top of page
Search
  • Writer's pictureMyat Tun Oo

ပါလက်စတိုင်းမှရယူသင့်သောငြိမ်းချမ်းရေးအတွက်သင်ခန်းစာ


ပါလက္စတိုင္းမွရယူသင့္ေသာၿငိမ္းခ်မ္းေရးအတြက္သင္ခန္းစာ

အစၥေရးနဲ႔ပါလက္စတိုင္းျပႆနာဟာစာေရးသူတို႔ငယ္စဥ္ကထဲကယခုအထိပါ။ဒီေနရာမွာသူတို႔ရဲ႕ဘုရားပြင့္စေလာက္ကစမေျပာေတာ့ပါ။၁၉၂၀ေလာက္ထဲကပါလက္စတိုင္းကအမ်ိဳးဘာသာလႈပ္ရွားသူေတြကဂ်ဴးလူမ်ိဳးေတြကိုဘာသာမတူလူမ်ိဳးမတူလို႔ဆိုၿပီးအမ်ိဳးသားေရးလႈပ္ရွားမႈလုပ္ခဲ့ပါတယ္။ပါလက္စတိုင္းကိုအဲ့ဒီအခ်ိန္မွာHaj Amin al-Husseini ကဦးေဆာင္ခဲ့ပါတယ္။သူဟာဂ်ဴးေနရာေတြကိုမီး႐ိႈ့တာကိုေဂ်ယုဆလင္ၿမိဳ႕မွာ၁၉၂၀မွာလုပ္ခဲ့ၿပီးဂ်က္ဖာ(Jaffa) မွာ၁၉၂၁မွာလုပ္ခဲ့ပါတယ္။ဒါကိုကာကြယ္ဖို႔ဂ်ဴးလူမ်ိဳးေတြကသူ႔တပ္ဟာဂါနာ(Haganah) ကိုဖြဲ႕ခဲ့ပါတယ္။၁၉၄၈မွာအစၥေရးႏိုင္ငံထူေထာင္ပါတယ္။အခ်ိဳ႕အစၥေရးႏိုင္ငံထဲကနယ္ေျမဟာပါလက္စတိုင္းထဲမွာပါခဲ့ပါတယ္။အခ်ိဳ႕ကိုအာရပ္-အစၥေရးစစ္ပြဲအၿပီးမွာအစၥေရးကသိမ္းခဲ့တာပါ။ပါလက္စတိုင္းေခါင္းေဆာင္အာရာဖတ္ကိုလူတိုင္းသိမွာပါ။သူဟာစစခ်င္းမွာအၾကမ္းဖက္မႈနဲ႔လြတ္လပ္ေရးရေအာင္ႀကိဳးစားလုပ္ခဲ့ပါတယ္။ဒါေၾကာင့္သူ႔ျပည္သူေတြဟာတိုက္ရည္ခိုက္ရည္ေကာင္းပါတယ္။လူမ်ိဳးေရးလဲတအားေျပာပါတယ္။သူ႔လူမ်ိဳးမွသူ႔လူမ်ိဳးပါ။ဒါေပမယ့္လြတ္လပ္ေရးရခါနီးမွာဘယ္သူကပိုအၾကမ္းဖက္ႏိုင္လဲၿပိဳင္ၾကပါတယ္။တစ္ဖြဲ႕ကဂါဇာမွာေနၿပီးဟားမတ္စ္လို႔ေခၚပါတယ္။ေနာက္တစ္ဖြဲ႕ကေတာ့ဟစ္ဇဘိုလာလို႔ေခၚၿပီးလက္ဘႏြန္မွာအေျခခ်ပါတယ္။

၁၉၉၃မွာအစၥေရးနဲ႔ပါလက္စတိုင္းဟာေနာ္ေဝးႏိုင္ငံေအာ္စလိုမွာယာယီၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကိုရခဲ့ပါတယ္။ပါလက္စတိုင္းဟာကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရခဲ့ပါတယ္။၂၀၀၀ခုႏွစ္ဇူလိုင္၁၁ရက္မွာသမၼတကလင္တန္ကကန္႔ေဒဗစ္မွာၿငိမ္းခ်မ္းေရးထိပ္သီးေဆြးေႏြးပြဲလုပ္ခဲ့ပါတယ္။ဒါေပမယ့္အာရာဖတ္ကသေဘာမတူဘဲထိပ္တိုက္ရင္ဆိုင္ေရးအလံုးစံုဆန္႔က်င္ေရးလက္နက္ကိုင္လမ္းစဥ္ကိုျပန္ကိုင္စြဲခဲ့ပါတယ္။သူတြက္ခဲ့တာကတစ္ဖက္ကၿငိမ္းခ်မ္းေရးတအားလိုခ်င္ေနတယ္သူတို႔လက္နက္ကိုင္ဆန္႔က်င္ရင္ရမယ္လို႔တြက္ခဲ့ပံုပါ။ဒါေၾကာင့္စာဖတ္သူမ်ားအားလံုးသိတဲ့အတိုင္းပါလက္စတိုင္းမွာယခုအထိေန႔စဥ္ျပႆနာျဖစ္ေနသလိုသူ႔ျပည္သူေတြကဒုကၡမ်ိဳးစံုေရာက္ေနပါတယ္။ေမြးလာတဲ့ကေလးေတြကလဲအစၥေရးကိုဘယ္လိုဗံုးေဖာက္ရမလဲဘယ္လိုဗံုးခြဲရမလဲသာတြက္ေနပါတယ္။အစၥေရးအထဲမွာေတာ့တံတိုင္းကာၿပီးကထဲကဗံုးေပါက္တာနည္းသြားပါတယ္။ပါလက္စတိုင္းကိုေမးရင္ဒီလိုအၾကမ္းဖက္ရတာဟာအစၥေရးကငါတို႔ေျမကိုက်ဴးေက်ာ္လို႔လုပ္ရတာပါလို႔ေျပာပါမယ္။ဘင္လာဒင္လဲဒီလိုေျပာခဲ့ပါတယ္။ကမ႓ာကလက္မခံခဲ့ပါ။

ဒီကေနဘာကိုသင္ခန္းစာယူရမလဲဆိုရင္မိမိလူမ်ိဳးကိုေခ်ာက္ထဲတြန္းမပို႔မိဖို႔လက္နက္ကိုင္ေတြအေနနဲ႔လိုပါတယ္။မိမိဖာသာတိုက္ခ်င္တုန္းကအျပန္အလွန္တိုက္ၾကၿပီးခံရေတာ့မွဒီမိုအစိုးရကိုဘာလုပ္ေနတုန္းဝင္ကယ္ပါဘာညာေျပာတာဟာေရရွည္မွာအလုပ္မျဖစ္ပါ။ဒီမိုအစိုးရမွာ၂၀၀၈ေျခဥအရတပ္ကိုေျပာလို႔မရတာလဲလူမွန္ရင္သိမွာပါ။သူ႔မွာလဲသူ႔ျပႆနာနဲ႔သူရွင္းေနရပါတယ္။တိုက္ပြဲေတြကေနမိမိလူမ်ိဳးေတြဟာလဲပါလက္စတိုင္းကလိုအၾကမ္ဖက္သမားလဲျဖစ္သြားတတ္ပါတယ္။ဒီေနရာမွာျမန္မာ့တပ္မေတာ္ကဘာလုပ္လို႔ညာလုပ္လို႔ေျပာရင္ရသလိုရွိေပမယ့္အစၥေရးစစ္တပ္ဟာဥပေဒနဲ႔အညီစစ္တိုက္လဲစစ္သေဘာအရခံရရင္ခံရသူကျပန္ခ်ဖို႔ႀကိဳးစားရင္းနဲ႔အၾကမ္းဖက္သမားျဖစ္တာပါဘဲ။အစၥေရးတပ္ဟာျမန္မာ့တပ္မေတာ္ထက္ေတာ္တယ္စစ္စည္းကမ္းလိုက္နာတာကိုေတာ့တပ္မုန္းသူစာဖတ္သူအခ်ိဳ႕လဲယံုမွာပါ။ဒါေပမယ့္ပါလက္စတိုင္းဟာအၾကမ္းဖက္တာပါဘဲ။

ဒီေနရာမွာဝကိုအားက်သူအခ်ိဳ႕ရွိပါမယ္။ဝဟာပထဝီႏိုင္ငံေရးအရတ႐ုတ္နဲ႔ကပ္ေနသလိုအဲ့ဒီအခ်ိန္၁၉၈၈ကထဲကလဲသူ႔တပ္အားႀကီးပါတယ္။ခင္ၫြန္႔တို႔ကျပည္တြင္းကဒီမိုကိုႏွိပ္ကြက္ခ်င္လို႔လုပ္ခဲ့တဲ့မဟာဗ်ဴဟာအမွားပါ။စစ္ေရးအျမင္ရွိသူေတြလုပ္ခဲ့တဲ့အမွားေပါ့။ဒါေပမယ့္သူကျပည္နယ္သာေတာင္းၿပီးခြဲမထြက္ပါလို႔လုပ္ထားပါတယ္။ဒါေၾကာင့္တကယ္တန္းကညွိရင္ရႏိုင္ပါတယ္။ယခုအခ်ိန္မွာဒီလိုအမွားမ်ိဳးကိုအရပ္သားအစိုးရေရာတပ္ေခါင္းေဆာင္ပိုင္းပါထပ္လုပ္မွာမဟုတ္ပါ။မိုင္းလားကလဲကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္သာေတာင္းၿပီးသူလက္မွတ္ထိုးမွာကိုေလာေလာဆယ္ဝကတားထားလို႔ပါ။ဝထိုးရင္သူလဲထိုးမွာပါ။

ယခုဟာကလက္နက္ကိုင္အားလံုးရဲ႕နည္းဗ်ဴဟာကေဒၚေအာင္ဆန္းစုၾကည္ကိုမိမိအခ်င္းခ်င္းတိုက္ၿပီးစစ္တပ္ကျပန္တိုက္ရင္မိမိတို႔ေမြးထားတဲ့လူေတြကိုDASSK နဲ႔ဒီမိုအစိုးရကိုသိကၡာခ်လို႔ရေအာင္ၿမိဳ႕ထဲမွာဆႏၵျပ၊သတင္းဌာနေတြမွာေျပာတာကေရတိုမွာဟုတ္သလိုရွိေပမယ့္ေရရွည္မွာဘယ္သူမွအဆင္မေျပပါ။ျပည္မကျပည္သူေတြကDASSK ရဲ႕မ်က္ႏွာကိုသာၾကည့္ေနတာပါ။

ေခါင္းေဆာင္ေတြအားလံုးစဥ္းစားရမွာေျခဥျပင္ရာမွာDASSK နဲ႔ပူးေပါင္းေဆာင္ရြက္ၿပီးသူမၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကိုလဲေအာင္ျမင္ေအာင္ပူးေပါင္းေဆာင္ရြက္ျခင္းဟာသာႏွစ္ဖက္စလံုးအဆင္ေျပတဲ့win-win နည္းျဖစ္ပါတယ္။မဟုတ္ဘဲအာရာဖတ္လမ္းစဥ္ဆိုရင္ေတာ့ျပႆနာကဇတ္ေမ်ာႀကီးျဖစ္ေနပါလိမ့္မယ္။အာရာဖတ္ကိုအားမက်ပါနဲ႔။ယခုလဲအပစ္ရပ္ကိုၾသဂုတ္လ၃၁ရက္အထ္တိုးလိုက္ပါတယ္။၂၀၂၀အမွီၿငိမ္းခ်မ္းေရးကိုလက္မွတ္ထိုးႏိုင္ပါေစ။

Unicode version

ပါလက်စတိုင်းမှရယူသင့်သောငြိမ်းချမ်းရေးအတွက်သင်ခန်းစာ

အစ္စရေးနဲ့ပါလက်စတိုင်းပြဿနာဟာစာရေးသူတို့ငယ်စဉ်ကထဲကယခုအထိပါ။ဒီနေရာမှာသူတို့ရဲ့ဘုရားပွင့်စလောက်ကစမပြောတော့ပါ။၁၉၂၀လောက်ထဲကပါလက်စတိုင်းကအမျိုးဘာသာလှုပ်ရှားသူတွေကဂျူးလူမျိုးတွေကိုဘာသာမတူလူမျိုးမတူလို့ဆိုပြီးအမျိုးသားရေးလှုပ်ရှားမှုလုပ်ခဲ့ပါတယ်။ပါလက်စတိုင်းကိုအဲ့ဒီအချိန်မှာHaj Amin al-Husseini ကဦးဆောင်ခဲ့ပါတယ်။သူဟာဂျူးနေရာတွေကိုမီးရှို့တာကိုဂျေယုဆလင်မြို့မှာ၁၉၂၀မှာလုပ်ခဲ့ပြီးဂျက်ဖာ(Jaffa) မှာ၁၉၂၁မှာလုပ်ခဲ့ပါတယ်။ဒါကိုကာကွယ်ဖို့ဂျူးလူမျိုးတွေကသူ့တပ်ဟာဂါနာ(Haganah) ကိုဖွဲ့ခဲ့ပါတယ်။၁၉၄၈မှာအစ္စရေးနိုင်ငံထူထောင်ပါတယ်။အချို့အစ္စရေးနိုင်ငံထဲကနယ်မြေဟာပါလက်စတိုင်းထဲမှာပါခဲ့ပါတယ်။အချို့ကိုအာရပ်-အစ္စရေးစစ်ပွဲအပြီးမှာအစ္စရေးကသိမ်းခဲ့တာပါ။ပါလက်စတိုင်းခေါင်းဆောင်အာရာဖတ်ကိုလူတိုင်းသိမှာပါ။သူဟာစစချင်းမှာအကြမ်းဖက်မှုနဲ့လွတ်လပ်ရေးရအောင်ကြိုးစားလုပ်ခဲ့ပါတယ်။ဒါကြောင့်သူ့ပြည်သူတွေဟာတိုက်ရည်ခိုက်ရည်ကောင်းပါတယ်။လူမျိုးရေးလဲတအားပြောပါတယ်။သူ့လူမျိုးမှသူ့လူမျိုးပါ။ဒါပေမယ့်လွတ်လပ်ရေးရခါနီးမှာဘယ်သူကပိုအကြမ်းဖက်နိုင်လဲပြိုင်ကြပါတယ်။တစ်ဖွဲ့ကဂါဇာမှာနေပြီးဟားမတ်စ်လို့ခေါ်ပါတယ်။နောက်တစ်ဖွဲ့ကတော့ဟစ်ဇဘိုလာလို့ခေါ်ပြီးလက်ဘနွန်မှာအခြေချပါတယ်။

၁၉၉၃မှာအစ္စရေးနဲ့ပါလက်စတိုင်းဟာနော်ဝေးနိုင်ငံအော်စလိုမှာယာယီငြိမ်းချမ်းရေးသဘောတူညီချက်ကိုရခဲ့ပါတယ်။ပါလက်စတိုင်းဟာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။၂၀၀၀ခုနှစ်ဇူလိုင်၁၁ရက်မှာသမ္မတကလင်တန်ကကန့်ဒေဗစ်မှာငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲလုပ်ခဲ့ပါတယ်။ဒါပေမယ့်အာရာဖတ်ကသဘောမတူဘဲထိပ်တိုက်ရင်ဆိုင်ရေးအလုံးစုံဆန့်ကျင်ရေးလက်နက်ကိုင်လမ်းစဉ်ကိုပြန်ကိုင်စွဲခဲ့ပါတယ်။သူတွက်ခဲ့တာကတစ်ဖက်ကငြိမ်းချမ်းရေးတအားလိုချင်နေတယ်သူတို့လက်နက်ကိုင်ဆန့်ကျင်ရင်ရမယ်လို့တွက်ခဲ့ပုံပါ။ဒါကြောင့်စာဖတ်သူများအားလုံးသိတဲ့အတိုင်းပါလက်စတိုင်းမှာယခုအထိနေ့စဉ်ပြဿနာဖြစ်နေသလိုသူ့ပြည်သူတွေကဒုက္ခမျိုးစုံရောက်နေပါတယ်။မွေးလာတဲ့ကလေးတွေကလဲအစ္စရေးကိုဘယ်လိုဗုံးဖောက်ရမလဲဘယ်လိုဗုံးခွဲရမလဲသာတွက်နေပါတယ်။အစ္စရေးအထဲမှာတော့တံတိုင်းကာပြီးကထဲကဗုံးပေါက်တာနည်းသွားပါတယ်။ပါလက်စတိုင်းကိုမေးရင်ဒီလိုအကြမ်းဖက်ရတာဟာအစ္စရေးကငါတို့မြေကိုကျူးကျော်လို့လုပ်ရတာပါလို့ပြောပါမယ်။ဘင်လာဒင်လဲဒီလိုပြောခဲ့ပါတယ်။ကမ႓ာကလက်မခံခဲ့ပါ။

ဒီကနေဘာကိုသင်ခန်းစာယူရမလဲဆိုရင်မိမိလူမျိုးကိုချောက်ထဲတွန်းမပို့မိဖို့လက်နက်ကိုင်တွေအနေနဲ့လိုပါတယ်။မိမိဖာသာတိုက်ချင်တုန်းကအပြန်အလှန်တိုက်ကြပြီးခံရတော့မှဒီမိုအစိုးရကိုဘာလုပ်နေတုန်းဝင်ကယ်ပါဘာညာပြောတာဟာရေရှည်မှာအလုပ်မဖြစ်ပါ။ဒီမိုအစိုးရမှာ၂၀၀၈ခြေဥအရတပ်ကိုပြောလို့မရတာလဲလူမှန်ရင်သိမှာပါ။သူ့မှာလဲသူ့ပြဿနာနဲ့သူရှင်းနေရပါတယ်။တိုက်ပွဲတွေကနေမိမိလူမျိုးတွေဟာလဲပါလက်စတိုင်းကလိုအကြမ်ဖက်သမားလဲဖြစ်သွားတတ်ပါတယ်။ဒီနေရာမှာမြန်မာ့တပ်မတော်ကဘာလုပ်လို့ညာလုပ်လို့ပြောရင်ရသလိုရှိပေမယ့်အစ္စရေးစစ်တပ်ဟာဥပဒေနဲ့အညီစစ်တိုက်လဲစစ်သဘောအရခံရရင်ခံရသူကပြန်ချဖို့ကြိုးစားရင်းနဲ့အကြမ်းဖက်သမားဖြစ်တာပါဘဲ။အစ္စရေးတပ်ဟာမြန်မာ့တပ်မတော်ထက်တော်တယ်စစ်စည်းကမ်းလိုက်နာတာကိုတော့တပ်မုန်းသူစာဖတ်သူအချို့လဲယုံမှာပါ။ဒါပေမယ့်ပါလက်စတိုင်းဟာအကြမ်းဖက်တာပါဘဲ။

ဒီနေရာမှာဝကိုအားကျသူအချို့ရှိပါမယ်။ဝဟာပထဝီနိုင်ငံရေးအရတရုတ်နဲ့ကပ်နေသလိုအဲ့ဒီအချိန်၁၉၈၈ကထဲကလဲသူ့တပ်အားကြီးပါတယ်။ခင်ညွန့်တို့ကပြည်တွင်းကဒီမိုကိုနှိပ်ကွက်ချင်လို့လုပ်ခဲ့တဲ့မဟာဗျူဟာအမှားပါ။စစ်ရေးအမြင်ရှိသူတွေလုပ်ခဲ့တဲ့အမှားပေါ့။ဒါပေမယ့်သူကပြည်နယ်သာတောင်းပြီးခွဲမထွက်ပါလို့လုပ်ထားပါတယ်။ဒါကြောင့်တကယ်တန်းကညှိရင်ရနိုင်ပါတယ်။ယခုအချိန်မှာဒီလိုအမှားမျိုးကိုအရပ်သားအစိုးရရောတပ်ခေါင်းဆောင်ပိုင်းပါထပ်လုပ်မှာမဟုတ်ပါ။မိုင်းလားကလဲကိုယ်ပိုင်အုပ်ချုပ်ခွင့်သာတောင်းပြီးသူလက်မှတ်ထိုးမှာကိုလောလောဆယ်ဝကတားထားလို့ပါ။ဝထိုးရင်သူလဲထိုးမှာပါ။

ယခုဟာကလက်နက်ကိုင်အားလုံးရဲ့နည်းဗျူဟာကဒေါ်အောင်ဆန်းစုကြည်ကိုမိမိအချင်းချင်းတိုက်ပြီးစစ်တပ်ကပြန်တိုက်ရင်မိမိတို့မွေးထားတဲ့လူတွေကိုDASSK နဲ့ဒီမိုအစိုးရကိုသိက္ခာချလို့ရအောင်မြို့ထဲမှာဆန္ဒပြ၊သတင်းဌာနတွေမှာပြောတာကရေတိုမှာဟုတ်သလိုရှိပေမယ့်ရေရှည်မှာဘယ်သူမှအဆင်မပြေပါ။ပြည်မကပြည်သူတွေကDASSK ရဲ့မျက်နှာကိုသာကြည့်နေတာပါ။

ခေါင်းဆောင်တွေအားလုံးစဉ်းစားရမှာခြေဥပြင်ရာမှာDASSK နဲ့ပူးပေါင်းဆောင်ရွက်ပြီးသူမငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလဲအောင်မြင်အောင်ပူးပေါင်းဆောင်ရွက်ခြင်းဟာသာနှစ်ဖက်စလုံးအဆင်ပြေတဲ့win-win နည်းဖြစ်ပါတယ်။မဟုတ်ဘဲအာရာဖတ်လမ်းစဉ်ဆိုရင်တော့ပြဿနာကဇတ်မျောကြီးဖြစ်နေပါလိမ့်မယ်။အာရာဖတ်ကိုအားမကျပါနဲ့။ယခုလဲအပစ်ရပ်ကိုသြဂုတ်လ၃၁ရက်အထ်တိုးလိုက်ပါတယ်။၂၀၂၀အမှီငြိမ်းချမ်းရေးကိုလက်မှတ်ထိုးနိုင်ပါစေ။

75 views0 comments
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page