top of page
Search

ပုံနှစ်ပုံ၏ ကွာခြားမှု

Writer's picture: Myat Tun OoMyat Tun Oo

ပန်းချီတို့ ဓာတ်ပုံတို့၊ ကာတွန်းတို့ဟာ စကားလုံးတွေထက် ထိရောက်တာ အားလုံးလက်ခံမှာပါ။ ယခုပြောပြလိုတာက ဓာတ်ပုံလေးတွေနဲ့ပတ်သက်ပြီး မအလတပ်ထဲမှာ အကျိုးသက်ရောက်မှုပါ။ ပထမပုံက KNU က မိလာတဲ့ မအလတပ်ကို ထမင်းကျွေး၊ ရေသန့်တိုက်တာပါ။ KNU ကို လူ့အခွင့်အရေးအဖွဲ့တွေက ချီးကျူးမှာ သေချာပါတယ်။ သတင်းစာသမားတွေကလဲ ချီးကျူးမှာပါ။ KNU ရဲ့ PR ကောင်း ပုံရိပ်ကောင်းသွားတာပေါ့။ ဒါပေမယ့်တပ်ထဲမှာကဘာမှ လှုပ်လှုပ်ရှားရှားမဖြစ်ခဲ့ပါ။ အချို့လဲ မိရင်အဖမ်းခံလိုက်မယ် အဘလာကယ်မယ်လို့ ထင်မှတ်သူလဲ ရှိနိုင်ပါတယ်။

နောက်ပုံ (ဗီဒီယိုဖိုင်)က PDF တွေက ရဲစခန်းကို ဝင်သိမ်းရာမှာ ရဲမိသားစုတွေကို ဘာမှမလုပ်ဘဲ ပြန်လွှတ်ပေးတာပါ။ သူတို့လုပ်တာကောင်းပါတယ်။ လူ့အခွင့်အရေးအဖွဲ့နဲ့ သတင်းအဖွဲ့တွေကလဲ ချီးကျုးမှာပါ။ အဲ့ဒါအပြီးမှာ ရဲတွေက သူတို့မိသားစုတွေကို စခန်းကရွှေ့တာကိုရပ်လိုက်ပြီး စခန်းဝင်စီးလဲ လက်နက်ယူထွက်ပြေး မိမိ မိသားစုကိုထားခဲ့ရမယ်ဆိုတဲ့ အမိန့်စာသာ ထွက်လာခဲ့ပါတယ်။ တပ်နဲ့ ရဲထဲမှာ ဂယက်မထခဲ့ပါ။

မနေ့က ဦးနှောက်ထွက်တဲ့ပုံတက်အပြီးမှာ ဖာတန်းမီးလောင်သလို မအလတပ်ထဲမှာဖြစ်သွားခဲ့ပါတယ်။ အဆိုပါပုံကိုတင်သူကို report ထုဖို့ အင်တာနက်တပ်၊ လော်ဘီအဖွဲ့၊ စရဖအဖွဲ့များကို ညွှန်ကြားပါတယ်။ လေကြောင်းပစ်ကူသုံးပြီး အင်အားသုံးအမြန်နှိမ်နင်းဖို့လဲ အောင်စိုးကိုခေါ်ပြောပါတယ်။ ပြဿနာက အဆိုပါပုံကို ဗိုလ်လေးတွေ၊ ဗိုလ်ကြီးတွေလဲ မြင်ခဲ့ပါတယ်။ဗိုလ်မှူးတွေလဲမြင် သူတို့ရဲ့မိန်းမတွေလဲ မြင်လိုက်ပါတယ်။ ဒါကြောင့် မြေပြင်စစ်ကြောင်းထိုးရာမှာ ပြဿနာတက်ပါတယ်။ အချို့ကလဲ CDM လုပ်ဖို့ မိမိတို့ရဲ့ အမျိုးသားတွေကို ဖိအားပေးလာတာ တွေ့ရပါတယ်။ အချို့ကလဲ တပ်အပြင်ပြောင်းနေဖို့ စပြင်လာနေကြပါပြီ။ ဒီဟာက ဓာတ်ပုံရဲ့ ဂရက်ပါ။ လေတပ်နဲ့ ရေတပ်မှာ အဆိုပါဂရက်မျိုး မရှိသေးပေမယ့် ရှိအောင်လုပ်ရင် ရှိနိုင်ပါတယ်။

ဒီဓာတ်ပုံက ဘာကိုပြောလဲဆိုတော့ ခွေးအုပ်ကို ခွေးအုပ်စုကွဲချင်ရင် တရားခွေသွားဖွင့်လို့မရဘူးဆိုတာပါ။ ခွေးကိုအုပ်စုကွဲစေချင်ရင် အမဲရိုးပစ်ရသလို ခဲနဲ့ပေါက်လိုက်လဲ ကွဲတတ်ပါတယ်။ စစ်ပွဲမြန်မြန်ပြီးချင်ရင် ခွေးကို တရားခွေဖွင့်မလား ခဲနဲ့ပေါက်မလား စဉ်းစားကြပါ။ ဒါပါဘဲ။

2,274 views1 comment

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

1 Comment


Nay Nann myint
Nay Nann myint
Mar 29, 2022

ပြည်ပ က ခွေးသင်တန်းဆင်း ခွေးများက

လူစကားနားလည်ပေမဲ့

မြန်မာပြည် က weredogs များက

လူစကား ကို ကြားလဲ နားမလည်ပါ ။


အရိုး နဲ့ ဒုတ် သာ ပစ်ရပါမယ်

ခွေး အစစ် ကိုတရားနာခိုင်းလျင်

ရချင်ရမယ်။မြန်မာပြည်တပ် ထဲက

နဲ့ အပြင်က were dogs များကို

တရားနာခိုင်းနေသူများကို ဘယ်လို

အသိနဲ့များ ပြောလဲ ဆင်ခြင်ကြည့်

လို့မရနိုင်ပါ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page