top of page
Search

ပါတီအသစ်ထောင်သူများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 30, 2019
  • 1 min read

ပါတီအသစ်ထောင်သူများ

နောက်ဆုံးပေါ် ပါတီအသစ်ကို တည်ထောင်သူများဟာ ဘယ်သူများလဲလို့ စာရေးသူက စိတ်ဝင်တစားလေ့လာကြည့်ပါတယ်။ သူတို့က စီးပွါးရေးပညာရှင်များ၊ လက်ရှိအောင်မြင်နေတဲ့ သစ်လုပ်ငန်းရှင်၊ဟိုတယ်လုပ်ငန်းရှင်၊ ကားလုပ်ငန်းရှင်၊ ကျောက်မျက်လုပ်ငန်းရှင်၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များပါတယ်လို့ ဆိုထားသလို သူတို့က စီးပွါးရေးကိုအဓိကထားလုပ်မယ်လို့ ဆိုထားပါတယ်။

ပထမဆုံး DASSK က လွှတ်တော်အမတ်ရွေးရာမှာ အချို့က ဘွဲ့များသူတွေကိုမရွေးလို့ဆိုပြီး ဖောင်းထုသူတွေရှိခဲ့ပါတယ်။ သူတို့ကို ဘွဲ့ရလို့သာသုံးပါမယ်။ ပညာတတ် မတတ်မပြောလိုပါ။ ပညာတတ်သူကတော့ ဆုံးဖြတ်ချက်မှန်ပါတယ်။ လူကောင်းဖြစ်ဖို့က ပိုအရေးကြီးပါတယ်။ စာဖတ်သူများ စဉ်းစားကြည့်ပါ။ ယခုအချိန်မှာ ဒေါက်ခိုက်ဘယ်လောက်တော်နေပါစေ ခြေဥပြင်ရာမှာ NLD ဘက်က မဲပေးဖို့နည်းသွားပါပြီ။ ဒါကြောင့် လူကောင်းဖြစ်ဖို့က ပထမအရေးကြီးတာပါ။

ပြီးရင် အဲ့ဒီပါတီရဲ့ စီးပွါးရေးပညာရှင်များကို လေ့လာကြည့်ရအောင်။ အများစုဟာ DASSK ကို ဝေဖန်ခဲ့သလို အချို့က သူတို့ကိုမသုံးဘဲ သူတို့ထက် ပိုတတ်သူကိုသုံးလို့ ဂျေဝင်နေသူများပါ။ ဘစိန်အကြံပေးဆိုရင် စာရေးသူမျက်စိထဲမြင်တာက ကြက်ခန်းထောင်စားတဲ့ တပ်ထွက် ဒေါက်တုကြီးပါ။သူကတော့ သူ့မှာပါတီရှိပြီးသားမိုလို့ ဒီပါတီထဲ မပါတော့ပါ။

စီးပွါးရေးပညာရှင်အပြီးမှာ စီးပွါးရေးသမားဆိုသူများကို လေ့လာပါမယ်။

ပထမကသစ်လုပ်ငန်းရှင်ပါ။ သူတို့က ဘစိန်လက်ထက်က သစ်ကိုစည်းကမ်းမဲ့ခုတ် တိုင်းပြည်ကိုသစ်တောပြောင်အောင် ဘပြောင်နဲ့ပေါင်းလုပ်သွာရသူတွေပါ။ သူတို့လုပ်လို့ သစ်တောပြုန်းပြီး လူတွေမှာ အပူပြင်းတာတွေ၊ ရေကြီးတာတွေ မြေပြိုတာတွေ ခံနေရတာပါ။ NLD အစိုးရလက်ထက်မှာ ယခင်လို ခိုးချင်တိုင်း ခုတ်ချင်တိုင်း သစ်မခုတ်ရတော့လို့ စီးပွါးရေးက မအောင်မြင်တော့ပါ။

ဒုတိယကတော့ ဟိုတယ်လုပ်ငန်းရှင်ဆိုသူပါ။ သူက အဘတို့လက်ထက် ဟိုတယ်ဝန်ကြီးတွေနဲ့လာဘ်ထိုးပြီး တိုင်းပြည်အဆောက်အအုံတွေကို ဂွင်ဖန်ပြီး သူခိုးစျေးနဲ့ အောက်စျေးနဲ့ယူ ပြီးရင်နိုင်ငံခြားကလူကိုတဆင့် ဂွင်ပြန်ရောင်းစားသူ ပွဲစားသူခိုးအဆင့်ပါ။ NLD အစိုးရလက်ထက်မှာကယခင်ကလို ခိုးမကောင်းလို့ စီးပွါးရေးက မကောင်းပါ။

တတိယက ကားလုပ်ငန်းရှင်။ သူတို့ကလဲ ဘစိန်လို ခေါင်းမရှိသူရဲ့ ကားမူဝါဒကြောင့် ကားသင်္ချိုင်းကကားတွေကိုသွင်းပြီး မြို့ကြီးတွေကို မီးခိုးတိုက် အဆုတ်ရောဂါပေးပြီး သူတို့ကတော့ စီးပွါးဖြစ်သလိုအောင်မြင်ခဲ့ပါတယ်။ NLD အစိုးရလက်ထက်မှာက တိုယိုတာလို ကုမ္ပဏီတွေက ကားစက်ရုံလာဆောက်ပြီး ကားအသစ်တွေထုတ်လာသလို အစိုးရကလဲ ကားသက်တမ်းနု မော်ဒယ်မြင့်ကားတွေသာအသွင်းခံတော့လို့ ယခင်ကလောက် အမြတ်မရတော့ပါ။ ရေရှည်မှာ ပြည်သူတွေရဲ့ ကားကြောင့်ဖြစ်တဲ့ကျန်းမာရေးအန္တရာယ် ပတ်ဝန်းကျင် ညစ်ညမ်းမှုအန္တရာယ် ကားဟောင်းကြောင့်ဖြစ်တဲ့ ယဉ်အန္တရာယ်တွေ နည်းသွားပါမယ်။

ကျောက်မျက်လုပ်ငန်းရှင်ကလဲ ယခင်က ကျောက်ကွက်ကို အဘနဲ့ပိုင်ရင် ဂွင်ရိုက်လို့ရခဲ့ပေမယ့် ယခုအစိုးရလက်ထက်မှာ မခိုးရတော့လို့ ဂွင်ပျောက်သူများပါ။

ထိုပါတီထဲပါတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကလဲ ယခင်က မြေကိုအစိုးရထံကအလကားရ၊ ဒါမှမဟုတ် အဘနဲ့ပေါင်းပြီးသိမ်း၊ ဆောက်ရင်လဲ ရန်ကုန်မှာ စည်းကမ်းမဲ့ဆောက်ဆိုတော့ အမြတ်ကအများကြီးကျန်မှာပါ။ ယခုအစိုးရလက်ထက်မှာက မြေကလဲ ယခင်ကလိုမရ တိုက်တွေကိုလဲစည်းကမ်းနဲ့ဆောက်ရတော့ စီးပွါးရေးက မကောင်းတော့ပါ။

ဒီနေရာမှာ သာမန်လူအချို့က ငါတို့လဲ စီးပွါးရေးမကောင်းဘူးလို့ ပြောသူရှိနိုင်ပါတယ်။ အချို့လူတွေရဲ့ စီးပွါးရေးက ခရိုနီများ၊ အဘများနဲ့ မသိမသာရော သိသိသာသာပါ ရောနှောနေပါတယ်။ ဒါကြောင့်ပါ။ ဥပမာ နာမည်ကြီး ဓာတ်ပုံဆရာတစ်ယောက်ဆိုရင် သူ့ထံမှာ ယခုပါတီကခရိုနီတွေ အဘအမျိုးတွေက ဓာတ်ပုံလာရိုက်ပေမယ့် ယခုမရိုက်လို့ စီးပွါးရေးမကောင်းနိုင်ပါ။ ဒါက သွယ်ဝှက်ပြီး ထိခိုက်တာပါ။အချို့ကတော့ ခရိုနီကို ပစ္စည်းရောင်းသူ ခရိုနီထံမှာ အလုပ်လုပ်သူပေါ့။

ခရိုနီစီးပွါးရေးသမားတွေဟာ ယခင်ကလို စည်းမဲ့ကမ်းမဲ့ လုပ်ချင်တိုင်းလုပ်မရ ပေါင်းခိုးချင်တိုင်း ခိုးမရလို့ ပါတီထောင်ကြတာပါ။ ဒီနေရာမှာ အဘတို့က ပါတီများရင် ဒီမိုတွေမဲကွဲမယ်လို့ တွက်ပါတယ်။ထောင်သမျှပါတီကို လေ့လာကြည့်ပါ။ NLD နဲ့ NLD ကို ဆန့်ကျင်တဲ့ပါတီတွေသာ ရှိပါတယ်။

ယခုလဲ စီးပွါးရေးသမားဆိုတာ သူတို့မမြတ်ရင် ခြင်တောင်မရိုက်ပါဘူး။ အထူးသဖြင့် ခရိုနီတွေပေါ့။

ဒီနေရာမှာ ပုံမှန်အဘနဲ့မပေါင်းခဲ့တဲ့ ဒါမှမဟုတ် အမြင်မှန်ရခဲ့တဲ့ စီးပွါးရေးသမားများကို မဆိုလိုပါ။ သူတို့ဟာလဲ အဲ့ဒီပါတီမှာ မပါဝင်ပါ။

ယခု NLD က ကောင်းကင်က drone နဲ့ မျိုးစေ့ချစိုက်တာမျိုးတွေလုပ်ပြီး လယ်ယာစိုက်ပျိုးရေးကိုတိုးတက်အောင်လုပ်သလို တိုယိုတာတို့လို ကုမ္ပဏီတွေ၊ ကိုရီးယားကုမ္ပဏီတွေက တိုက်ရိုက်လာရောက်ရင်းနှီးမြုပ်နှံနေပါပြီ။ စီးပွါးရေးဟာ NLD ရဲ့ ဒုတိယသက်တမ်းမှာ အမေရိကန်က သမ္မတအိုဘားမားဒုတိယသက်တမ်းမှာ တိုးတက်လာသလို ယခုထက်ပို ထင်သာမြင်သာအောင် တိုးတက်လာမှာပါ။

၂၀၀၈ ခြေဥမရှိတဲ့ အရပ်သားအောက်မှာ တပ်ရှိတဲ့ ပြည်တွင်းစစ်မရှိတဲ့ အမေရိကန်တောင် အိုဘားမားရဲ့ ဒုတိယသက်တမ်းရောက်မှ စီးပွါးရေးက ဦးမေ့ာလာခဲ့တာပါ။ မြန်မာပြည်မှာက နှစ် ၅၀ ဖျက်ခဲ့တာကို ဒုတိယသက်တမ်းမှာ တည့်မတ်နိုင်မှာပါ။

ပြည်သူတွေ စဉ်းစားရမှာက ဒီလိုခရိုနီနဲ့ သူတို့ကိုမွေးထားတဲ့ အဘတွေ အမြစ်ပြတ်ဖို့က NLD ကိုသာ မဲပေးရမယ်ဆိုတာပါ။

Photo credit: MOI

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page