top of page
Search

ဖက်ဆစ်တပ်က ဘယ်လိုလူဖမ်းနေလဲ?

Writer: Myat Tun OoMyat Tun Oo

မန္တလေးမှာ ကိုဗစ်အကြောင်းပြလူတွေလမ်းမထွက်ရ ဖက်ဆစ်တပ်က အမိန့်ထုတ်ထားပါတယ်။ ပြီးတော့မှ လူဖမ်းပွဲတွေ ဝင်လုပ်ပါတယ်။ ဒီနေရာမှာ PDF ကို မိတာမဟုတ်ဘဲ လက်ကျန် လမ်းပေါ်ကဆန္ဒပြပွဲတွေကိုသာ မိတာပါ။ ဥပမာ ရန်ကုန်ရထားပေါ်မှာ ရဲတွေအသတ်ခံရတဲ့အမှုမှာ လက်နက်လုသူကို ယခုအထိ မမိသေးပါ။ သူတို့က ဆန္ဒပြသူတွေကိုဖမ်း NLD ပါတီဝင်တွေကိုဖမ်း လက်နက်နဲ့ ဓာတ်ပုံရိုက်ပြီး အင်ထု အထက်ကိုတင်ပြတာပါ။ ဒါ့ကြောင့် မလုပ်သူက အဖမ်းခံရပြီး တကယ်လုပ်သူကလွတ်နေတာပါ။

ယခုမအလတပ်က အဆိုပါလုပ်နည်းဟာ အောင်မြင်တယ်လို့ယူဆပြီး ကိုဗစ်အကြောင်းပြကာ လူတွေကို အသွားအလာကန့်သတ်တာတွေကို ထားဝယ်နဲ့ အခြားသူ့ကိုဆန့်ကျင်တဲ့ မုံရွာနဲ့ အခြားမြို့များကိုပါတိုးချဲ့လုပ်ဖို့ ပြင်နေပါတယ်။ ဒါက တပ်ထဲက CDM နဲ့ ပြေးသူတွေကိုလဲ ဖမ်းရလွယ်အောင်ပါ။

သူ့အဓိက ရည်ရွယ်ချက်က ကိုဗစ်ကို တားဖို့မဟုတ်ဘဲ သူ့ကိုဆန့်ကျင်သူတွေကိုဖမ်းဖို့ ကိုဗစ်ကိုအသုံးချပြီး လူစစ် လူဖမ်းဖို့ပါ။

ယခုလိုရေးပြတာက ဒီမိုတွေအနေနဲ့ ကြိုတင်ပြင်ဆင်လို့ရအောင်ပါ။ ဒါပါဘဲ။

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

コメント


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page