top of page
Search

ဖက်ဆစ်တပ်ထဲမှာ အကျအဆုံးများလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 23, 2021
  • 1 min read

မအလဖက်ဆစ်တပ်ဟာ သူကအတိုက်ခံရလို့ မမိရင် ဆန္ဒပြသူကို ဖမ်းပါတယ်။ မမိရင် NLD အိမ်တွေဝင်၊ လွှတ်တော်အမတ်တွေအိမ်ဝင် အကွက်ဆင်ဖမ်းပါတယ်။ မိသူကို ရိုက်ပြီး နှိပ်စက်ပါတယ်။ ယခင်ခင်ညွန့်လက်ထက်ကထက် ပိုကြမ်းပါတယ်။ ဒါ့ကြောင့် ညဖမ်း မနက်သေပါ။ အကြောင်းက စရဖကိုအထက်ကဖိအားက များပါတယ်။ သူက မမိရင် ဖိအားပေးခံရတာ များလို့ပါ။ မန္တလေးသေသွားတဲ့ စရဖက ဝဋ်လည်တာပါ။

ယခုနောက်ပိုင်း တိုင်းပြည်နေရာအနှံ့မှာ စစ်ပွဲတွေဖြစ်ပါတယ်။ ဖက်ဆစ်တပ်ဟာ သူ့လူသေရင် စာရင်းမထုတ်ပြန်ပါ။ ဒါဆိုဘယ်လောက်သေပြီလဲ? ယခု အာဏာသိမ်းပြီးချိန်ကနေစလို့ တပ်နဲ့ရဲ ပြည်သူအခေါ် စစ်ခွေး ရဲခွေးသေဆုံးသူက ၃၅၀ ကျော်လို့ အစီရင်ခံစာမှာပါပါတယ်။ ဒါက အတွင်း ပဏာမအစီရင်ခံစာပါ။ ယခုလို အသတ်ခံခဲ့ရတာဟာ တူမီးနဲ့ အသေးစားလက်နက်နဲ့သာပါ။ အဆိုပါအစီရင်ခံစာကို အထက်ပို့ချိန်မှာ သေသူဟာ ၁၅၀ သာ ရှိပါတယ်။ အချို့က အခြားရောဂါနဲ့ သေသွားပါတယ်။ အချို့က ဒဏ်ရာရပြီး နောက်ဆေးရုံရောက်မှသေလို့ တိုက်ပွဲသေထဲ မထည့်ပါဘူး။ ဒါက KIA၊TNLA၊ KNU နဲ့ဖြစ်တဲ့ တိုက်ပွဲမှာ သေတာတွေ မပါသေးပါ။ ပျောက်ဆုံးစစ်သည်က ၁၃၀၀ ကျော်စာရင်းပို့ပါတယ်။

ဒါဟာ ပြည်သူ့စစ်ရဲ့ အတိမ်အနက် ထိရောက်မှုကို ပြောပြတာပါ။ စစ်ပွဲဖြစ်ရင် အသေအပျောက်ရှိမှာပါ။ ပြည်သူ့ PDF တွေလဲ တိုက်ပွဲမှာ ကျနိုင်ပါတယ်။ ပြည်သူက ပြန်အစားထိုးနိုင်ပါတယ်။ ပြည်သူသန်း ၅၀ ညီရင် ၅ သိန်းကို အေးဆေး ပြန်ချနိုင်မှာပါ။

PDF လိုတာက RPG လောက် အနည်းဆုံးလိုပါတယ်လို့ ထပ်ပြောပါရစေ။ ပြည်သူတွေ ရိက္ခာစုထားပါ။ခဏခဏပြောပါတယ်။ သူက ဖြတ်လေးဖြတ်လုပ်နိုင်လို့ပါ။ သူက ယုတ်မာပါတယ်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page