Myat Tun Oo
ဖယ်ဒရယ်နှင့် တိုင်းရင်းသားအရေးနီးပြီလား?

အားလုံးသိတဲ့အတိုင်း ရန်မျိုးသိမ်းဟာ NLD တက်လာကထဲက ဝေဖန်ခဲ့တာပါ။ သူက သူပြောတာမလုပ်ရင် NLD ကို ပြည်သူကဘာလုပ်မယ် ညာလုပ်မယ်နဲ့ ဝေဖန်ခဲ့ပေမယ့် NLD ဟာ ၂၀၂၀ မှာ ကောင်းကင်းပြိုအောင် နိုင်သွားခဲ့ပါတယ်။ သူ့ရဲ့ အမြင်ဟာ ပြည်သူ့အမြင်နဲ့ အင်မတန်ကွာတာ တွေ့ခဲ့ရပါတယ်။ သူက နိုင်ငံရေးဝေဖန်သုံးသပ်သူပါ။
၂၀၂၀ မှာ NLD ဟာ ပြည်မရော တောင်တန်းမှာပါ မဲအများစု နိုင်ခဲ့တာပါ။ ယခုလို နိုင်ခဲ့တာဟာတိုင်းရင်းသား လက်နက်ကိုင်က သူ့ပါတီကို မဲဆွဲပေး၊ ပြည်မမှာ မိမိရဲ့ သာဝတပ်က အတိုက်အခံကို မဲဆွယ်ပေးတဲ့ကြားထဲက နိုင်ခဲ့တာပါ။ ဒါ့ကြောင့် တိုင်းရင်းသားတွေက NLD ကို ချစ်လွန်းလို့အကြောက်တရား နှစ်ခုကြားက မဲပေးလိုက်တာပါ။
ယခုနှစ်မှာ NLD က အခြားရွေးကောက်ခံ တိုင်းရင်းသားပါတီတွေနဲ့လဲ တွေ့မယ်ဆိုပြီး သူတို့အသံကိုနားထောင်ဖို့ ဗျူဟာပြောင်းလာတာ တွေ့ရပါတယ်။ ဒါဟာ ယေဘုယျကြည့်ရင် ကောင်းပါတယ်။ ဒါပေမယ့် စာရေးသူအနေနဲ့ တိုင်းရင်းသားပါတီအချို့ရဲ့ လေသံကို နားထောင်ကြည့်ရာမှာ ပူးပေါင်းမှုဟာဝေးနေအုံးမယ်ဆိုတာ သိလိုက်ရပါတယ်။
ပထမက ကချင်မှာပါ။ ကချင်မှာ NLD က အပြတ်နိုင်ပါတယ်။ ကချင်မှာ နေထိုင်တဲ့ ကချင်တိုင်းရင်းသား သုံးပါတီက တစ်ပါတီကို တစ်နေရာနိုင်ပါတယ်။ ဒါပေမယ့် သူတို့တောင်းဆိုတာက သူတို့ကို ဝန်ကြီးချုပ် (သို့) လွှတ်တော်ဥက္ကဌပေးဖို့ပါ။ NLD က သူတို့ကို ပေးချင်တယ်ဆိုရင်တောင် သူတို့သုံးပါတီထဲက ဘယ်ပါတီကို ပေးမလဲဆိုတာ ရှိပါတယ်။ နောက်သူတို့ကို သူတို့တိုင်းရင်းသားအချင်းချင်း မကြိုက်လို့တောင် တစ်နေရာသာ ရခဲ့တာပါ။ ပါတီထောင်ပြီး တစ်နေရာရတိုင်းသာဝန်ကြီးချုပ်ဖြစ်ရင် အများစုနိုင်ထားတဲ့ NLD အမတ်တွေက ပြည်သူကို အလေးမထားရာ ရောက်သွားမှာပါ။ ဒါ့ကြောင့် NLD ကသာ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌနဲ့ သွားရမှာပါ။
ဒီနေရာမှာ ရခိုင်ကလဲ DVB debate မှာ အသံနားထောင်လိုက်ရတာ အဆင်မပြေပါဘူး။ ဒါ့ကြောင့် ရှမ်းလွှတ်တော်အတွက်သာ အစဉ်အလာရှိတဲ့ SNLD နဲ့ အဓိကထား ဆွေးနွေးသင့်ပါတယ်။
တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးရာမှာ လက်ရှိအစိုးရရာထူးထက် အနာဂတ်ခြေဥကိစ္စကို သူတို့နဲ့ အဓိကထား ဆွေးနွေးအဖြေရှာသင့်ပါတယ်။
ဒီနေရာမှာ NLD အနေနဲ့ အဘတို့ကို အတုယူစရာတွေ ရှိပါတယ်။ အဘတို့ဟာ ရခိုင်မှာ ဗမာစစ်ဗိုလ်ကိုဝန်ကြီးချုပ်ခန့်ပေမယ့် ကိုအေးမောင်က ဗမာဆိုတာကို မေ့လိုက်ဖို့ သူ့ပါတီကို ပြောပါတယ်။ ဒါအဘက တော်တာပါ။ အဘက ကိုအေးမောင်နဲ့ အခြားပါတီက ထိပ်ပိုင်းတွေကို ကန်ထရိုက်အပေးအယူ၊ ပါမစ်အပေးအယူလေးတွေနဲ့ ပါးစပ်ပိတ်အောင် လုပ်ကစားသွားတာပါ။ NLD က ဖယ်ဒရယ်စစ်စစ်ပေးရင် သူတို့မကြိုက်ပါ။ သူတို့ကြိုက်တာက ဖယ်ဒရယ်ထက်ကောင်းတဲ့ ပါမစ်နဲ့ ကန်ထရိုက်ဂွင်တွေပါ။ ဒါမျိုးလေးတွေနဲ့ ခေါ်ရင် အဘထံကို အပြေးလေးရောက်လာကြပါတယ်။
အကျဉ်းချုပ်ရရင် လက်ရှိမှာ တိုင်းရင်းသားပါတီတွေနဲ့ ဝေးနေအုံးမှာပါ။ သူတို့အများစုကလဲ အဘနဲ့ ပိုနီးစပ်ပါတယ်။ အချို့က အဘထောက်ပံ့ထားသူများပါ။ သူတို့ကို ပြည်ထောင်စုလွှတ်တော်မှာ ပစ်ခတ်မှုတွေဖြစ်ရင် စုံစမ်းရေးအဖွဲ့ဖွဲ့ပြီး ခေါင်းဆောင်အဖြစ်နေရာပေးတာက NLD အတွက် ပိုအလုပ်ဖြစ်မှာပါ။ ဥပမာ ရခိုင်မှာ ပစ်ခတ်မှုဖြစ်ရင် ရှမ်းနဲ့ မွန်ကိုစုံစမ်းခိုင်းတာက ပိုပြီး အဖြေမှန်ရစေသလို NLD အတွက်လဲ နိုင်ငံရေးအရ အဆင်ပြေပါတယ်။ ကျန်တာကတော့ ခြေဥပြင်ပြီးမှသာ လွယ်မှာပါလို့ ပြောပါရစေ။ နောက် မွန်လို အချိန်ကုန် လူပင်ပန်း မဖြစ်ရအောင် Zoom/Skype/Viber/ WhatApps/ Facebook messenger group meeting လုပ်ပြီး တိုင်းရင်းသားတွေနဲ့ ဆွေးနွေးရင်လဲ အဆင်ပြေနိုင်မယ်လို့အကြံပေးပါရစေ။