top of page
Search

ပွဲပြီးသွားပြီ သာဝရေ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 12, 2021
  • 1 min read

သာဝဟာ မဲစာရင်းတွေအတုလုပ်ကြေညာပြီး အစိုးရကို သိက္ခာကျအောင်လုပ်လာတာဟာ ဒီနေ့မှာ ပွဲပြီးသွားခဲ့ပါပြီ။

ပထမဆုံးက ပြည်သူ ၈၀% က NLD ကို မဲပေးလိုက်တာပါ။ မဲပေးနှုန်းကလဲ များခဲ့ပါတယ်။ ဒါ့ကြောင့်ဘင်ကိစ္စနဲ့ အမြင်မကြည်တဲ့ အနောက်နိုင်ငံတွေရဲ့ဖခင် အင်္ဂလန်ဝန်ကြီးချုပ်ကတောင် ဖုန်းဆက်ပြီးဂုဏ်ပြုစကား ဆိုခဲ့ရတာပါ။ အာဆီယံအစည်းအဝေးမှာလဲ နိုင်ငံတိုင်းက DASSK အနိုင်ရတာကို ဂုဏ်ပြုစကားပြောခဲ့ကြပါတယ်။ ဒါတွေဟာ အဝေးကနေ ပြောတာမိုလို့ စိတ်ထဲဇဝေဇဝါ ဖြစ်နေသူတွေအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ကိုယ်တိုင်လာပြောတာက ပွဲသိမ်းပါ။ ဘာ့ကြောင့်လဲ?

အနောက်တိုင်းမှာနေသူ ဒီမိုအချို့ရော၊ တိုင်းပြည်ထဲက ဒီမိုအချို့ရော တရုတ်နိုင်ငံရဲ့ မူဝါဒအချို့ကို မကြိုက်တာ နားလည်ပါတယ်။ ဒါပေမယ့် စာရေးသူအတွက်က သာဝနဲ့ အဘတို့ကို ချုပ်ထားနိုင်တာကလောလောဆယ်မှာ တရုတ်သာရှိပါတယ်။ သာဝတို့အုပ်စု ပိုက်ဆံထားတာက စင်ကာပူနဲ့ တရုတ်နိုင်ငံပါ။ ဒါ့ကြောင့် စင်ကာပူနဲ့ တရုတ်နိုင်ငံသာ သာဝကို ဒုက္ခပေးလို့ရပါတယ်။ အမေရိကန်နဲ့ ဥရောပကသာဝကို စီးပွါးရေးပိတ်ဆို့လဲ သာဝက အပြုံးမပျက်ပါ။ ဒါပေမယ့် တရုတ်နိုင်ငံက ကိုင်ရင်တော့ သာဝမွဲမှာပါ။

ယခုလဲ DASSK က သူပုန်တွေကို အားမပေးမှ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေကို စဉ်းစားမှာလို့ ပြောထားပြီးပါပြီ။ နောက်ပြီး DASSK ဟာ ပြည်သူ့မျက်နှာသာကြည့်ပြီး ကိုဗစ်ကာကွယ်ဆေးတောင် တရုတ်ထံက ဆေးပညာဆိုင်ရာအထောက်အထားရမှ ယူမယ်လို့ ပြောသူပါ။ အိန္ဒိယကထုတ်တာက အင်္ဂလန်ကဆေးမိုလို့ ဝယ်တာပါ။ သူမက ပြည်သူ့မျက်နှာသာ ကြည့်သူပါ။ ယခုလဲ တရုတ်နိုင်ငံက မြန်မာပြည်ကရွေးကောက်ပွဲကို ချီးကျူးသွားလို့ ပွဲပြီးသွားပါပြီလို့ သာဝကို ပြောပါရစေ။ သာဝကိုလဲ အစိုးရစကားနားထောင်ဖို့ ဆုံးမနိုင်သူပါ။ ဆက်မိုက်နေရင်တော့ ကုလမလာခင် သာဝရဲ့ ဒယ်ဒီက ငွေတွေသိမ်းပြီးဆုံးမပါလိမ့်မယ်လို့ ပြောပါရစေ။

Photo credit: Myanmar President and Myanmar State Counsellor Office

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jan 12, 2021

ဦးမြတ်!!!တရံတခါဆီက ကြားဖူးခဲ့သော ဇာတ်သဘင်တွင် ကျော်ကြားခဲ့သည့် သီချင်းလေး

**ကလာကာကြီးရယ် နေပါဦး၊

က လို့ ၊ ကောင်းနေတုန်း**

ပတ်စာခွါ ဖျာသိမ်း အိမ်ပြန်ကြစို့။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page