံယောဇဉ်မထားပါနဲ့။ ထမင်းကျွေးထားတာက ပြည်သူပါ။

ယခုတိုက်ပွဲမှာ သေတဲ့စာရင်းက အင်တာနက်ရတဲ့နေရာကသာ ရှိပါသေးတယ်။ စစ်ကိုင်းမှာအကြီးအကျယ်ဖြစ်နေပါတယ်။ သေနေပါတယ်။ မအလကို မကွေး၊ပဲခူးက ပိုတိုက်နိုင်ရင်ပြာပါပြီ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Oct 01, 2021

ဦးမြတ်!!​ရေခဲ့ဖူး​သော​ဆောင်းပါးတပုဒ်မှာ ငါး ကြီးကြီး​တွေ ​ကြော်ရ​အောင် ဆို​သောအ​ရေးအသား သတိရမိပါသည်။

ခုအညာမှာ​တောင် ငါး မုန့်ဟင်းခါး လူကြိုက်များလာပါသည်။ငါးကြီးကြီးပါ​လေ ဆိမ့်​လေ။သည်​နေ့ပဲ လက်ဖက်ရည်နဲ့ နာနတ်သီး တွဲမြည်းလိုက်တာ ငါး မကြီးတကြီး မုန့်ဟင်းအတွက် အရံသင့်ြဖစ်သွားပါသည်။

ဖရဲသီး​တွေမှာလည်း အစာအိမ်ပါပါသည်။ ပြည်သူ့ကြားမှာ စစ်ဆင်​ရေး ဆင်သူ​တွေ အူစို​နေတာလည်း သိကြမှာ​ပေါ့။(အသက်နဲ့​တော့ ရင်းရတာ​ပေါ့)

ခုလို ကုန်​စျေး​​တွေ တက်လာ​တော့

မင်းမှာလည်း က​လေး​တွေနဲ့

ငါ့မှာလည်း အ​ကြွေး​တွေနဲ့။

ငါ့ ဝမ်း ပူ ဆာ မ​နေသာကြ​​တော့တဲ့အခါ!!

သားသမီး​တွေ မလှပကြ​တော့တဲ့အခါ!!

ခံစားချက်များ ​ပေါက်ကွဲထွက်ကြပါပြီ။

မိဘဆိုသည်မှာ သားသမီးမျက်နှာ စမ်း​ရေပမာ။ သူ့သားသမီး​တွေကျ​တော့

အဖူးအညွန့်စား!!!

ငါ့ သားသမီး​တွေမှာ​တော့ ငတ်လို့ပါလား

အမြင်ရလာသည်နှင့် ဆာ​နေတာ​​တွေ ​ပြေ​အောင် မုန့်ချက်ဖို့ ငါးဖမ်းထွက်ကြပါစို့။

​နောက် သည်ထက် ပို ဆာလာရင်

ငါး ကြီးကြီး​တွေ ပို မိ​အောင် ဖမ်းကြပါလိမ့်မည် ဟူ၍သာ။ ။


လျှပ်က ပြတ်တလှည့်

ဝိုင်ဖိုင် ငတ်တလှည့်မို့

လိုတိုရှင်းနဲ့ပဲ ​ကြေနပ်ပါရန်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page