top of page
Search

ဖက်ဆစ်တပ်သေသူပုံတင်တာ ကောင်းလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 31, 2021
  • 1 min read

ဖက်ဆစ်တပ်ဟာ မအလဂျပု ပင်စင်မယူလိုလို့ သူ့သားသမီး ခိုးမဝသေးလို့ အာဏာသိမ်းတာကိုထောက်ခံပြီး မအလရဲ့အောက်မှာ CDM မလုပ်ဘဲ အမှုထမ်းတာပါ။ သူတို့က မျိုးစုံဆင်ခြေပေးမှာပါ။အချို့က နီးရာဓား ကြောက်တယ်ပေါ့။ အဆိုပါ ကြောက်လို့လုပ်သူမှ ခိုးကောင်းလို့ လုပ်သူများထဲမှာလက်ရှိအာဏာသိမ်း ဖက်ဆစ်မအလအောက် အမှုထမ်းနေသူအားလုံး ပါဝင်ပါတယ်။ ဓမ္မနဲ့ အဓမ္မကြားမှာ ကြားနေဆိုတာ မရှိပါဘူး။ သမ္မတ ဘုရှ် အကြမ်းဖက်သမားတွေကို မတိုက်ခင်ပြောသလို“You are with us or against us” သင်ဟာ ငါတို့ဘက်မှာလား ရန်သူဘက်မှာလားလို့ မေးရမှာပါ။

ကယားပြည်မှာ ရဲများစွာအသတ်ခံလိုက်ရတာက အဆိုပါကြောက်လို့ မအလအောက်မှာ အမှုထမ်းနေရပါတယ် ဆိုသူများကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ ဒါ့ကြောင့်လဲ မအလက သတင်းအမှောင်ချခဲ့တာပါ။ ယခင်က ရခိုင်မှာ ရှမ်းပြည်မှာ ဖက်ဆစ်တပ် အတိုက်ခံရလို့သေရင် ကျန်ရစ်သူမိန်းမတွေငိုတာကို ဗီဒီယိုခိုးရိုက်ပြီး ဖက်ဆစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးက လိုင်းပေါ်တင် စရဖအကောင့်တုတွေကပြည်သူ့ထံက မျက်ရည်ချူလေ့ရှိပါတယ်။ အဆိုပါအချိန်က ဒီမိုအစိုးရလက်ထက်ဆိုတော့ လူတွေကဇဝေဇဝါဖြစ်ခဲ့ပါတယ်။

ယခုဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှာတော့ လူတွေက ဖက်စစ်တပ်က ဘယ်နှစ်ယောက်သေတယ်ဆိုရင် စစ်ခွေး ရဲခွေးသေပြီ ဝမ်းသာလိုက်တာဆိုပြီး နည်းလိုက်တာ များများသေပါစေ စသဖြင့် ပြောလေ့ရှိပါတယ်။ ကချင် ကရင်မှာ သေတာတွေတင်ရင် ထွက်မယ့်တပ်ရင်းတွေက အောက်ခြေတပ်သားတွေသူတို့မိန်းမတွေ အမျိုးရင်းတွေက ဖတ်မိရင် ဖိအားပေးပြီး ထွက်ပြေးခိုင်းလေ့ရှိပါတယ်။ ယခုကရှေ့တန်းထွက်ရင် နေရာတိုင်း သေရမလို ဖြစ်လာနေပါပြီ။ သေမှာကို ကြောက်သလို သူတို့ မအလအာဏာရူးတာအတွက် အသက်မပေးလိုကြပါ။ ဒါ့ကြောင့် မအလက သတင်းကို အမှောင်ချပြီး သေရင်သတင်းကို မတင်တော့ပါ။ သေနှုန်းကလဲ တိုက်ပွဲတိုင်းမှာ မြင့်တက်နေပါတယ်။

ကယားသေချိန်မှာလဲ ဖက်ဆစ်မအလရဲ့ လော်ဘီတွေက မုဆိုးမတွေကိုပြပြီး လော်ဘီလုပ်ဖို့ ယခင်အတိုင်း ကြိုးစားပေမယ့် ပြည်သူတွေက နှစ်ပြားမတန် ဝိုင်းပြောတာကို ခံလိုက်ရပါတယ်။ ရဲတပ်ဖွဲ့တွေနဲ့ စစ်တပ်ရင်းတွေထဲမှာလဲ ငါတို့မအလအာဏာအတွက် နီးရာဓားကြောက်လို့ ဖက်ဆစ်အောက်အမှုထမ်းရင် ဒီလိုသေတတ်တယ်ဆိုတာ Non CDM အဖွဲ့တွေအတွက် သတင်းစကား ရသွားစေပါတယ်။

အကျဉ်းချုပ်ရရင် ဖက်ဆစ်တပ်ကို ဝင်တိုက်တာကိုတော့ စစ်ရေးဗျူဟာအတွက် မတင်သင့်ပေမယ့်သူတို့သေတဲ့ အလောင်းပုံတွေကို တင်ပေးခြင်းဖြင့် မအလဖက်ဆစ်တပ်နဲ့ CDM မလုပ်တဲ့ နီးရာဓားကြောက်တယ်ဆိုတဲ့ ဖက်ဆစ်ဝန်ထမ်းတွေအတွက် ကြောက်စရာတစ်ခုကို တွေးမိလာစေခဲ့ပါတယ်။အချို့ကိစ္စတွေမှာက ခွေးနဲ့တူတဲ့ ဖက်ဆစ်တပ် ရဲနဲ့ ဖက်ဆစ်ဝန်ထမ်းတွေက တရားဟောလို့မရဘဲ ဒုတ်နဲ့ ရိုက်မှသာ ရပါမယ်။ ဖက်ဆစ်ဝန်ထမ်းတွေကို ပြောကြားလိုတာက ကယားမှာသေတဲ့ ဖက်ဆစ်အဖွဲ့ဝင်တွေလို သေလိုရင် ဆက်အမှုထမ်းပါလို့သာပါ။ လူတိုင်းသေမှာဖြစ်ပေမယ့် မိမိသေတာကို ပြည်သူတွေက ဝမ်းသာနေရင်တော့ ဘဝကူးကောင်းမှာ မဟုတ်ပါ။ သင့်အား ငရဲပြည်မှ ကြိုဆိုနေပါတယ်။သတ္တိရှိလို့ သေရဲရင် ဖက်ဆစ်မအလအောက် ဆက်အမှုထမ်းကြပါ။ Best of Luck။ အမှားအမှန်မှာ အသွားအပြန်ဆိုတာ ရှိစမြဲပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comentários


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page