ျပတ္သားခ်ိန္တန္ၿပီ
ရင္ၾကားေစ့ေရးကိုဘယ္လိုနားလည္ပါသလဲ။စာေရးသူနားလည္တာကေတာ့၂၀၁၂မတိုင္ခင္ကေျခဥမတိုင္ခင္လုပ္ခဲ့တာကိုေမ့လိုက္ၿပီးေနာက္ေၾကာင္းျပန္အေရးမယူရဘူးေပါ့။အခ်ိဳ႕ကလဲမရဘူးဖမ္းလိုက္ပါေထာင္ခ်လိုက္ပါေပါ့။ဒါေပမယ့္DASSK ကရင္ၾကားေစ့ေရးမူနဲ႔ေနာက္ေၾကာင္းမျပန္ဘူး။သူကိုယ္တိုင္အႀကိမ္ႀကိမ္လုပ္ၾကံခံရေပမယ့္သင္ပုန္းေခ်လိုက္တယ္။ဒါကိုစာေရးသူကေတာ့သူမေတာင္လက္ခံႏိုင္ရင္လက္ခံပါတယ္။အခ်ိဳ႕အေဝးေရာက္ဒီမိုအခ်ိဳ႕ကသန္းေရႊဘာညာဆိုေပမယ့္ဒါဟာရင္ၾကားေစ့ေရးအေနနဲ႔လက္ခံရမွာပါ။ဒါေပမယ့္ရင္ၾကားေစ့ေရးဟာဒါဆိုရင္ၿပီးၿပီလို႔ထင္ပါတယ္။
ယခု၂၀၁၆မွာဒီမိုအစိုးရအာဏာရလာတယ္။နည္းမ်ိဳးစံုနဲ႔ျပဳတ္ေအာင္ၾကံစည္တယ္။ဒါကိုရင္ၾကားေစ့ေရးနဲ႔ခြင့္လႊတ္လို႔မရပါ။တိုင္းျပည္ကိုဆူပူေအာင္လုပ္ရင္လက္ရွိျပည္သူတင္တဲ့အစိုးရကိုယခင္ဖြတ္နဲ႔ေပါင္းၿပီးျပဳတ္ေအာင္လုပ္ရင္ဒါဟာႏိုင္ငံေတာ္ပုန္ကုန္မႈျဖစ္ၿပီးရင္ၾကားေစ့ေရးနဲ႔မဆိုင္ပါ။လက္ရွိအစိုးရရဲ႕ဥပေဒအၾကံေပးကိုလုပ္ၾကံတာကိုရင္ၾကားေစ့ေရးနဲ႔ခြင့္လႊတ္လို႔မရပါ။
ရင္ၾကားေစ့ေရးဆိုတာကအႏိုင္က်င့္တာကိုအကုန္သည္းခံရမယ္မဆိုလိုပါ။ယခုတပ္က၅၀၅နဲ႔ကိုမင္းထင္ကိုကိုႀကီးတို႔၊ကိုေနမ်ိဳးဇင္တို႔ကိုစြဲတာဟာသူတို႔လုပ္ပိုင္ခြင့္ပါ။စာေရးသူမႀကိဳက္သလိုဒီမိုေတြလဲႀကိဳက္မည္မထင္ပါ။ဟို7 July ဆႏၵျပသူေက်ာင္းသားေတြကိုလဲရဲကဆႏၵျပခြင့္မတင္ရင္တရားစြဲမွာပါ။ဒါကလဲရဲလုပ္ပိုင္ခြင့္ပါ။ဒါကဥပေဒအရစည္းေက်ာ္ရင္စားတာ။မွန္မမွန္ကတရား႐ံုးကဆံုးျဖတ္မွာပါ။
ယခုဝီရသူတို႔၊ဘူးလက္တို႔ဟာလြတ္လပ္စြာေျပာဆိုခြင့္မဟုတ္ေတာ့ဘဲဒီမိုအရအာဏာရလာတဲ့အစိုးရကိုျဖဳတ္ခ်ဖို႔ဗံုးႀကဲဖို႔ေျပာလာလုပ္လာပါၿပီ။အခ်ိဳ႕ကအခ်ိဳ႕မဘသဘုန္းႀကီးေတြဟာနယ္စပ္ကလက္နက္ကိုင္ေတြနဲ႔သိလို႔ၾသဇာလႊမ္းလို႔မထိနဲ႔မတို႔နဲ႔ဆိုသူေတြရွိပါတယ္။ဒီသူပုန္ေလးေတြဟာအမႊားေလးေတြပါ။ဒီသူပုန္ေတြကမဘသဘုန္းႀကီးေတြေျပာတိုင္းထတိုက္ရင္သူတို႔ရဲ႕ၿငိမ္းခ်န္းေရးအိမ္မက္ပ်က္ပါမယ္။တရားဥပေဒစိုးမိုးေရးမွာအစြန္းေရာက္ဘုန္းႀကီးအခ်ိဳ႕ကလက္နက္ကိုင္နဲ႔သိလို႔မဖမ္းရဆိုတာမရွိပါ။အားလံုးဟာဥပေဒေအာက္မွာသာရွိပါတယ္။အိႏိၵယမွာသူ႔ဘာသာဝင္ဆရာေတာ္တစ္ပါးမဟုတ္တာလုပ္လို႔ဝင္စီးရပါတယ္။သူ႔ကိုေထာက္ခံသူမ်ားဟာတစ္ျပည္နယ္လံုးျဖစ္ေပမယ့္ဥပေဒအရအိႏိၵယအစိုးရကဝင္စီးရပါတယ္။
ယခုလိုျပတ္ျပတ္သားသားကိုင္လိုက္တာဟာေကာင္းပါတယ္။ကိုင္လိုက္တဲ့အစိုးရကိုလဲေက်းဇူးအမ်ားႀကီးတင္ပါတယ္။စာေရးသူေထာက္ခံတာဟာအဲ့ဒီလိုေခါင္းေဆာင္မႈကျပတ္သားလို႔ပါ။
ျပတ္သားခ်ိန္တန္ပါၿပီ။
Unicode version
ပြတ်သားချိန်တန်ပြီ
ရင်ကြားစေ့ရေးကိုဘယ်လိုနားလည်ပါသလဲ။စာရေးသူနားလည်တာကတော့၂၀၁၂မတိုင်ခင်ကခြေဥမတိုင်ခင်လုပ်ခဲ့တာကိုမေ့လိုက်ပြီးနောက်ကြောင်းပြန်အရေးမယူရဘူးပေါ့။အချို့ကလဲမရဘူးဖမ်းလိုက်ပါထောင်ချလိုက်ပါပေါ့။ဒါပေမယ့်DASSK ကရင်ကြားစေ့ရေးမူနဲ့နောက်ကြောင်းမပြန်ဘူး။သူကိုယ်တိုင်အကြိမ်ကြိမ်လုပ်ကြံခံရပေမယ့်သင်ပုန်းချေလိုက်တယ်။ဒါကိုစာရေးသူကတော့သူမတောင်လက်ခံနိုင်ရင်လက်ခံပါတယ်။အချို့အဝေးရောက်ဒီမိုအချို့ကသန်းရွှေဘာညာဆိုပေမယ့်ဒါဟာရင်ကြားစေ့ရေးအနေနဲ့လက်ခံရမှာပါ။ဒါပေမယ့်ရင်ကြားစေ့ရေးဟာဒါဆိုရင်ပြီးပြီလို့ထင်ပါတယ်။
ယခု၂၀၁၆မှာဒီမိုအစိုးရအာဏာရလာတယ်။နည်းမျိုးစုံနဲ့ပြုတ်အောင်ကြံစည်တယ်။ဒါကိုရင်ကြားစေ့ရေးနဲ့ခွင့်လွှတ်လို့မရပါ။တိုင်းပြည်ကိုဆူပူအောင်လုပ်ရင်လက်ရှိပြည်သူတင်တဲ့အစိုးရကိုယခင်ဖွတ်နဲ့ပေါင်းပြီးပြုတ်အောင်လုပ်ရင်ဒါဟာနိုင်ငံတော်ပုန်ကုန်မှုဖြစ်ပြီးရင်ကြားစေ့ရေးနဲ့မဆိုင်ပါ။လက်ရှိအစိုးရရဲ့ဥပဒေအကြံပေးကိုလုပ်ကြံတာကိုရင်ကြားစေ့ရေးနဲ့ခွင့်လွှတ်လို့မရပါ။
ရင်ကြားစေ့ရေးဆိုတာကအနိုင်ကျင့်တာကိုအကုန်သည်းခံရမယ်မဆိုလိုပါ။ယခုတပ်က၅၀၅နဲ့ကိုမင်းထင်ကိုကိုကြီးတို့၊ကိုနေမျိုးဇင်တို့ကိုစွဲတာဟာသူတို့လုပ်ပိုင်ခွင့်ပါ။စာရေးသူမကြိုက်သလိုဒီမိုတွေလဲကြိုက်မည်မထင်ပါ။ဟို7 July ဆန္ဒပြသူကျောင်းသားတွေကိုလဲရဲကဆန္ဒပြခွင့်မတင်ရင်တရားစွဲမှာပါ။ဒါကလဲရဲလုပ်ပိုင်ခွင့်ပါ။ဒါကဥပဒေအရစည်းကျော်ရင်စားတာ။မှန်မမှန်ကတရားရုံးကဆုံးဖြတ်မှာပါ။
ယခုဝီရသူတို့၊ဘူးလက်တို့ဟာလွတ်လပ်စွာပြောဆိုခွင့်မဟုတ်တော့ဘဲဒီမိုအရအာဏာရလာတဲ့အစိုးရကိုဖြုတ်ချဖို့ဗုံးကြဲဖို့ပြောလာလုပ်လာပါပြီ။အချို့ကအချို့မဘသဘုန်းကြီးတွေဟာနယ်စပ်ကလက်နက်ကိုင်တွေနဲ့သိလို့သြဇာလွှမ်းလို့မထိနဲ့မတို့နဲ့ဆိုသူတွေရှိပါတယ်။ဒီသူပုန်လေးတွေဟာအမွှားလေးတွေပါ။ဒီသူပုန်တွေကမဘသဘုန်းကြီးတွေပြောတိုင်းထတိုက်ရင်သူတို့ရဲ့ငြိမ်းချန်းရေးအိမ်မက်ပျက်ပါမယ်။တရားဥပဒေစိုးမိုးရေးမှာအစွန်းရောက်ဘုန်းကြီးအချို့ကလက်နက်ကိုင်နဲ့သိလို့မဖမ်းရဆိုတာမရှိပါ။အားလုံးဟာဥပဒေအောက်မှာသာရှိပါတယ်။အိန္ဒိယမှာသူ့ဘာသာဝင်ဆရာတော်တစ်ပါးမဟုတ်တာလုပ်လို့ဝင်စီးရပါတယ်။သူ့ကိုထောက်ခံသူများဟာတစ်ပြည်နယ်လုံးဖြစ်ပေမယ့်ဥပဒေအရအိန္ဒိယအစိုးရကဝင်စီးရပါတယ်။
ယခုလိုပြတ်ပြတ်သားသားကိုင်လိုက်တာဟာကောင်းပါတယ်။ကိုင်လိုက်တဲ့အစိုးရကိုလဲကျေးဇူးအများကြီးတင်ပါတယ်။စာရေးသူထောက်ခံတာဟာအဲ့ဒီလိုခေါင်းဆောင်မှုပြတ်သားလို့ပါ။
ပြတ်သားချိန်တန်ပါပြီ။
Opmerkingen