top of page
Search

ဖက်ဆစ်တပ်က ဘယ်လိုလူဖမ်းနေလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 19, 2021
  • 1 min read

မန္တလေးမှာ ကိုဗစ်အကြောင်းပြလူတွေလမ်းမထွက်ရ ဖက်ဆစ်တပ်က အမိန့်ထုတ်ထားပါတယ်။ ပြီးတော့မှ လူဖမ်းပွဲတွေ ဝင်လုပ်ပါတယ်။ ဒီနေရာမှာ PDF ကို မိတာမဟုတ်ဘဲ လက်ကျန် လမ်းပေါ်ကဆန္ဒပြပွဲတွေကိုသာ မိတာပါ။ ဥပမာ ရန်ကုန်ရထားပေါ်မှာ ရဲတွေအသတ်ခံရတဲ့အမှုမှာ လက်နက်လုသူကို ယခုအထိ မမိသေးပါ။ သူတို့က ဆန္ဒပြသူတွေကိုဖမ်း NLD ပါတီဝင်တွေကိုဖမ်း လက်နက်နဲ့ ဓာတ်ပုံရိုက်ပြီး အင်ထု အထက်ကိုတင်ပြတာပါ။ ဒါ့ကြောင့် မလုပ်သူက အဖမ်းခံရပြီး တကယ်လုပ်သူကလွတ်နေတာပါ။

ယခုမအလတပ်က အဆိုပါလုပ်နည်းဟာ အောင်မြင်တယ်လို့ယူဆပြီး ကိုဗစ်အကြောင်းပြကာ လူတွေကို အသွားအလာကန့်သတ်တာတွေကို ထားဝယ်နဲ့ အခြားသူ့ကိုဆန့်ကျင်တဲ့ မုံရွာနဲ့ အခြားမြို့များကိုပါတိုးချဲ့လုပ်ဖို့ ပြင်နေပါတယ်။ ဒါက တပ်ထဲက CDM နဲ့ ပြေးသူတွေကိုလဲ ဖမ်းရလွယ်အောင်ပါ။

သူ့အဓိက ရည်ရွယ်ချက်က ကိုဗစ်ကို တားဖို့မဟုတ်ဘဲ သူ့ကိုဆန့်ကျင်သူတွေကိုဖမ်းဖို့ ကိုဗစ်ကိုအသုံးချပြီး လူစစ် လူဖမ်းဖို့ပါ။

ယခုလိုရေးပြတာက ဒီမိုတွေအနေနဲ့ ကြိုတင်ပြင်ဆင်လို့ရအောင်ပါ။ ဒါပါဘဲ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page