ျပံဳးသူမွာမ်က္ရည္စေတြနဲ႔
ျမန္မာျပည္မွာစီးပြားေရးမေကာင္းဘူးေအာ္သူေတြကိုေလ့လာရေအာင္။ေဇျကီးကလဲမေကာင္း။ေတာ္ဝင္ကလဲမေကာင္း။ေဒါက္ခိုင္တို႔ကတရားဝင္စီးပြားမေကာင္းလို႔မေအာ္ေသာ္လဲလူမွန္ေနရာမွန္ဆိုၿပီးေအာ္တယ္။ေဟာ္တယ္လုပ္တဲ့ေဌးေအာင္တို႔ကလဲေအာ္မွာပါဘဲ။ဦးပိုင္ေအာက္ကအခ်ိဳ႕ကုမၸဏီေတြကလဲသူတို႔လိုသလိုတင္ဒါမေအာင္ရင္လူေတြအလုပ္ထုတ္ရမလိုနဲ႔ေအာ္မွာပါ။အခ်ိဳ႕ကအေဖကဦးပိုင္မွာလုပ္စဥ္ကခိုးၿပီးဝယ္ထားတဲ့အိမ္ကိုသားကေပါင္ၿပီးအိမ္ေစ်းေတြကမတက္လို႔အစိုးရကိုဆဲတဲ့နာမည္မႀကီးေတာ့တယ့္မင္းသားလဲရွိမွာပါ။နံနံပင္လိုယခင္ကဂြင္ရမယ္ထင္လို႔ယူထားၿပီးယခုစည္းကမ္းတက်လုပ္ရမယ့္အခ်ိန္မွာစီးပြားမျဖစ္ေတာ့တဲ့ဖြတ္ေလးေတြလဲရွိမွာပါ။
အခ်ိဳ႕ကလဲမခိုးရေတာ့အဘရယ္ျပန္လာပါေပါ့။ဟိုဓာတ္ဆီသမားေတြကလဲကြီးၿဖိဳးကလုပ္ထားလို႔ဓာတ္ဆီကိုႏွစ္သီးစားတင္မရလို႔တင္းေနမွာပါ။ဟိုဘိန္းေဆးျပားသမားေတြလဲအေျခအေနမေကာင္းႏိုင္ပါ။ေနဇင္ဖြတ္လိုေရႊၾကာလုပ္ငန္းနဲ႔စီးပြားျဖစ္လာသူဟာဒီမိုအစိုးရလက္ထက္မွာသူ႔ထံမွာလာလုပ္မယ့္မိန္းကေလးေတြဟာသမာအာဇီဝအထည္ခ်ဳပ္ေတြမွာအလုပ္လုပ္လာမွာျဖစ္လို႔သူ႔ထံမွာလုပ္သူနည္းသြားပါမယ္။ယခင္ကအခြန္မေဆာင္ဘဲစည္းမရွိကမ္းမရွိစီးပြားေရးလုပ္ခဲ့သူမ်ားလဲမႀကိဳက္ႏိုင္ပါ။
ျမန္မာျပည္မွာအက်ပ္အတည္းေတြရွိပါတယ္။ဒါေပမယ့္အမ်ားစုဟာဒီမိုအစိုးရနဲ႔မဆိုင္ပါ။ကမ႓ာလွည့္ခရီးသြားေတြအေမရိကန္နဲ႔ဥေရာပကလာတာနည္းသြားတာဟာDASSK ေပၚလစီနဲ႔မဆိုင္ပါ။ဘဂၤါလီအေရးနဲ႔တပ္ရဲ႕ကိုင္တြယ္ပံုကိုမႀကိဳက္လို႔ပါ။ဥေရာပကအထည္ခ်ဳပ္နဲ႔ပတ္သက္ၿပီးစီးပြားေရးအရၿခိမ္းေျခာက္တာကလဲတပ္နဲ႔ႏြယ္တဲ့ကိစၥပါ။
ဒီၾကားထဲကဘာေတြတိုးတက္လာေနလဲ။ဥေရာပခရီးသည္အစားတ႐ုတ္နဲ႔အစားထိုးရပါတယ္။ေကာင္းလားဆိုေတာ့ဥေရာပေလာက္မေကာင္းေပမယ့္သူတို႔မလာလို႔နည္းလာတာကိုျပန္ကာႏိုင္တာေပါ့။အဆိုးထဲကအေကာင္းကေတာ့ေရရွည္မွာစီးပြားေရးပိတ္ဆို႔မွာကိုအလိုလိုကာကြယ္ၿပီးသားျဖစ္သြားမွာပါ။ဒါေပမယ့္ျမန္မာျပည္ရဲ႕ျပည္ပပို႔ကုန္ကရတဲ့ေငြဟာက်မသြားခဲ့ပါ။ဘစိန္လက္ထက္ကထက္စာရင္မ်ားစြာတိုးတက္လာပါတယ္။ဘယ္ကလဲ။ဂ်ပန္ကရင္းႏွီးျမဳပ္ႏွံမႈမ်ားစြာလာလုပ္ေနပါတယ္။သံလ်င္သြားသူေတြဆိုအဲ့ဒီမွာကြီးၿဖိဳးခင္းတဲ့လမ္းကဂ်ပန္နဲ႔ေပါင္းလုပ္ထားလို႔ေကာင္းမွေကာင္းပါ။ေရေျမာင္းေတြနဲ႔စနစ္တက်လုပ္ေနတာပါ။၁၉၆၂ထဲကအဘေတြလက္ထက္မလုပ္တတ္ခဲ့ပါ။
ကားကုမၸဏီေတြကလဲယခင္ကလိုအင္မဟုတ္ဘဲတိုယိုတာလိုကုမၸဏီကစၿပီးဝင္လာေနပါတယ္။အေမရိကန္ကလဲျဖည္းျဖည္းခ်င္းလာေနပါတယ္။ကိုရီးယားကသူ႔သမၼတစက္တင္ဘာလာရင္ရင္းႏွီးျမဳပ္ႏွံမႈအသစ္ေတြလာဖို႔ရွိေနပါတယ္။အထည္ခ်ဳပ္စက္႐ံုေတြ၊အျခားစက္႐ံုေတြဟာလဲဝင္လာမစဲတသဲသဲပါ။သူတို႔ဟာစက္႐ံုေျမကိုခ႐ိုနီထံ၊အဘထံကမယူလို႔ဂြင္႐ိုက္လိုသူမ်ားေတာ့အလုပ္မျဖစ္ႏိုင္ပါ။ဒါေပမယ့္သာမန္ျပည္သူေတြကေတာ့အလုပ္ရေနပါတယ္။ဒါကဆင္းရဲခ်မ္းသာကြာဟမႈကိုေလ်ာ့က်လာေစပါတယ္။ျပည္တြင္းမွာမလုပ္လိုဘဲယိုးဒယားမွာလုပ္လိုသူ၊ကိုရီးယားမွာလုပ္လိုသူ၊ဂ်ပန္မွာလုပ္လိုသူမ်ားအတြက္လဲအလုပ္အကိုင္ဟာတရားဝင္ျဖစ္လာၿပီးအစိုးရကယခင္ကထက္ေတာ့ျပည္သူကိုအေလးေပးလာတာေတြ႕ရပါမယ္။
ဒီမိုအစိုးရလက္ထက္မွာယခင္ကလိုတ႐ုတ္ကိုတရားမဝင္ခိုးပို႔စရာမလိုေတာ့ပါဘူး။ဒါတင္မဟုတ္ဘဲဆန္ေဈးကြက္သစ္မ်ားအျဖစ္ဖိလစ္ပိုင္၊မိုဇမ္ဘစ္ႏွင့္တ႐ုတ္ႏိုင္ငံမ်ားသို႔ပင္လယ္ေရေၾကာင္းမွတင္ပို႔မႈကိုထပ္မံရရွိထားၿပီးပဲတီစိမ္းႏွင့္ပတ္သက္၍လည္းတ႐ုတ္၊ဗီယက္နမ္ေဈးကြက္တို႔ကိုရရွိထားပါတယ္။ဒါဟာဥေရာပကဘဂၤါလီအေရးေၾကာင့္စီးပြားေရးပိတ္ဆို႔ခဲ့ရင္ယခုဒီမိုအစိုးရရဲ႕အစီအမံကဒါကိုေရွာင္ႏိုင္မွာပါ။ေစ်းကြက္ကဥေရာပမဟုတ္လို႔ပါ။ဒါကဒီမိုအစိုးရကစီးပြားေရးအျမင္ေရာစစ္ေရးမဟာဗ်ဴဟာအျမင္ပါရွိတာကိုျပတာပါ။ေစ်းကြက္ကစီးပြားေရးအရပိတ္ဆို႔လို႔မရဘဲပင္လယ္ေရေၾကာင္းကေနတ႐ုတ္ကိုပို႔မွာမိုလို႔ယခုလိုေျမာက္ပိုင္းကထၿပီးတိုက္ရင္ေတာင္ကုန္သြယ္ေရးလမ္းေၾကာင္းကိုထိဖို႔နည္းသြားမွာပါ။
ဒါဟာစစ္အစိုးရတစ္သက္၁၉၆၂ထဲကမလုပ္ခဲ့တဲ့မလုပ္တတ္ခဲ့တဲ့အလုပ္ေတြပါ။အဘတို႔ကျပည္သူအတြက္ေစ်းကြက္မရွာခဲ့ဘဲမိမိအတြက္ခိုးဖို႔သာရွာခဲ့တာပါ။
ဒီေနရာမွာယခင္ကေျမကြက္နဲ႔လုပ္ပိုင္ခြင့္ကိုအဘကခ႐ိုနီကိုေပးၿပီးရင္ခ႐ိုနီေတြက႐ိုက္စားလုပ္လို႔သူတို႔ရဲ႕အျမတ္ဟာကမ႓ာေပၚကApple ကုမၸဏီထက္ေတာင္အျမတ္ရာခိုင္နႈန္းထက္မ်ားခဲ့ပါတယ္။Apple ကုမၸဏီရဲ႕၂၀၁၈ကအျမတ္ဟာဒီဇိုင္းေတြဆြဲ၊iphone ေတြထုတ္ေခါင္းေမြးျဖဴတာေတာင္၃၈.၁% သာျမတ္ပါတယ္။အဘလက္ထက္မွာဂြင္တစ္ခုကိုအဘထံကရၿပီးလုပ္ပိုင္ခြင့္ျပန္ေရာင္းတာကအဘကို၂၅% ေပးရင္ေတာင္ဘာမွမရင္းဘဲ၅၀% အထက္ျမတ္ပါတယ္။ဟိုအခန္းငွားခေစ်းေတြကိုၾကည့္ရင္လဲသိႏိုင္ပါတယ္။ယခုကဂြင္မရွိေတာ့ငိုတာေပါ့။ဒါဆိုဘာလို႔ေအာ္ေနသူမ်ားတာလဲဆိုေတာ့စာေရးသူတို႔တိုင္းျပည္ရဲ႕စီးပြားေရးဟာခ႐ိုနီေတြနဲ႔ယွက္ႏြယ္ေနေသးလို႔ပါ။ပင့္ကူအိမ္လိုေပါ့။ဥပမာေဇႀကီးထံမွာလုပ္တဲ့အင္ဂ်င္နီယာကအစပိုင္းငိုပါမယ္။ေနာက္ပိုင္းေတာ့ကုမၸဏီေျပာင္းလုပ္လာပါလိမ့္မယ္။ထို႔အတူပါဘဲအဘစက္႐ံုကအလုပ္သမားဟာလဲတင္ဒါမေအာင္ရင္အလုပ္ျပဳတ္ႏိုင္ေပမယ့္ေနာက္ပိုင္းမွာသူ႔ထက္ေကာင္းတဲ့အလုပ္ကိုေျပာင္းသြားႏိုင္မွာပါ။ဦးမွပိုင္မွအလုပ္မလုပ္ဘဲပိုက္ဆံလိုခ်င္ရင္ေတာ့မရပါ။
ဒါဆိုရင္ဘာလို႔ျပည္သူေတြကဒီမိုအစိုးရလုပ္ေပးတာေၾကာင့္စီးပြားေရးအရတိုးတက္မႈကိုအမ်ားစုကမခံစားရေသးတာလဲ။အေမရိကန္မွာ၂၀၀၈ခုႏွစ္ကမ႓ာ့စီးပြားေရးပ်က္တာမွတ္မိမွာပါ။လူေတြအမ်ားႀကီးအလုပ္ျပဳတ္ပါတယ္။အိမ္ျခံေျမေစ်းေတြထိုးက်ပါတယ္။ဒါကိုအိုဘားမားက၂၀၀၉မွာစတက္ၿပီးျပဳျပင္ေျပာင္းလဲေရးလုပ္ခဲ့တာဟာဇြန္၂၀၁၄ေရာက္မွႏိုင္ငံမွာဆံုး႐ႈံးသြားတဲ့အလုပ္ေတြကိုလူေတြျပန္ရခဲ့ပါတယ္။တိုင္းျပည္စီးပြားေရးျပန္ဦးေမာ့္ဖို႔ငါးႏွစ္ၾကာခဲ့ပါတယ္။ဒါေတာင္အေမရိကန္မွာတပ္ကစီးပြားေရးမလုပ္ပါ။၂၀၀၈ေျခဥမရွိပါ။ခ႐ိုနီမရွိပါ။ဘိန္းေဆးျပားလုပ္ေနတဲ့သူပုန္ေတြလဲမရွိပါ။အေမရိကန္မွာဘာသာေရးနဲ႔ဘုန္းႀကီးေတြကိုေျမႇာက္ေပးသူမရွိပါ။ဥပေဒအထက္မွာဘယ္သူမွမရွိသလိုစာတတ္သူနႈန္းေရာ၊အေျခခံအေဆာက္အအံုေရာျမန္မာျပည္ထက္သာတာကိုစာေရးသူရွင္းျပစရာလိုမည္မထင္ပါ။ဒါေတာင္ငါးႏွစ္ၾကာမွစီးပြားေရးျပန္ေကာင္းလာခဲ့တာပါ။
ယခုဒီမိုအစိုးရလက္ထက္မွာဓာတ္ေငြ႕သိုက္အသစ္ေတြကုန္းတြင္းပိုင္းမွာေတြ႕ေနသလိုေရနံသိုက္ေတြလဲေတြ႕ေနပါတယ္။ဒါေတြဟာစီးပြားေရးအရအေနာက္ကပိတ္လို႔မရတဲ့ဟာေတြပါ။ဒီအရာေတြဟာစီးပြားေရးတည္ၿငိမ္ဖို႔လွ်ပ္စစ္ေတြ၊ဓာတ္ဆီေတြအျဖစ္ေျပာင္းလဲႏိုင္ၿပီးတိုင္းျပည္စီးပြားေရးကိုအေထာက္အကူျပဳမွာပါ။ေနာက္စိုက္ပ်ိဳးေရးကလဲေရႀကီးတဲ့ၾကားကပို႔ကုန္ဟာတက္လာေနပါတယ္။
ေနာက္ျမန္မာျပည္ရဲ႕စီးပြားေရးကိုေလ့လာၾကည့္ပါ။ႏိုင္ငံျခားကစီးပြားေရးပိတ္လို႔ရတဲ့ပမာဏက၁၀% ထက္မပိုပါ။ယခုလိုေရနံေတြ၊ဓာတ္ေငြ႕ေတြေတြ႕ေနလို႔ဒီမိုအစိုးရကယခင္ကလိုမခိုးလို႔ျပည္သူေတြကိုဝင္ေငြေတြ ျပန္ျဖန္႔တာ(redistribute)လုပ္တာနဲ႔တင္ျပည္သူေတြအက်ိဳးအျမတ္ခံစားရမွာပါ။ေဆာ္ဒီေရနံဝင္ေငြကေနသူ႔ျပည္သူေတြကိုျပန္ေပးပံုမ်ိဳးပါ။ဒါကအဆိုးဆံုးအေျခအေန(worst case scenario) မွာေတာင္တိုးတက္ႏိုင္တာကိုျပတာပါ။ဥပမာအိမ္မွာဝင္ေငြတစ္ေသာင္းရွိၿပီးလူငါးေယာက္ဆိုရင္တစ္ေယာက္ႏွစ္ေထာင္ရပါမယ္။ဦးစီးကခိုးရင္ေတာ့မရဘူးေပါ့။ယခင္ကဒီလိုဓာတ္ေငြ႕ကေငြေတြကိုခိုးခဲ့လို႔ဆင္းရဲခ်မ္းသာကြာသြားတာပါ။
ဒါေၾကာင့္ျပည္သူေတြကသာNLD ကို၂၀၂၀မွာဆက္မဲေပးလိုက္ပါ။ျမန္မာျပည္ဟာယခုထက္အဆမ်ားစြာတိုးတက္လာမွာေသခ်ာပါတယ္။အဘအားကိုးခ႐ိုနီမ်ိဳးမ်ားဟာ NLD စအတက္မွာငါတို႔ျပန္လာခိုးမယ္လို႔ျပံဳးခဲ့ၾကေပမယ့္ယခုအခ်ိန္မွာေတာ့မ်က္ရည္စကိုယ္စီနဲ႔ပါ။ျပံဳးသူမွာလဲမ်က္ရည္စေတြနဲ႔ပါ။
Unicode version
ပြုံးသူမှာမျက်ရည်စတွေနဲ့
မြန်မာပြည်မှာစီးပွားရေးမကောင်းဘူးအော်သူတွေကိုလေ့လာရအောင်။ဇေကြီးကလဲမကောင်း။တော်ဝင်ကလဲမကောင်း။ဒေါက်ခိုင်တို့ကတရားဝင်စီးပွားမကောင်းလို့မအော်သော်လဲလူမှန်နေရာမှန်ဆိုပြီးအော်တယ်။ဟော်တယ်လုပ်တဲ့ဌေးအောင်တို့ကလဲအော်မှာပါဘဲ။ဦးပိုင်အောက်ကအချို့ကုမ္ပဏီတွေကလဲသူတို့လိုသလိုတင်ဒါမအောင်ရင်လူတွေအလုပ်ထုတ်ရမလိုနဲ့အော်မှာပါ။အချို့ကအဖေကဦးပိုင်မှာလုပ်စဉ်ကခိုးပြီးဝယ်ထားတဲ့အိမ်ကိုသားကပေါင်ပြီးအိမ်စျေးတွေကမတက်လို့အစိုးရကိုဆဲတဲ့နာမည်မကြီးတော့တယ့်မင်းသားလဲရှိမှာပါ။နံနံပင်လိုယခင်ကဂွင်ရမယ်ထင်လို့ယူထားပြီးယခုစည်းကမ်းတကျလုပ်ရမယ့်အချိန်မှာစီးပွားမဖြစ်တော့တဲ့ဖွတ်လေးတွေလဲရှိမှာပါ။
အချို့ကလဲမခိုးရတော့အဘရယ်ပြန်လာပါပေါ့။ဟိုဓာတ်ဆီသမားတွေကလဲကွီးဖြိုးကလုပ်ထားလို့ဓာတ်ဆီကိုနှစ်သီးစားတင်မရလို့တင်းနေမှာပါ။ဟိုဘိန်းဆေးပြားသမားတွေလဲအခြေအနေမကောင်းနိုင်ပါ။နေဇင်ဖွတ်လိုရွှေကြာလုပ်ငန်းနဲ့စီးပွားဖြစ်လာသူဟာဒီမိုအစိုးရလက်ထက်မှာသူ့ထံမှာလာလုပ်မယ့်မိန်းကလေးတွေဟာသမာအာဇီဝအထည်ချုပ်တွေမှာအလုပ်လုပ်လာမှာဖြစ်လို့သူ့ထံမှာလုပ်သူနည်းသွားပါမယ်။ယခင်ကအခွန်မဆောင်ဘဲစည်းမရှိကမ်းမရှိစီးပွားရေးလုပ်ခဲ့သူများလဲမကြိုက်နိုင်ပါ။
မြန်မာပြည်မှာအကျပ်အတည်းတွေရှိပါတယ်။ဒါပေမယ့်အများစုဟာဒီမိုအစိုးရနဲ့မဆိုင်ပါ။ကမ႓ာလှည့်ခရီးသွားတွေအမေရိကန်နဲ့ဥရောပကလာတာနည်းသွားတာဟာDASSK ပေါ်လစီနဲ့မဆိုင်ပါ။ဘင်္ဂါလီအရေးနဲ့တပ်ရဲ့ကိုင်တွယ်ပုံကိုမကြိုက်လို့ပါ။ဥရောပကအထည်ချုပ်နဲ့ပတ်သက်ပြီးစီးပွားရေးအရခြိမ်းခြောက်တာကလဲတပ်နဲ့နွယ်တဲ့ကိစ္စပါ။
ဒီကြားထဲကဘာတွေတိုးတက်လာနေလဲ။ဥရောပခရီးသည်အစားတရုတ်နဲ့အစားထိုးရပါတယ်။ကောင်းလားဆိုတော့ဥရောပလောက်မကောင်းပေမယ့်သူတို့မလာလို့နည်းလာတာကိုပြန်ကာနိုင်တာပေါ့။အဆိုးထဲကအကောင်းကတော့ရေရှည်မှာစီးပွားရေးပိတ်ဆို့မှာကိုအလိုလိုကာကွယ်ပြီးသားဖြစ်သွားမှာပါ။ဒါပေမယ့်မြန်မာပြည်ရဲ့ပြည်ပပို့ကုန်ကရတဲ့ငွေဟာကျမသွားခဲ့ပါ။ဘစိန်လက်ထက်ကထက်စာရင်များစွာတိုးတက်လာပါတယ်။ဘယ်ကလဲ။ဂျပန်ကရင်းနှီးမြုပ်နှံမှုများစွာလာလုပ်နေပါတယ်။သံလျင်သွားသူတွေဆိုအဲ့ဒီမှာကွီးဖြိုးခင်းတဲ့လမ်းကဂျပန်နဲ့ပေါင်းလုပ်ထားလို့ကောင်းမှကောင်းပါ။ရေမြောင်းတွေနဲ့စနစ်တကျလုပ်နေတာပါ။၁၉၆၂ထဲကအဘတွေလက်ထက်မလုပ်တတ်ခဲ့ပါ။
ကားကုမ္ပဏီတွေကလဲယခင်ကလိုအင်မဟုတ်ဘဲတိုယိုတာလိုကုမ္ပဏီကစပြီးဝင်လာနေပါတယ်။အမေရိကန်ကလဲဖြည်းဖြည်းချင်းလာနေပါတယ်။ကိုရီးယားကသူ့သမ္မတစက်တင်ဘာလာရင်ရင်းနှီးမြုပ်နှံမှုအသစ်တွေလာဖို့ရှိနေပါတယ်။အထည်ချုပ်စက်ရုံတွေ၊အခြားစက်ရုံတွေဟာလဲဝင်လာမစဲတသဲသဲပါ။သူတို့ဟာစက်ရုံမြေကိုခရိုနီထံ၊အဘထံကမယူလို့ဂွင်ရိုက်လိုသူများတော့အလုပ်မဖြစ်နိုင်ပါ။ဒါပေမယ့်သာမန်ပြည်သူတွေကတော့အလုပ်ရနေပါတယ်။ဒါကဆင်းရဲချမ်းသာကွာဟမှုကိုလျော့ကျလာစေပါတယ်။ပြည်တွင်းမှာမလုပ်လိုဘဲယိုးဒယားမှာလုပ်လိုသူ၊ကိုရီးယားမှာလုပ်လိုသူ၊ဂျပန်မှာလုပ်လိုသူများအတွက်လဲအလုပ်အကိုင်ဟာတရားဝင်ဖြစ်လာပြီးအစိုးရကယခင်ကထက်တော့ပြည်သူကိုအလေးပေးလာတာတွေ့ရပါမယ်။
ဒီမိုအစိုးရလက်ထက်မှာယခင်ကလိုတရုတ်ကိုတရားမဝင်ခိုးပို့စရာမလိုတော့ပါဘူး။ဒါတင်မဟုတ်ဘဲဆန်ဈေးကွက်သစ်များအဖြစ်ဖိလစ်ပိုင်၊မိုဇမ်ဘစ်နှင့်တရုတ်နိုင်ငံများသို့ပင်လယ်ရေကြောင်းမှတင်ပို့မှုကိုထပ်မံရရှိထားပြီးပဲတီစိမ်းနှင့်ပတ်သက်၍လည်းတရုတ်၊ဗီယက်နမ်ဈေးကွက်တို့ကိုရရှိထားပါတယ်။ဒါဟာဥရောပကဘင်္ဂါလီအရေးကြောင့်စီးပွားရေးပိတ်ဆို့ခဲ့ရင်ယခုဒီမိုအစိုးရရဲ့အစီအမံကဒါကိုရှောင်နိုင်မှာပါ။စျေးကွက်ကဥရောပမဟုတ်လို့ပါ။ဒါကဒီမိုအစိုးရကစီးပွားရေးအမြင်ရောစစ်ရေးမဟာဗျူဟာအမြင်ပါရှိတာကိုပြတာပါ။စျေးကွက်ကစီးပွားရေးအရပိတ်ဆို့လို့မရဘဲပင်လယ်ရေကြောင်းကနေတရုတ်ကိုပို့မှာမိုလို့ယခုလိုမြောက်ပိုင်းကထပြီးတိုက်ရင်တောင်ကုန်သွယ်ရေးလမ်းကြောင်းကိုထိဖို့နည်းသွားမှာပါ။
ဒါဟာစစ်အစိုးရတစ်သက်၁၉၆၂ထဲကမလုပ်ခဲ့တဲ့မလုပ်တတ်ခဲ့တဲ့အလုပ်တွေပါ။အဘတို့ကပြည်သူအတွက်စျေးကွက်မရှာခဲ့ဘဲမိမိအတွက်ခိုးဖို့သာရှာခဲ့တာပါ။
ဒီနေရာမှာယခင်ကမြေကွက်နဲ့လုပ်ပိုင်ခွင့်ကိုအဘကခရိုနီကိုပေးပြီးရင်ခရိုနီတွေကရိုက်စားလုပ်လို့သူတို့ရဲ့အမြတ်ဟာကမ႓ာပေါ်ကApple ကုမ္ပဏီထက်တောင်အမြတ်ရာခိုင်နှုန်းထက်များခဲ့ပါတယ်။Apple ကုမ္ပဏီရဲ့၂၀၁၈ကအမြတ်ဟာဒီဇိုင်းတွေဆွဲ၊iphone တွေထုတ်ခေါင်းမွေးဖြူတာတောင်၃၈.၁% သာမြတ်ပါတယ်။အဘလက်ထက်မှာဂွင်တစ်ခုကိုအဘထံကရပြီးလုပ်ပိုင်ခွင့်ပြန်ရောင်းတာကအဘကို၂၅% ပေးရင်တောင်ဘာမှမရင်းဘဲ၅၀% အထက်မြတ်ပါတယ်။ဟိုအခန်းငှားခစျေးတွေကိုကြည့်ရင်လဲသိနိုင်ပါတယ်။ယခုကဂွင်မရှိတော့ငိုတာပေါ့။ဒါဆိုဘာလို့အော်နေသူများတာလဲဆိုတော့စာရေးသူတို့တိုင်းပြည်ရဲ့စီးပွားရေးဟာခရိုနီတွေနဲ့ယှက်နွယ်နေသေးလို့ပါ။ပင့်ကူအိမ်လိုပေါ့။ဥပမာဇေကြီးထံမှာလုပ်တဲ့အင်ဂျင်နီယာကအစပိုင်းငိုပါမယ်။နောက်ပိုင်းတော့ကုမ္ပဏီပြောင်းလုပ်လာပါလိမ့်မယ်။ထို့အတူပါဘဲအဘစက်ရုံကအလုပ်သမားဟာလဲတင်ဒါမအောင်ရင်အလုပ်ပြုတ်နိုင်ပေမယ့်နောက်ပိုင်းမှာသူ့ထက်ကောင်းတဲ့အလုပ်ကိုပြောင်းသွားနိုင်မှာပါ။ဦးမှပိုင်မှအလုပ်မလုပ်ဘဲပိုက်ဆံလိုချင်ရင်တော့မရပါ။
ဒါဆိုရင်ဘာလို့ပြည်သူတွေကဒီမိုအစိုးရလုပ်ပေးတာကြောင့်စီးပွားရေးအရတိုးတက်မှုကိုအများစုကမခံစားရသေးတာလဲ။အမေရိကန်မှာ၂၀၀၈ခုနှစ်ကမ႓ာ့စီးပွားရေးပျက်တာမှတ်မိမှာပါ။လူတွေအများကြီးအလုပ်ပြုတ်ပါတယ်။အိမ်ခြံမြေစျေးတွေထိုးကျပါတယ်။ဒါကိုအိုဘားမားက၂၀၀၉မှာစတက်ပြီးပြုပြင်ပြောင်းလဲရေးလုပ်ခဲ့တာဟာဇွန်၂၀၁၄ရောက်မှနိုင်ငံမှာဆုံးရှုံးသွားတဲ့အလုပ်တွေကိုလူတွေပြန်ရခဲ့ပါတယ်။တိုင်းပြည်စီးပွားရေးပြန်ဦးမော့်ဖို့ငါးနှစ်ကြာခဲ့ပါတယ်။ဒါတောင်အမေရိကန်မှာတပ်ကစီးပွားရေးမလုပ်ပါ။၂၀၀၈ခြေဥမရှိပါ။ခရိုနီမရှိပါ။ဘိန်းဆေးပြားလုပ်နေတဲ့သူပုန်တွေလဲမရှိပါ။အမေရိကန်မှာဘာသာရေးနဲ့ဘုန်းကြီးတွေကိုမြှောက်ပေးသူမရှိပါ။ဥပဒေအထက်မှာဘယ်သူမှမရှိသလိုစာတတ်သူနှုန်းရော၊အခြေခံအဆောက်အအုံရောမြန်မာပြည်ထက်သာတာကိုစာရေးသူရှင်းပြစရာလိုမည်မထင်ပါ။ဒါတောင်ငါးနှစ်ကြာမှစီးပွားရေးပြန်ကောင်းလာခဲ့တာပါ။
ယခုဒီမိုအစိုးရလက်ထက်မှာဓာတ်ငွေ့သိုက်အသစ်တွေကုန်းတွင်းပိုင်းမှာတွေ့နေသလိုရေနံသိုက်တွေလဲတွေ့နေပါတယ်။ဒါတွေဟာစီးပွားရေးအရအနောက်ကပိတ်လို့မရတဲ့ဟာတွေပါ။ဒီအရာတွေဟာစီးပွားရေးတည်ငြိမ်ဖို့လျှပ်စစ်တွေ၊ဓာတ်ဆီတွေအဖြစ်ပြောင်းလဲနိုင်ပြီးတိုင်းပြည်စီးပွားရေးကိုအထောက်အကူပြုမှာပါ။နောက်စိုက်ပျိုးရေးကလဲရေကြီးတဲ့ကြားကပို့ကုန်ဟာတက်လာနေပါတယ်။
နောက်မြန်မာပြည်ရဲ့စီးပွားရေးကိုလေ့လာကြည့်ပါ။နိုင်ငံခြားကစီးပွားရေးပိတ်လို့ရတဲ့ပမာဏက၁၀% ထက်မပိုပါ။ယခုလိုရေနံတွေ၊ဓာတ်ငွေ့တွေတွေ့နေလို့ဒီမိုအစိုးရကယခင်ကလိုမခိုးလို့ပြည်သူတွေကိုဝင်ငွေတွေ ပြန်ဖြန့်တာ(redistribute)လုပ်တာနဲ့တင်ပြည်သူတွေအကျိုးအမြတ်ခံစားရမှာပါ။ဆော်ဒီရေနံဝင်ငွေကနေသူ့ပြည်သူတွေကိုပြန်ပေးပုံမျိုးပါ။ဒါကအဆိုးဆုံးအခြေအနေ(worst case scenario) မှာတောင်တိုးတက်နိုင်တာကိုပြတာပါ။ဥပမာအိမ်မှာဝင်ငွေတစ်သောင်းရှိပြီးလူငါးယောက်ဆိုရင်တစ်ယောက်နှစ်ထောင်ရပါမယ်။ဦးစီးကခိုးရင်တော့မရဘူးပေါ့။ယခင်ကဒီလိုဓာတ်ငွေ့ကငွေတွေကိုခိုးခဲ့လို့ဆင်းရဲချမ်းသာကွာသွားတာပါ။
ဒါကြောင့်ပြည်သူတွေကသာNLD ကို၂၀၂၀မှာဆက်မဲပေးလိုက်ပါ။မြန်မာပြည်ဟာယခုထက်အဆများစွာတိုးတက်လာမှာသေချာပါတယ်။အဘအားကိုးခရိုနီမျိုးများဟာ NLD စအတက်မှာငါတို့ပြန်လာခိုးမယ်လို့ပြံုးခဲ့ကြပေမယ့်ယခုအချိန်မှာတော့မျက်ရည်စကိုယ်စီနဲ့ပါ။ပြံုးသူမှာလဲမျက်ရည်စတွေနဲ့ပါ။
Comments