top of page
Search
Writer's pictureMyat Tun Oo

ပိုးတွေ့သူကို အိမ်မှာထားမလား?


ယခုတလောမှာ ပိုးတွေ့သူကို အိမ်မှာထားဖို့ ပြည်တွင်း ပြည်ပ ဆရာကြီးများက ပြောလာတာတွေ့ရပါတယ်။ ပါချုပ်ဆရာဇော်ဝေစိုးက လောလောဆယ်မှာ containment strategy နဲ့ သွားနေတယ်လို့ပြောထားခဲ့ပါတယ်။ သူက လောလောဆယ်လို့ သုံးထားပါတယ်။ အစိုးရအဖွဲ့မှာ ပညာရှင်တွေရှိပါတယ်။ ပါမောက္ခကြီးတွေပါတဲ့အဖွဲ့ပါ။ သူတို့တွေက အထဲမှာဆွေးနွေးပြီးရင် အစိုးရကို တင်ပြပါတယ်။ ပြီးရင် အစိုးရက နိုင်ငံရေးအရ ဆုံးဖြတ်ချက်ပေးပါတယ်။ ဥပမာ Q ကာလကို သုံးပတ်ကနေနှစ်ပတ်ကို လျော့ပေးခဲ့ပါတယ်။ ဒါက အထောက်အထား Evidence ပေါ် မူတည်ပြီး ဆုံးဖြတ်တာပါ။


ယခုပိုးတွေ့သူကို ဘယ်မှာထားမလဲဆိုတဲ့ကိစ္စကို ကမ္ဘာ့နိုင်ငံတွေအပေါ်မူတည်ပြီး နှိုင်းယှဉ်ရေးပါ့မယ်။ကျွမ်းကျင်သူပညာရှင်များထံက အချက်အလက်စောင့်ရလို့ ရေးတာကြာသွားတာပါ။


တရုတ်နိုင်ငံ

ပထမက တရုတ်ပြည်ပါ။ တရုတ်ပြည်က အာဏာရှင် ကွန်မြူနစ်စနစ်ပါ။ အစပိုင်းမှာ ဖုံးကွယ်ဖို့ကြိုးစားခဲ့ပါတယ်။ နောက်ပိုင်းမှာ ဝန်ခံပြီး သံသယရှိသူ မည်သူကိုမဆိုဖမ်းပြီး ဆေးရုံထဲမှာ ပို့ပါတယ်။ အိမ်တွေကို အပြင်ကနေ ပိတ်ပါတယ်။ အတင်းဖမ်းခေါ်တာပါ။ ဝူဟန်မှာ lockdown က ဇန်နဝါရီ၂၃ မှာ စခဲ့ပါတယ်။ နိုင်ငံအလိုက်ကတော့ ဖေဖော်ဝါရီ ၁၂ လောက်မှာပါ။ ဖေဖော်ဝါရီ ၂၇ ရက်နောက်ပိုင်းမှာ ပိုးတွေ့လူနာ ကျသွားခဲ့ပါတယ်။ တရုတ်က ပိုးတွေ့လူနာအကုန်ဆေးရုံပို့သလို သံသယလူနာကိုလဲ ဖမ်းပြီးခွဲထားတာပါ။ ပြည်သူကိုမေတ္တာရပ်ခံတာ မဟုတ်ပါ။ သူက နှစ်ပတ်အပြီးမှာ ပိုးကျသွားတာ ယခုအချိန်ထိပါ။



အမေရိကန်

အမေရိကန်က ဒီမိုကရေစီရှိပါတယ်။ ပြည်နယ်တွေက အာဏာအပြည့်ရှိပါတယ်။ Lockdown ကို သူတို့ဖာသာ ဆုံးဖြတ်ပါတယ်။ တရုတ်နိုင်ငံကလို ဖမ်းချင်တိုင်းဖမ်းလို့မရပါ။ ထရမ့်က ပြည်ပကလူဝင်လာသူကိုသာ တားလို့ရတာပါ။ ပိုးတွေ့သူကိုလဲ ဆေးရုံအတင်းဖမ်းတင်လို့မရပါ။ ဒါကြောင့် အမေရိကန်ဟာ ကမ္ဘာမှာ သေနှုန်းနဲ့ ရောဂါဖြစ်သူအများဆုံးဖြစ်ပြီး ယခုအချိန်အထိ ဖြစ်နေဆဲပါ။



ယူကေ

သူက ဒီမိုဘိုးအေဖြစ်ပြီး ရောဂါဖြစ်တာသိပေမယ့် Q ကိုလုပ်ဖို့ ပါလီမန်တင် ဥပဒေထုတ်ရပါသေးတယ်။ လူတွေကို တရုတ်လို အတင်းခေါ်လို့မရပါ။ သူက မနိုင်တော့ဘဲ ပိုးတွေ့သူများကို အိမ်မှာနေလို့သာ ပြောလိုက်ရပါတယ်။ သူက ဥပဒေပြုနေစဉ်မှာဘဲ ရောဂါ ပိုးတွေ့သူက သောင်းချီရှိသွားပြီးရောဂါပိုးတွေ့သူကို သေမလောက်ဖြစ်မှသာ ဆေးရုံလာပါ ပြောလိုက်ပါတယ်။ သူက Lockdown ကိုမတ်လ ၂၃ ရင်မှာ စခဲ့ပြီး ဧပြီ လကုန်အထိ ပိုးတွေ့လူနာက မြင့်တက်နေခဲ့ပါတယ်။ ဇွန်လ ၂၂ ရက်လောက်မှ ပြန်ကျခဲ့ပါတယ်။ ဆေးပညာအကောင်းဆုံးတိုင်းပြည် ချမ်းသာသော တိုင်းပြည်မှာ ပိုးကိုထိန်းနိုင်ဖို့ နှစ်လကြာခဲ့တာပါ။ ဥရောပမှာ ကိုဗစ်ကြောင့်သေရာမှာလဲ တတိယလိုက်ခဲ့ပါတယ်။ ယခုဒုတိယလှိုင်း ပြန်လာခါနီးပါပြီ။



ဆွီဒင်

သူကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ Lockdown မချခဲ့ပါ။ သူက လူတွေရောဂါဖြစ်ရင် ခုခံအားရပြီး ပိုးပြီးသွားမယ်ဆိုတဲ့ ဖော်မြူလာပါ။ စစချင်းမှာ အပြောခံရပါတယ်။ ရောဂါဖြစ်သူတွေလဲအင်မတန်များခဲ့ပါတယ်။ သေနှုန်းက ဥရောပမှာ နံပါတ်ငါးပါဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ယခုတော့ဒုတိယလှိုင်းက သူ့မှာ မရှိသလောက်လို့ပြောပါတယ်။


မြန်မာပြည်

မြန်မာပြည်က ဆင်းရဲပါတယ်။ ရောဂါအကြီးအကျယ်ဖြစ်ရင် ကုရခက်ပါမယ်။ နောက်ပြီး နယ်မှာကကျယ်ပေမယ့် ရန်ကုန်ကတိုက်ခန်းတွေက ကျဉ်းပါတယ်။ နောက်သူဌေးကိုပိုးတွေ့လို့ အိမ်မှာနေခိုင်းရင်တောင် သူကအိမ်ဖော်ကို အပြင်ထွက်ဝယ်ခိုင်းရင် အိမ်ဖော်ကနေကူးပါမယ်။ နောက်စည်းကမ်းကစာရေးသူတို့တိုင်းပြည်က ဥရောပကလူတွေလို လိုက်နာနိုင်မလားဆိုတာ မေးခွန်းရှိပါတယ်။ နောက်တရားဥပဒေစိုးမိုးမှုမရှိလို့ အိမ်မှာပိုးတွေ့သူကိုထားပြီး အပြင်မထွက်အောင်တားဖို့ ခက်ပါမယ်။ ဥပမာအနေနဲ့ လေယဉ်ပေါ်ကလူတွေကို သူတို့အသိနဲ့ သတင်းပို့ခိုင်းတာ တစ်ဝက်မလာတာက သက်သေပါ။


မြန်မာပြည်ဟာ ဆင်းရဲလို့ ကိုဗစ်မှာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ရမှာပါ။ ဥပမာ အမေရိကန်၊ ယူကေနဲ့ ဆွီဒင်မှာက ကင်ဆာရောဂါရှိသူ၊ ခုခံအားကျသူကို အိမ်ထဲနေခိုင်းလို့ရပါတယ်။ အစိုးရတွေကလဲချမ်းသာပါတယ်။ အမေရိကန်မှာဆို အိမ်ထဲနေခိုင်းပြီး ဘဏ်ထဲကို ဒေါ်လာတစ်ထောင် သွင်းပေးသွားတာပါ။ ကျန်းမာရေးစောင့်ရှောက်မှုကလဲ ကမ္ဘာ့ထိပ်သီးတွေပါ။ စာရေးသူတို့တိုင်းပြည်မှာက ခြေဥကအစ တရားဥပဒေစိုးမှုရော ဆင်းရဲတာရော အကုန်ပေါင်းနေပါတယ်။


ဒါဆိုမင်းက ဘာဖြစ်ချင်တာလဲ။ DASSK ထံမှာ ပညာရှင်တွေရှိပါတယ်။ သူတို့က မြန်မာပြည်ရဲ့အနေအထားကိုလဲ သိပါတယ်။ သူတို့ဟာ ကမ္ဘာ့နိုင်ငံတွေအားလုံးက ဖြစ်စဉ်တွေကိုလေ့လာပြီးအကောင်းဆုံးဖြစ်အောင် လုပ်နေပါတယ်။ ဘယ်ပေါ်လစီမဆို လိုအပ်ရင် သူတို့က ပြင်ပါလိမ့်မယ်။ စာဖတ်သူများလဲ အပေါ်က ဥပမာတွေကိုဖတ်ပြီး ဘယ်လိုပုံစံဖြစ်ချင်လဲ စဉ်းစားကြပါ။


(စာကြွင်း၊ ဤဆောင်းပါးအတွက် ဆေးပညာဆိုင်ရာ အချက်အလက်များကို အမေရိကန်၊ ယူကေနှင့်စင်ကာပူမှ ကူးစက်ရောဂါ အထူးကုဆရာဝန်များမှ ရရှိသည်)

339 views1 comment

1 Comment


Myint Soe Oo
Myint Soe Oo
Sep 18, 2020

ဦးမြတ် ! သမဂ္ဂါ တပေါစ သုခံ

စည်းလုံးညီညာ အောင်ကြောင်းဖြာ ချမ်းသာကိုပေး စဥ်မနှေး။

(မြတ်ဗုဒ္ဓ ဘုရားရှင်၏ အဆုံးအမ သာသနာ)

ဟဒယမှာ သာသနာကိန်းသူတစ်ယောက် ဦးဆောင်ရာနောက် စိတ်တူကြည်မျှ လိုက်ပါစည်းလုံး စည်းရုံးခြင်းဖြင့် CV19. D ကို အနိုင်ယူ အောင်ပွဲခံခဲ့ပါသည်။


****************************


ခုအကြိမ် CV သည် D မှ G (Glycin)သို့ ဗီဇပြောင်းခဲ့ပါပြီ။ ကူးစက်နှုန်း မြန်သလို ၊ ကူးစက် စွမ်းအား အား လည်းပြင်းထန်ပါသည်။ဥပမာ ယှဥ် ၊ မြင်နိုင်ပါ၏။

နယူကလီယာ တုန့်ပြန်မှု ဖြစ်စဥ်

ဒြဗ်စင် တခုကို စွမ်းအားမြင့် လှိုင်း(အမှုန်) နှင့်တိုက်လိုက်တဲ့အခါ အတိုက်ခံဒြဗ်စင် ၂ ခြမ်း ၊(အမှုန်က ထပ်တိုက်စရာ မလိုပဲ၊ ၂ခြမ်းတိုက်စဥ် ပေါ်ထွက်လာသော စွမ်းအင်ကပင်) ၄ ခြမ်း ၊ ၁၆ ခြမ်း

၃၂ ခြမ်း ၊ ၆၄ ခြမ်း ၊ ၁၂၈ ခြမ်း --စသည်ဖြင့် ကွင်းဆက်တုန့်ပြန်မှု(chain reaction) နှင့် လုံးဝအလာတူနေပါသည်။သံသယဝင် စဥ်းစားစရာအချက်တခုပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~


ဦးမြတ် fb တင်ထားတဲ့ဆောင်းပါက com တွေဖတ်ကြည့်လေ့လာမိတဲ့အခါ ဆေးရုံသည်သာ အကောင်းဆုံးဟူသော တုန့်ပြန်မှုများသာတွေ့ရပါသည်။

လူနေထူထပ်ရင် ထူထပ်သလောက်(chain reaction နည်းအတိုင်း) ပြန့်ပွားပါမည်။

အဖျက် စွမ်းအား ကြီးမားပါမည်။

ထိန်းချုပ်ရေး စခန်း ၊ ဆေးရုံမျာသည်သာအကောင်းဆုံးဖြစ်ပါသည်။

အားနည်းချက်က (ရာနုံးခပ်များများ) သစ္စာစောင့်သိမှု နှင့် အမိန့်နာခံခြင်း အားနည်းခြင်းတို့ဖြစ်ပါသည်။

ထိစပ်တွေဘူးသူများကိုယ်တိုင် ဝန်ခံလိုစိတ်မရှိခြင်း၊ စခန်းများကနေ ထွက်ပြေးခြင်း၊ ရွာများတွင် အာဏာဖီဆန်မှုများ ရှိခြင်း၊ ဒါဏ်ချမှတ်မှု မရှိခြင်း။

(ပြစ်ဒါဏ်ချလျှင်လည်း ဘာဒီမိုအစိုးရတုန်း ္္! လာပါဦးမည်)

သူ့အတွက်လား?…


Like
bottom of page