top of page
Search

ဖက်ဆစ်စနစ်အမြစ်ပြတ်အောင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 5, 2021
  • 1 min read

မအလရဲ့ လက်ရှိတပ်က ကျင့်သုံးနေတဲ့ စနစ်ဟာ ဖက်ဆစ် နာဇီစနစ်နဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့စနစ်ကို ပေါင်းထားတာပါ။ သူ့ကိုလာတိုက်ရင် သူ့အာဏာကိုစိန်ခေါ်ရင် လာတိုက်သူတင်မဟုတ်ဘဲ အဆိုပါတိုက်တဲ့နေရာက ရွာတွေကို လက်နက်ကြီးနဲ့ပစ် ရွာမီးရှို့ လူသတ် မုဒိမ်းကျင့် ပစ္စည်းလုတာပါ။ ဒါကို တစ်တိုင်းပြည်လုံးမှာ လုပ်ခဲ့သလို ရန်ကုန်မှာပါ လုပ်ပြခဲ့ပါပြီ။ သူပေးချင်တဲ့သတင်းစကားက ငါ့တပ်ကိုလာတိုက်ရင် ငါ့အာဏာကိုစိန်ခေါ်ရင် မင်းတို့မနေနိုင်အောင် မငြိမ်းချမ်းအောင်လုပ်မယ်။ ဒီလိုအချိုးနဲ့ အနိုင်ကျင့်ခဲ့တာပါ။ ဒါ့ကြောင့် အချို့မအလဘောမများGen Lee များပြောတာက သူ့ကိုသွားမလုပ်နဲ့ သူ့မှာလက်နက်ရှိတယ်ဆိုတဲ့ အထာနဲ့သွားပါတယ်။၁၉၆၂ ထဲက ဒီဖော်မြူလာသုံးလိုက်တာ ၂၀၁၅ မှာ တိုင်းပြည်မွဲသွားခဲ့ပါတယ်။


ဒုတိယကမ္ဘာစစ်မှာ နာဇီဟာ အင်္ဂလိပ် ပြင်သစ်ထံက တောင်းဆိုမှုတွေ လုပ်ခဲ့ပါတယ်။ သူကပထမကမ္ဘာစစ်က စစ်မဲ့ဇုံသတ်မှတ်ထားတဲ့ Riheland ကို သူ့စစ်တပ်ဝင်ချချိန်မှာ ပြင်သစ်နဲ့အင်္ဂလိပ်က အရေးမယူခဲ့ပါ။ သူက နောက်ပိုင်း ချက်နိုင်ငံကိုဝင်သိမ်းခဲ့ပြီး နောက်ပိုင်းမှာ ဒုတိယကမ္ဘစစ်ဖြစ်လာခဲ့ပါတယ်။ ထိုအချိန်က အင်္ဂလိပ်ဝန်ကြီးချုပ် ချိန်ဘာလင်က မြူနစ်သဘောတူညီချက်နဲ့ ဒုတိယကမ္ဘာစစ်ကို ရှောင်နိုင်ပြီလို့ ထင်ခဲ့ပါတယ်။ သူက ဂျာမနီအားနည်းချိန် ဝင်မတိုက်ခဲ့ပါ။ သူ့ရည်ရွယ်ချက်က ကမ္ဘာစစ်ထပ်ဖြစ်ရင် လူတွေသေမယ် သွေးထွက်သံယိုဖြစ်မယ် ဒါ့ကြောင့် တတ်နိုင်သလောက် လိုက်လျောမယ်ဆိုပြီး ကြိုးစားခဲ့တာပါ။ သူ့ပြည်သူကလဲ စသ်မတိုက်လိုလို့ ထောက်ခံခဲ့ပါတယ်။ ဒါပေမယ့် ဖက်ဆစ်တို့ နာဇီတို့ဆိုတာက မိမိအာဏာအတွက်သာကြည့်တဲ့အာဏာရူးတွေပါ။ ချိန်ဘာလင်လဲ စစ်ရှောင်လိုလို့ တတ်နိုင်သမျှ လိုက်လျောခဲ့တာပါ။ နောက်ဆုံးမရချိန်မှာ လူများစွာသေတဲ့ ဒုတိယကမ္ဘာစစ်ဖြစ် ပြင်သစ်နဲ့ အင်္ဂလန်က ဗုံးတွေ အကြဲခံ လူတွေစစ်ပြေးဖြစ်ပြီး နာဇီစနစ်ကို ခံချရပါတော့တယ်။ အဲ့ဒီအချိန်မှာ အင်္ဂလိပ်တွေလဲ ငါတို့အိမ်လာထိမှာစိုးလို့ဆိုပြီး နာဇီဖက်ဆစ်အောက်မှာ လွတ်လပ်ရေး အဆုံးရှုံးခံပြီး မနေသွားပါ။


မအလက သူ့သက်တမ်းတိုးဖို့နဲ့ သမ္မတရာထူးပေးဖို့ရာ တောင်းဆိုတာကလဲ ဟစ်တလာ တောင်းဆိုသလိုပါ။ ယခင်က စိုးထွဋ်ပြောင်းတာနဲ့ အခြားအရာများကို လူပါးဝမှန်းသိပေမယ့် လိုက်လျောပေးခဲ့ပါတယ်။ ဒါက ပြည်သူနာမှာစိုးလို့ပါ။ ယခုကတော့ စာရေးသူတို့အနေနဲ့ ဖက်ဆစ်အုပ်ချုပ်ရေးအောက်မှာ ဘဝသေတာခံမလား ဒုတိယကမ္ဘာစစ်ကလို အသေခံ ပြန်ချမလားဆိုတာ ရွေးရမယ့် အချိန်ပါ။ မိမိအိမ်တွေ ဘဝတွေ အပျက်ခံပြီး ဒုတိယကမ္ဘာစစ်ကလို ဖက်ဆစ်မအလကိုလဲပြန်ခံချရမှာပါ။


ဒီနေရာမှာ DASSK ကို ဝေဖန်သူအချို့ကို ပြောလိုတာက ဘုရားတောင် ဒေတဒတ်ကို တရားမချနိုင်ခဲ့ပါ။ ဒေတဒတ်လဲ နောက်ဆုံးအချိန်အထိ မိုက်သွားခဲ့တာပါ။ ဖက်ဆစ်မအလကလဲ ဒေဝဒတ်လိုပါဘဲ။ မအလဂျပုကို ဘုရားလောင်းထင်နေရင် အဲ့ဒီအဖွဲ့ဟာ တိရိစ္ဆာန်များနဲ့ ဖွဲ့ထားတဲ့အဖွဲ့ဆိုတာ သေချာသွားပါပြီ။ ဒေဝဒတ်နဲ့တူတဲ့ ဖက်ဆစ် မအလကို အားလုံးခံချကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jun 06, 2021

ဦးမြတ်!!! အသက် သတ်မယ်၊ ခိုး ဆိုး လုမယ်၊

လိင်ကိစ္စ အာသဆန္ဒ အလိုမတူလည်း ဖြေမယ်၊

လိမ်မယ် ညာမယ် ၊ မူးယစ်ဆေး သုံးမယ်။

ထောက်ပြစရာ ကောင်းကွက်က မြူတစ်မှုန် စာမျှပင် မရှိတော့။

ငြိမ်းချမ်းလိုသော လူ့အဖွဲ့အစည်းနှင့် မည်သို့မျှ သဟဇာတ မဖြစ်တော့။ ပြောတော့ အမျိုး ဘာသာ သာသနာ ပါးစပ်ဖျားက မချ။

ပဌာန်းများတော့ ရွတ်လိုက်ကြတာ။ အရွတ်ပဲ ရှိပါသည်။ အရွတ် ပဲ စားနေကြတော့ အသားဆိုတဲ့ အနှစ်သာရ မသိနိုင်တော့ပါ။

သမ္ပယုတ္တ (အတူယှဥ်တွဲ ကျေးဇူးပြုမှု) မဖြစ်နိုင်တော့ ၊ ဝိပ္ပယုတ္တ ( အတူယှဥ်တွဲ မရှိမှုခြင်းအားဖြင့်သာ)ဖြစ်ရပါတော့မည်။

ရဲဘော် သံချေးတက်တစ်ယောက်ရဲ့ အသံ

**လူမျိုးခြား ကျွန် ၊ ခံချင်နေကြတော့ ၊ စစ်ကျွန်လို့ အမည်တပ်နေကြတယ်**။

အတိတ်ကာလက လူမျိုးခြား ကျွန် ဘဝ မှာ

လူမမယ် မိန်းကလေးငယ်များရဲ့ ဘဝ လုံခြုံရပါသေးသည်။ ခုခါ ကာမအားတိုးဆေးနှင့်အတူ

သက်ငယ်မုဒိမ်းများပေါ်ပေါက်လာမှုကတော့

အနာဂတ် လူမှုဝန်းကျင်အတွက် ဒုက္ခ ပင်လယ်ဝေမည့် နိမိတ်လက္ခဏာများ နိဒါန်းပျိုးလာမှုမို့ လက်ခံနိုင်စရာမရှိပါ။

အမြစ်ပြတ်အောင် ဆောင်ရွက်ရန်သာ ရှိပါတော့သည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page