top of page
Search

ဖယ်ဒရယ်တိုင်းပြည်တည်ဆောက်ဖို့ ဘယ်ပါတီကို မဲပေးရမလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 18, 2020
  • 2 min read

NLD ကို မနိုင်စေချင်သူများက တိုင်းရင်းသားများကို စေတနာရှိရောင်နဲ့ ပြောလေ့ရှိတဲ့ သီအိုရီများကို တစ်ခုခြင်းရှင်းပြပါ့မယ်။ ဒါတွေကို မရှင်းခင်မှာ စာရေးသူရဲ့ ခံယူချက်ကို ပြောပြပါ့မယ်။ စာရေးသူ တိုင်းရင်းသားလား ဘာလားဆိုတာတော့ မပြောပါဘူး။

ပထမဆုံးပြောချင်တာက မြန်မာပြည်ရဲ့ ပြဿနာဟာ အမေရိကန်လို ဖယ်ဒရယ်စစ်စစ်နဲ့ သွားမှသာ ပြေလည်မှာပါ။ ဒီအတွက်က ၂၀၀၈ ခြေဥကို ပြင်ရမှာဖြစ်ပြီး ဒါကိုပြင်ဖို့ မြေပြန့်ရော တောင်ပေါ်ရော NLD ကိုသာမဲပေးမှသာ ၂၀၀၈ ခြေဥကို တွန်းလှန်နိုင်မယ်လို့ စာရေးသူက ခံယူပါတယ်။ ဒါက စာရေးသူရဲ့ ခံယူချက်ပါ။


ယခုစပြီး အဘတ ပညာရှင်များနဲ့ အစွန်းရောက်လူမျိုးရေးသမားများရဲ့ သီအိုရီတွေကို ရှင်းပါ့မယ်။

ပထမသီအိုရီက ၂၀၀၈ ခြေဥအောက်မှာ NLD အစိုးရက ဘာမှမလုပ်နိုင်ဘူး ဒါကြောင့် ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေနိုင်မှသာ သူတို့ပြည်နယ်အတွက် လုပ်နိုင်မယ်ဆိုတဲ့ သီအိုရီပါ။ ဒီအတွက် ရခိုင်ကို ဥပမာအနေနဲ့ ပြပါ့မယ်။ ရခိုင်မှာ ပုဏ္ဏားကျွန်း ၊ မြောက်ဦး၊ ကျောက်တော် ၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ မောင်းတော၊ ဘူးသီးတောင် တို့မှာ ANP က နိုင်ခဲ့ပါတယ်။ အဲ့ဒီနယ်မြေတွေ တိုးတက်ဖွံ့ဖြိုးသွားခဲ့ပါသလား? ဘာလို့လဲဆိုတော့ ၂၀၀၈ ခြေဥအရ ဗဟိုကသာ ပြည်နယ်ဝန်ကြီးချုပ်ကိုခန့်နိုင်ပြီး အဆိုပါကိုယ်စားလှယ်တွေကလဲ မိမိဝန်ကြီးချုပ်လုပ်ကြံခံရရင်တောင် ပါးစပ်ပိတ်နေခဲ့ပြီး လူမျိုးရေးမုန်းတီးမှုကိုအားပေးခဲ့လို့ပါ။ သူတို့ဟာ တပ်နဲ့ပေါင်းပြီး လူမျိုးရေး လုပ်စားခဲ့ပြီး ယခုတော့ တပ်ကိုပါ ပြန်ကန်နေတာပါ။ အဆိုပါဒေသတွေမှာ ငြိမ်းချမ်းရေးမရ၊ ဖွံ့ဖြိုးမှုလဲမရှိဖြစ်နေတာ အားလုံးသိမှာပါ။ သူတို့ မပုန်ကန်ခင်ကလဲ ၂၀၀၈ ခြေဥအောက်မှာမိုလို့ မတိုးတက်ခဲ့ပါ။ ဒါကြောင့် မတိုးတက်တာဟာ ၂၀၀၈ ခြေဥအောက်မှာ ဘယ်သူကိုယ်စားလှယ်ဖြစ်ဖြစ် အတူတူပါ။

နောက်နေရာက ရှမ်းပြည်နယ်လွှတ်တော်ပါ။ အဲ့ဒီမှာတော့ ဖွတ်တွေဟာ အတော်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဗဟိုအစိုးရဟာ ဘာမှမလုပ်နိုင်သလို တိုက်ပွဲတွေဟာလဲ ဖြစ်နေဆဲပါ။


ဒုတိယသီအိုရီက နိုင်ငံရေးဘောင်မချဲ့ရင် စစ်ဘောင်ကျယ်လာမယ်ဆိုတဲ့ သီအိုရီပါ။ ဒါဟာလဲ ရခိုင်လွှတ်တော်မှာ သူ့လူမျိုးကိုယ်စားလှယ်တွေနိုင်နေလို့ နိုင်ငံရေးဘောင်က အကြီးကြီးပါ။ ဒါပေမယ့် ထင်သလောက် မချဲ့နိုင်တာဟာ NLD ကြောင့်မဟုတ်ဘဲ ၂၀၀၈ ခြေဥကြောင့်ပါ။ ၂၀၀၈ ခြေဥကိုမပြင်ဘဲနဲ့ နိုင်ငံရေးဘောင်ကို ချဲ့မရပါ။


ဒီနေရာမှာ တိုင်းရင်းသားပါတီအချို့က တပ်က ၂၆၁ ပြင်ပေးမယ်ဆိုရင် အိုကေဆိုပြီးထလုပ်ကြတာတွေ့ရပါတယ်။ အများစုဟာ SNLD ကလွဲရင် အဘနဲ့ အပေးအယူရှိသူများပါ။ သူတို့မတောင်းဆိုတာက ၂၆၁ ပြင်၊ တပ်က အနည်းဆုံး တိုင်းနှင့်ပြည်နယ် လွှတ်တော်တွေမှာ ၂၅% ယူထားတာကနေ ထွက်သွားဖို့ မတောင်းဆိုကြတာပါ။


ဦးသိန်စိန်လက်ထက် သမ္မတရုံးဝန်ကြီး ဘအောင်မင်းကဆို တိုင်းရင်းသားတွေလွှတ်တော်ကို အာဏာတက်သိမ်းရမယ်ဆိုပြီး မြှောက်ပေးခဲ့တာပါ။


ဒီနေရာမှာ NLD လုပ်တာကို အားလုံးထောက်ခံပြီးပြောနေတာမဟုတ်ပါ။ NLD မှာလဲ ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ပြင်ရမှာတွေရှိမှာပါ။ အချို့မိတ်ဖက် တိုင်းရင်းသားပါတီအချို့ ဥပမာ SNLD နဲ့ NLD တို့ဟာ ရင်ကြားစေ့ရေးကြောင့် ဝေးသွားခဲ့ရတာ ငြင်းမရပါ။ ယခုပုံစံအတိုင်းဆက်သွားပြီး မိုးကျတွေနဲ့သာ စခန်းသွားရင် သူ့ပါတီထဲက ဒီမိုတွေနဲ့လဲ ဝေးသွားနိုင်ပါတယ်။ ဒါကို နောက်မှရေးပါ့မယ်။


မြန်မာပြည်ရဲ့ ပြဿနာဟာ ၂၀၀၈ ကြောင့် ဖြစ်ပေမယ့် ပြဿနာဖြစ်တိုင်း ပုံဖော်ရာမှာ ကွာသွားတာပါ။ ဥပမာ V အမှုဆိုရင် စာရေးသူတို့က ခြေဥကြောင့် ပြည်ထဲရေးကို တာဝန်ရှိတဲ့ တပ်ချုပ်ကို အပြစ်ပြောပေမယ့် သက္ကဖွတ်ညိုတို့က NLD အစိုးရကို ဦးတည်ပြောပြီး တပ်အကောင့်တုတွေက မြှောက်ပေးခဲ့တာမျိုးပေါ့။ တိုင်းရင်းသားကိစ္စမှာလဲ ဖယ်ဒရယ်မရတာ၊ ငြိမ်းချမ်းရေးမရတာဟာ ၂၀၀၈ ခြေဥကြောင့်ဖြစ်ပေမယ့် ဝေဖန်ရေးသမားများက NLD ကိုသာ ဇောင်းပေးအပြစ်တင်တာမျိုးပါ။


နိဂုံးချုပ်ကတော့ ဖယ်ဒရယ်တကယ်ရလိုရင် ငြိမ်းချမ်းရေးရလိုရင် NLD ပါတီကိုသာ တောင်တန်းရော ပြည်မပါမကျန် မဲပေးကြပါလို့ ပြောပါရစေ။ တိုင်းပြည်ငြိမ်းချမ်းဖို့က ၂၀၀၈ ကို အမြစ်လှန်မှရမှာပါ။ ၂၆၁ ကိုပြင်ရုံလောက်နဲ့က အစွန်းရောက်ပါတီတွေသာ ပါးစပ်ပိတ်မှာဖြစ်ပြီး တိုင်းရင်းသားများ ဒုက္ခပင်လယ်ဝေနေမှာသာ ဖြစ်ပါတယ်လို့ ပြောပါရစေ။


ဖယ်ဒရယ်တိုင်းပြည်တည်ဆောက်ဖို့ NLD ကိုသာ တောင်တန်းရော ပြည်မမှာပါ မဲပေးပါစို့လို့ ပြောပါရစေ။ အကုန်လုံးမှာ NLD နိုင်မှ အဘတို့က သွေးခွဲလို့မရမှန်းသိမှာပါ။ အင်္ဂလိပ်က လွတ်လပ်ရေးပေးခါနီးမှာ သွေးခွဲလို့ ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံစာချုပ် ချုပ်ခဲ့ရသလို ၂၀၀၈ ခြေဥမပြင်လိုတဲ့ အဘတို့ကလဲ လူမျိုးရေးအစွန်းရောက်သမားတွေနဲ့ပေါင်းပြီး တိုင်းရင်းသားတွေနဲ့ NLD ကို သွေးခွဲဖို့ ကြိုးစားနေတာပါ။ တိုင်းရင်းသားတွေက ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာ NLD ကို မဲပေးပြီး ဒုတိယပင်လုံအနေနဲ့ သွေးစည်းမှုကို ပြကြပါလို့ ထပ်ပြောပါရစေ။


 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


Albert Wint
Albert Wint
Oct 18, 2020

မအအောင်ဆိုရင်သမိုင်းဖြစ်ရပ်တပတ်လည်ပြီ

Like

Myint Soe Oo
Myint Soe Oo
Oct 18, 2020

ဦးမြတ်! တလုတ် စားဘူး၊ သူ့ကျေးဇူး။

ကိုင်း ကျွန်း မှီ ၊ ကျွန်း ကိုင်း မှီ

သဟဇာတ ပစ္စယော (အပြန်အလှန် အကျိုးပြု၍ အတူတကွ ပေါင်းစည်းညီညွတ်ခြင်း)

အထက်ဖော်ပြပါ အချက်များအပေါ် အမြင်ရှင်းရှင်းဖြင့် ယုံကြည် သက်ဝင်မှသာ လိုလားသော ဖက်ဒရယ်စနစ် ဖော်ဆောင်နိုင်ပါမည်။


**************************


ငါ့ သဘော ၊ ငါ့ အပြော ၊ ငါ တကော ကောနေသမျှ ဝေးကွာနေပါဦးမည်။ သမီးပေးလို့ သမက်ရတာပါ အယူနဲ့လည်း အမြင်တူအောင် ညှိယူ၍ မရနိုင်ပါ။ ငါကယောက္ခမ ဦးစီးခေါင်အုပ် မာန မဖြတ်သမျှ သမီးရဲ့ အိမ်ထောင်ရေး အဆင်မပြေသေးပါ။ သမက်နှင့် ယောက္ခမ

ဘောက်ကျကြတာ နိယမလိုဖြစ် နေတာ နေရာတကာ **ငါတကော ကော ၊ ငါသာ တတ် ၊ ငါသာ မြတ်**အယူ မင်းမူနေလို့ပါ။

တနည်း ဒီနေ့အသုံးများနေတဲ့

#တဖက်ပိတ်သူ#တွေပါ။ ငါဟူသော အတ္တပိတ်ထားသဖြင့် ပရဟူသော သူတစ်ပါးအခွင့်ရေး မျှော်တွေး မရ။ အခွင့်အရေးရဖို့ သမက်က အရက်သောက်ပြ၊ မိန်းမရိုက်ပြရ၊ ပန်းကန်ခွက်ယောက် ရိုက်ခဲွဲပြ။

မည်သိုငြိမ်းချမ်းပါအံနည်း။တဖက်ပိတ် ဖြစ်နေတာကိုး။


**************************


အဖ နိုင်ငံတော် ! ခု ကြေမွ ၊ အခြေမလှတော့(စစ်ရာဇဝတ်ပို့စ်တွင် ဖော်ပြထား)

တဖက်ကလည်း အမိ နိုင်ငံတော်

အမိ အဖကြား သူ့အမိက တမျိုး၊ ငါ့အဖက တသွယ် ၊ အမိ အဖ

ဘမ်းပြ ၊ ငါက ဝင်ဝင်ပါနေတော့ မငြိမ်းချမ်းနိုင်ပါ။တဖက်ပိတ်ကိုး။

သား သမီးအရေး မတွေးမိနိုင်။

**ပြည်သူသာ အမိ

***ပြည်သူသာ အဖ

သားသမီးအရေး ထည့်တွေးမှ အိမ်ထောင်စု သာယာပါမည်။

ပြန်လည် သင့်မြတ်ရေး…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page