top of page
Search

ပြဿနာကြီးစေသော ခြေဥ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 13, 2019
  • 1 min read

ပြဿနာကြီးစေသော ခြေဥ

ကမ္ဘာပေါ်မှာ လူအချင်းချင်းသတ်တာတွေက နေ့တိုင်းလိုဖြစ်နေသလို လူအုပ်အချင်းချင်း ဘာသာမတူသူများ ပဋိပက္ခဟာလဲ နေ့တိုင်း လတိုင်းဖြစ်လေ့ရှိပါတယ်။ အဲ့ဒီနေရာတွေမှာ သေတာက မြန်မာပြည်ထက်အဆပေါင်းများစွာရှိပါတယ်။

ဥပမာအနေနဲ့ ပြီးခဲ့တဲ့အပတ်က ဆော်ဒီစစ်တပ်ကနေ အမေရိကန်ကို လေယဉ်မောင်းသင်ဖို့ လွှတ်လိုက်တဲ့ ဆော်ဒီသင်တန်းသားစစ်ဗိုလ်က အမေရိကန်တွေကို ပစ်သတ်ပါတယ်။ ဒါကို သူ့ဘုရင်က ဝမ်းနည်းကြောင်း ဖုန်းဆက်ပြောပါတယ်။ နောက်ဆော်ဒီက သူ့နိုင်ငံသား သတင်းစာဆရာကို လူမဆန်စွာ ဓားနဲ့ခုတ်ပြီး သံရုံးထဲမှာသတ်ပြီး အက်ဆစ်နဲ့ ဖြန်းပါတယ်။ မြန်မာကို ဘင်္ဂါလီတွေက စွပ်စွဲသလိုပါ။နိုင်ငံတကာကအော်တော့ သူက အရေးထယူပြပါတယ်။ ဆော်ဒီက သက်ဦးဆံပိုင် ဘုရင်စနစ်မိုလို့ တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့က သူ့အောက်မှာမိုလို့ ဖြုတ်တာ ထောင်ချတာ လုပ်ပြလိုက်ပါတယ်။ ပြဿနာက မကြီးသွားပါ။

ပါက္ကစတန်မှာဆို ဘာသာမတူသူ ဘာသာတူပြီး ဂိုဏ်းကွဲသူတွေရဲ့ ဝတ်ပြုဆုတောင်းရာနေရာတွေကိုနေ့စဉ်တိုက်ခိုက်ခံရပါတယ်။ မီးရှို့ကြတာပါ။ ထရစ်ဉန်တွေအများဆုံးခံရပါတယ်။ မြန်မာပြည်ထက်ဆိုးပါတယ်။

အိန္ဒိယမှာလဲ နိုင်ငံသားဥပဒေကိစ္စနဲ့ နေ့တိုင်းနည်းပါး ပြဿနာတက်နေပါတယ်။ လူတွေသေပါတယ်။သူ့ကိုလဲ ဘာမှမပြောရဲကြပါ။

သီရိလင်္ကာနိုင်ငံမှာလဲ ထို့အတူပါဘဲ။

ဘာကြောင့်လဲ။ သူတို့နိုင်ငံတွေမှာက စစ်တပ်ဟာ အစိုးရအောက်မှာရှိပြီး သူတို့ဟာ အစိုးရပေါ်လစီအတိုင်း လိုက်လုပ်နေလို့ပါ။ အရှင်းဆုံးပြောရရင် ၂၀၀၈ လိုခြေဥမရှိသလို သမ္မတရူး ရူးနေတဲ့ တပ်ချုပ်မရှိလို့ပါ။

နိုင်ငံတိုင်းမှာ လူမျိုးရေး ဘာသာရေးပြဿနာဟာရှိနိုင်ပါတယ်။ အရေးကြီးတာက ၂၀၀၈ လိုခြေဥမရှိရင် ICJ မသွားဘဲ ပြဿနာရှင်းလို့ရပါတယ်။

News Credit : CNN

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page