top of page
Search

ပါတီကြည့်မလား လူကြည့်မလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 29, 2019
  • 1 min read

ပါတီကြည့်မလား လူကြည့်မလား

ဒီစကားက ရွေးကောက်ပွဲနီးလာတော့ ခေတ်စားလာပါတယ်။ အချို့ကလဲ ပါတီကြည့်ပေါ့။ အချို့ကလဲလူကြည့်ဖို့ပြောပါတယ်။

ဒီနေရာမှာ ဖွတ်တွေနဲ့ NLD ကို မဲမပေးစေလိုသူများက လူကြည့်မဲပေးပါလို့ ပြောကြပါတယ်။ သူတို့အဓိကရည်ရွယ်ချက်က မဲကွဲအောင်နဲ့ ညွန့်ပေါင်းအစိုးရဖြစ်အောင်ပါ။ ဒါမှ သူတို့တင်လိုသူ အဘက၂၀၂၀ မှာ သမ္မတဖြစ်နိုင်မှာပါ။ ဒါကိုအသာထားပြီး ပါတီကိုကြည့်မဲပေးမလား လူကိုကြည့် မဲပေးမလားဆိုတာ ကမ္ဘာပေါ်က ဒီမိုနိုင်ငံတွေနဲ့ နှိုင်းယှဉ်လေ့လာကြည့်ရအောင်။

ပထမက အမေရိကန်ပါ။ သူက ဒီမိုစနစ်စပြီး ရွေးကောက်ပွဲလုပ်တာ ၁၇၈၈ ပါ။ George Washington ကပထမ သမ္မတပါ။ သူတို့စခါစမှာ ပြည်ထောင်စုလိုလားသူ သမ္မတလောင်းနဲ့ ခွဲထွက်လိုသူ သမ္မတလောင်းတွေဆိုပြီး အရွေးခံကြတာပါ။ ဒါကသူတို့ဟာ အသွင်တူ(values) သူချင်းစုကြတာပါ။ မြန်မာပြည်မှာဆိုရင်လဲ သူခိုးတွေက တစ်ပါတီ၊ သူခိုးအားပေး အရိုးကိုက်ပါတီများနဲ့ လူကောင်းပါတီ NLD လိုပေါ့။ မိမိတန်ဖိုးထားတဲ့အရာပေါ် မူတည်ပြီး စုဝေးကြတာပါ။ ၁၇၉၂ မှာ ဖယ်ဒရယ်ပါတီနဲ့ Demoract-Republican ပါတီဆိုပြီး ၁၈၂၄ အထိရှိခဲ့ပြီး နောက်ပိုင်းမှာ ယနေ့လူသိများတဲ့ ဒီမိုကရက်နဲ့ ရီပတ်ပလီကန်ပါတီတွေ ပေါ်လာခဲ့ပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲတွေမှာ တသီးပုဂ္ဂလိက နိုင်တာမရှိခဲ့ပါ။ ပထမဆုံး George Washington က သူ့နိုင်ငံ လွတ်လပ်ရေးဖခင်မိုလို့ ပါတီမရှိဘဲ သမ္မတဖြစ်ခဲ့တာပါ။ နောက်ပိုင်းက ပါတီတွေကရွေးသူသာ သမ္မတဖြစ်ပါတယ်။ အင်္ဂလန်မှာလဲ လွှတ်တော်ထဲက အမတ်အများစုဟာ ပါတီနဲ့ နွယ်နေပါတယ်။

ဒါဆိုရင် သူတို့ပြည်သူတွေဘယ်လိုမဲပေးသလဲ? အဲ့ဒီလို နိုင်ငံကြီးတွေမှာတောင် ပါတီကိုကြည့်ပြီး မဲပေးနေကြပါတယ်။ အမေရိကန်က သမ္မတက တိုက်ရိုက်ရွေးတာတောင် ပါတီကြည့်ကြပါတယ်။အင်္ဂလန်မှာကတော့ လူတွေဟာ ပါတီခေါင်းဆောင်ကိုကြည့်ပြီး ပါတီကိုမဲပေးကြသလို ပြင်သစ်၊ နော်ဝေးတို့မှာလဲ ထို့အတူပါဘဲ။ မြန်မာပြည်ရဲ့စနစ်ဟာ ဟိုမရောက် ဒီမရောက်ပါ။ သေချာတာက အင်္ဂလိပ်ရော၊ အမေရိကန်ရော ပညာတတ်များပြီး စီးပွါးရေးအဆင်ပြေတဲ့ တိုင်းပြည်တွေမှာတောင် ပါတီကိုကြည့်ပြီးမဲပေးကြပါတယ်။ ဘာလို့လဲဆိုတော့ ပါတီက လူတွေကို ပြန်ထိန်းလို့ပါ။ ပြင်သစ်ပါလီမန်ကြည့်ကြည့်၊ နော်ဝေးပါလီမန်ကြည့်ကြည့်၊ အမေရိကန်ကြည့်ကြည့်၊ အင်္ဂလန်ကြည့်ကြည့် ကြိုက်တဲ့ ပါလီမန်ကို လေ့လာကြည့်ရင် လွှတ်တော်အမတ်တွေရဲ့ ၉၅% ကျော်ဟာ ပါတီနောက်ခံနဲ့ အနိုင်ရလာတာပါ။ သူတို့က ပါတီအပေါ်မူတည်ပြီး မဲပေးသွားတာပါ။ ဒါတောင် သူတို့တိုင်းပြည်ကပါလီမန်ထဲမှာ တပ်မထိုင်နေပါ။

မြန်မာပြည်ရဲ့ အခြေအနေက ခိုးတဲ့ပါတီနဲ့ မခိုးတဲ့ပါတီကိုရွေးရမှာပါ။ ပါတီအချို့ရဲ့ ခေါင်းဆောင်ကခိုးတပ်တယ် ရထားတောင် သံလမ်းနဲ့ ရထားကိုက်အောင်မဝယ်နိုင်သူဆိုရင် ဘယ်လိုလုပ်ရွေးကြမှာလဲစဉ်းစားကြည့်ပါ။ ဒီဥပမာက မကောင်းရင် စာဖတ်သူများကို ပိုကောင်းတဲ့ ဥပမာပေးပါမယ်။ ဘဏ်မှာအစောင့်ခန့်မယ်ဆိုကြပါစို့။ သူက သေနတ်လဲ ပစ်တတ်တယ်၊ လုံခြုံရေးဆိုင်ရာမှာ ဘွဲ့လဲရတယ်။သိုင်းလဲတတ်တယ်။ သူကခိုးတတ်တာလေးဘဲရှိတယ်။ ဒီလိုလူကို ဘဏ်စောင့် ခန့်မလား? ဒါမှမဟုတ်မခိုးတတ်တဲ့လူကိုခန့်ပြီး လိုတာသင်မလား စဉ်းစားရမှာပါ။

မြန်မာပြည်ရဲ့ အခြေအနေက သူခိုးပါတီနဲ့ လူကောင်းပါတီ(NLD)၊ ဓမ္မပါတီ(NLD) နဲ့ အဓမ္မပါတီကိုယှဉ်ရွေးတဲ့အဆင့်သာရှိနေပါသေးတယ်။ အားလုံးအရွေးမှန်ပါစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page