top of page
Search

ဖက်ဆစ်အုပ်ချုပ်မှုအောက်မှာ အမှုထမ်းရင် အပြစ်ရှိလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 8, 2021
  • 1 min read

ဒီနေရာမှာ Gen Lee များ၊ ဘောမများနဲ့ ခွထိုင်များက ငါတို့မှာ အရောင်မရှိဘူး တက်လာတဲ့အစိုးရ ငါတို့အစိုးရ အမှုထမ်းရမယ်ဆိုပြီး ပြောလေ့ရှိပါတယ်။ သူတို့က ဒီမိုနိုင်ငံတွေမှာ ဘယ်ပါတီတက်တက်အမှုထမ်းတာကို ထောက်ပြပြီး သူတို့ဘောမတာကို မှန်ကန်ကြောင်း ပြောလေ့ရှိပါတယ်။ အချို့ကလဲကြောက်လို့ လုပ်ရတာပါဆိုပြီး ပြောလေ့ရှိပါတယ်။


မအလဖက်ဆစ်ဟာ သမ္မတကိုဖမ်း ပြည်သူကိုသတ်ပြီး အာဏာယူထားတာပါ။ သူနဲ့ သူ့ရဲ့ဖက်ဆစ်တပ်လုပ်ပုံကိုင်ပုံဟာ တာလီဘန် (သို့) ISIS နဲ့ တူပါတယ်။ အချို့ကလဲ တာလီဘန်နဲ့ ISIS ထက်ပိုယုတ်မာတယ် ပိုဆိုးတယ်လို့ ပြောကြပါတယ်။


မနေ့က မဘသမီဒီယာက ဘူးလက်နဲ့ အင်တာဗျူးမှာ ဂန့်ဂေါက ဘူးလက်ကိုသတင်းပေးတဲ့ အုပ်ချုပ်ရေးမှူးသေလို့ ဘူးလက်ဆွေ့ဆွေ့ခုန်နေတာ တွေ့လိုက်ရပါတယ်။ အဲ့ဒီဒေသဟာ ရခိုင်က မြောက်ဦးလိုဖြစ်နေပြီဆိုတာလဲ ဒီမိုတွေကပြောတာမဟုတ်ဘဲ ဘူးလက်စကားနဲ့ သိလိုက်ရပါတယ်။


သင်တာလီဘန်အောက်မှာ အမှုထမ်းရင် ISIS အောက်မှာ အမှုထမ်းရင် သင့်ကို အမေရိကန်ကအကြမ်းဖက်သမားလို့ သတ်မှတ်မှာပါ။ သူ့ရဲ့ အုပ်ချုပ်ရေးဝန်ထမ်း တရားရေးဝန်ထမ်း ဘာဖြစ်ဖြစ်အကြမ်းဖက်အဖွဲ့ကို ထောက်ပံ့တာပါ။


သင်ဟာ အကြမ်းဖက်အဖွဲ့အတွက် အလုပ်လုပ်နေရင် သင်ဟာလဲ အကြမ်းဖက်သမားပါ။အကြမ်းဖက်သမားကို ဒီမိုနိုင်ငံတွေမှာလဲ လက်ပိုက်ကြည့်မနေပါ။ အကြမ်းဖက်အဖွဲ့ဝင်တွေဟာ ပြည်သူက ဒဏ်ပေးတာကို ခံရမယ်လို့ ကြိုပြောထားပါရစေ။ မကွေးလေတပ်က ပုန်ကန်တာကို ကြိုဆိုပါတယ်။ ဆရာကြီးတို့က ကတိပေးထားတဲ့အတိုင်း တိုက်လို့လဲ ဝမ်းသာပါတယ်။ အခြားတပ်စခန်းတွေမှာလဲ ပုန်ကန်ပါ။ မပုန်ကန်နိုင်ရင် D Day ကို စောင့်ပါ။ ထိုအချိန်မှာ အားလုံးကို လက်နက်တိုက်ကနေလက်နက်ထုတ်ပေးရမှာပါ။ အဲ့ဒီအချိန်တားတဲ့ လေတပ်စခန်းမှူးကို ရဲဘော်တွေက ပစ်လိုက်ပါ။ ပြည်သူနဲ့ ပေါင်းပါ။ အခွင့်သာရင် လုပ်ပါ။ အခွင့်မသာသေးရင် အချိန်စောင့်ပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Commenti


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page