top of page
Search

ပါတီကြောင့်လား၊ အမေစုကြောင့်လား၊ ထရမ့်ကြောင့်လား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 28, 2024
  • 2 min read

ပါတီကြောင့်လား၊ အမေစုကြောင့်လား၊ ထရမ့်ကြောင့်လား?

မြန်မာပြည်မှာ ပါတီတွေက မဲရှုံးတဲ့အခါ သူတို့မဲရှုံးရတာဟာ DASSK ကြောင့် ဖြစ်ကြောင်း သူတို့က NLD အမတ်တွေထက် ပိုတော်ကြောင်း ပိုဘွဲ့ရကြောင်း ဘာညာဆိုပြီး ပြောလေ့ရှိကြပါတယ်။ ဒါမျိုးကို ဖွတ်ပါတီက ပြောလေ့ရှိသလို ကိုကိုကြီးကအစ အခြား ကွန်မြူနစ်ပါတီတွေ ဆိုရှယ်လစ်ပါတီတွေကလဲ သံယောင်လိုက် ပြောလေ့ရှိပါတယ်။ ထို့အတူပါဘဲ အမေစုကိုဝေဖန်တဲ့ သတင်းသမားတွေကို ပြည်သူက ဆိုရှယ်မီဒီယာပေါ်မှာ ပြန်တိုက်ခိုက်ရင်လဲ သူတို့ကို တိုက်ခိုက်သူအား အစွန်းရောက်သမားလို အမေစုကိုကြိုက်တာကို ဘုရားလိုကိုးကွယ်သလို ဘာညာဆိုပြီး ပြည်သူတွေကို နီပိတ်ဘာညာဆိုပြီး ရေးလေ့ရှိကြပါတယ်။ ဒီနေရာမှာ အဆိုပါလူများ သိလို့ရေးရေး မသိလို့ရေးရေး ဒီမိုကရေစီထွန်းကားတဲ့ အနောက်အုပ်စုနဲ့ အမေရိကန်မှာရော ပါတီကြောင့် မဲပေးလား၊ ပါတီခေါင်းဆောင်ကြောင့် မဲပေးလား၊ သူတို့ကြိုက်သူပါတီခေါင်းဆောင်ကိုရေးရင် ပြည်သူက ဘယ်လိုတုန့်ပြန်လဲဆိုတာကို သတင်းသမားများရော၊ အခြားမိမိကိုယ်ကို အင်မတန် ပညာတတ်တယ်လို့ ထင်နေသူ ပါတီခေါင်းဆောင်တွေရော၊ သာမန်ပြည်သူတွေအတွက်ပါ ဗဟုသုတအနေနဲ့ ရေးပြလိုပါတယ်။

ယခုအချိန်မှာ ရေးပြရတာက တော်လှန်ရေးနိုင်ဖို့ အရိပ်အယောင် မြင်လာရချိန်မှာ အာဏာကို အချောင်လိုချင်သူ ပြည်သူကို ကိုယ်စားမပြုတဲ့ အဖွဲ့များစွာက တော်လှန်ရေးကို မောင်ပိုင်စီးဖို့ NUCC မှာ ကြိုးစားလာတာကို တွေ့နေရလို့လဲ ရေးပြတာပါ။

ကမ္ဘာပေါ်မှာ ပါတီတွေဖွဲ့ပါတယ်။ သူတို့မှာ မူဝါဒတွေရှိပါတယ်။ ကြိုက်ရင် အဆိုပါ ပါတီထဲကို ဝင်ကြပါတယ်။ NLD က စစ်အာဏာရှင်ဖြုတ်မယ့်ပါတီဆို ကြိုက်လို့ဝင်သူရှိနိုင်ပါတယ်။ ထို့အတူ အနောက်နိုင်ငံတွေမှာက လက်ဝဲ၊ လက်ယာမူဝါဒအပေါ်မူတည်ပြီး ပါတီဖွဲ့ကြပါတယ်။ အချို့ကလဲ လူမျိုးခြားဝင်တာမကြိုက်လို့ ပါတီဖွဲ့တာရှိပါတယ်။ ဒါဆို DASSK အပေါ် NLD ပါတီအပေါ်သာ မူတည်ပြီး မဲပေးတာ မြန်မာပြည်သူတွေပဲလား?

အိန္ဒိယမှာ ယခင်က လွတ်လပ်ရေးအတွက်တိုက်ခဲ့တဲ့ ဂန္ဒီမျိုးဆက်က နာမည်ကြီးပါတယ်။ သူ့မျိုးဆက်တွေ ဦးဆောင်တဲ့ Indian National Congress ပါတီက နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ကြပါတယ်။ ၂၀၁၄ မှာ မိုဒီဦးဆောင်တဲ့ BJP ပါတီကနေ မိုဒီတက်လာခဲ့ပါတယ်။ သူက မူစလင်ဆန့်ကျင်ရေးမိုလို့ အစပိုင်းမှာ အနောက်အုပ်စုက သူ့ကို ဗီဇာပိတ်ခဲ့ပါတယ်။ အမေရိကန်လဲပါခဲ့ပါတယ်။ နောက်ပိုင်း မိုဒီက အိန္ဒိယပြည်ကို တိုးတက်အောင်လုပ်နိုင်ခဲ့လို့ သူ့ကိုမဲပိုပေးခဲ့ကြပါတယ်။ အိန္ဒိယရဲ့ စျေးကွက်ကကြီးလို့ သူ့ကိုစပိတ်ခဲ့တဲ့ အင်္ဂလန်က ဗီဇာပိတ်တာကို ပြန်ရုတ်သိမ်းခဲ့ရပါတယ်။ ယခုအိန္ဒိယမှာ ရွေးကောက်ပွဲလုပ်နေပါတယ်။ ဧပြီ ၁၉ ကနေ ၂၀၂၄ ဇွန် ၁ ရက်အထိ ရွေးကောက်ပွဲပါ။ မိုဒီနိုင်ဖို့များပါတယ်။ သူ့ကို သူ့သတင်းစာဆရာတွေ သတင်းသမားတွေက မကြိုက်ကြပါ။ သူ့ပြည်သူတွေအများစုက ကြိုက်ပါတယ်။ သူ့ကိုကြိုက်တာမိုလို့ သူရွေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူက မဲပေးပါတယ်။ မိုဒီကြောင့်ပါ။

နောက်ဥပမာက အင်္ဂလန်မှာပါ။ အဓိကပါတီ နှစ်ခုရှိပါတယ်။ ဥရောပကခွဲထွက်ဖို့ ပြည်သူအများစုက မဲပေးခဲ့ပါတယ်။ သတင်းသမားများနဲ့ အထက်တန်းလွှာက မကြိုက်ခဲ့ပါ။ ဥရောပကခွဲထွက်ဖို့ ဥပဒေကို သူတို့က ကန့်ကွက်မဲပေးခဲ့ကြပါတယ်။ နောက်ပိုင်း ဘောရစ်ဂျွန်ဆင် ဝန်ကြီးချုပ်ဖြစ်လာချိန်မှာ သူတို့က ကွန်စားဗေးတစ်ပါတီနဲ့ လေဘာပါတီက ခွဲထွက်ပြီး သီးသန့်ပါတီ ထောင်ခဲ့ကြပါတယ်။

ဒါပေမယ့် ဂျွန်ဆင်က ပြည်သူ့မဲကို ၂၀၂၀ မှာ အပြတ်အသတ်နိုင်ခဲ့ပါတယ်။ အဆိုပါ အင်အားကြီးပါတီနှစ်ခုထဲက ခွဲထွက်သူတွေ၊ ဘီဘီစီက သတင်းသမား Gavin Esler ထောင်ခဲ့တဲ့ Change ပါတီက ခွက်ခွက်လန်အောင် ရှုံးခဲ့ပါတယ်။ ဒါက ပါတီလား လူလားဆိုတာကို ဂျွန်ဆင်က ပြသွားခဲ့တာပါ။ ဒါပေမယ့် သူ့ကို သူ့ပါတီက သူ့ကြောင့်မဲရခဲ့တဲ့ လွတ်တော်အမတ်တွေက ကျေးဇူးကန်းပြီး ဖြုတ်ချခဲ့ပါတယ်။ ယခုအချိန်မှာ သူ့ကြောင့် အပြတ်အသတ်နိုင်ခဲ့တဲ့ သူ့ ကွန်စာဗေးတစ်ပါတီဟာ မဲနိုင်အောင် လုပ်ပေးသူကို ဖြုတ်ချခဲ့လို့ ယခုလာမယ့် ရွေးကောက်ပွဲမှာ ခွက်ခွက်လန်အောင် ရှုံးမယ်လို့ အကြိုစစ်တမ်းတွေက ပြနေပါတယ်။ သူ့ကို ခေါင်းဆောင်အဖြစ်က ဖြုတ်ခဲ့တဲ့ လွှတ်တော်အမတ်တွေဟာ အမတ်နေရာရှုံးတာ၊ အရွေးပြန်မခံတော့ဘူးလို့ ဆုံးဖြတ်ရတာတွေ ဖြစ်လာနေပါပြီ။ ဒါကလဲ ပါတီရော၊ ပါတီခေါင်းဆောင်လူပါ အရေးကြီးတယ်ဆိုတာကို ဒီမိုဘိုးအေနိုင်ငံကြီးက ပြနေတာပါ။ အမတ်တွေက ပါတီနဲ့ သူ့ခေါင်းဆောင်ကိုလူကြိုက်လို့ မဲရတာကို ဒီမိုဘိုးအေကြီးက ပြနေပါတယ်။


ဒါဆို အမေရိကန်ကရော? ၂၀၂၂ အောက်လွှတ်တော် ရွေးကောက်ပွဲမှာ ထရမ့်က သူ့ပါတီအတွက် မဲဆွယ်ပေးခဲ့ပါတယ်။ သူ့ကို ဆန့်ကျင်တဲ့ အမတ်အချို့ကို ပါတီတွင်း ရွေးကောက်ပွဲကနေ ထုတ်ပယ်တာ ခံခဲ့ရပါတယ်။ ထရမ့်ကြောင့် အောက်လွှတ်တော်မှာ အမတ်အများစုနိုင်ခဲ့ပေမယ့် ထရမ့်ကြောင့် အထက်လွှတ်တော်က အမတ်နေရာအချို့၊ ပြည်နယ်အုပ်ချုပ်ရေးမှူး နေရာအချို့လဲ လက်လွတ်ခဲ့ရပါတယ်။ ထို့အတူ အမေရိကန်မှာ နယူးယောက်က ရှေ့နေချုပ် Letitia James ၊ Alvin Bragg နဲ့  ဂျော်ဂျီယာပြည်နယ်က ခရိုင် ရှေ့နေချုပ် Fani Willis တို့က ထရမ့်ကို တရားစွဲပေးမယ်ဆိုလို့ မဲနိုင်ခဲ့ပြီး သက်ဆိုင်ရာနေရာတွေမှာ ရှေ့နေချုပ် အရွေးခံခဲ့ရပါတယ်။ သူတို့ကလဲ သူတို့ကတိအတိုင်း ထရမ့်ကို တရားစွဲပါတယ်။ ဒါပေမယ့် ထရမ့်ထောက်ခံသူတွေကလဲ ဂျော်ဂျီယာပြည်နယ်က ထရမ့်ကိုတရားစွဲသူ ခရိုင်ရှေ့နေချုပ် Fani Willis က ထရမ့်ကိုစုံစမ်းဖို့ သူမခန့်ထားတဲ့ ရှေ့နေ Nathan Wade နဲ့ ဖောက်ပြန်တာကို ဖော်ထုတ်လို့ ပြဿနာပြန်တက်ခဲ့ပါတယ်။ ဒါကို မီဒီယာက ဖော်ထုတ်တာမဟုတ်ဘဲ ထရမ့်ထောက်ခံသူများကသာ ဖော်ထုတ်သွားခဲ့တာပါ။ သူမဟာ သူများမျက်ချေးမြင်ပြီး ကိုယ့်မျက်ချေးမမြင် ဖြစ်သွားခဲ့တာပါ။ ဒါကြောင့် သူမဟာ ရှေ့နေလိုင်စင် အသိမ်းခံသင့် မသင့် အမှုရင်ဆိုင်နေရပါတယ်။ ထို့အတူ ထရမ့်ကိုဝေဖန်တဲ့ သတင်းသမားတွေရဲ့ မတရားလုပ်တာ ဒါမှမဟုတ် အောက်ကွက်တွေကို ဖော်သွားတာကလဲ ထရမ့်ထောက်ခံသူ ပြည်သူတွေပါ။ ဒါကြောင့် ဒီမိုကရက်တွေက ထရမ့်ကို တရားဝိုင်းစွဲတာက နိုင်ငံရေးအရ ထရမ့်ကို နာမည်ကြီးစေသလို ဖြစ်နေပြီဆိုပြီး CNN မှာလုပ်တဲ့ လက်ဝဲဘက်ယိမ်းတဲ့ သတင်းမသား Fareed Zakaria ကတောင် ထပြောနေရပါပြီ။ နိုင်ငံရေးမှာ သူ့အောက်ဖဲလှန်၊ ကိုယ့်အောက်ဖဲလှန်က ကမ္ဘာမှာရှိသလို မြန်မာမှာလဲ ရှိမှာပါ။ အမေစုကိုဝေဖန်ရင် NLD ကို ဝေဖန်ရင် မိမိကလဲ ပြန်ဝေဖန်တာ ခံရမှာက မြန်မာမှာတင် ကွက်ဖြစ်နေတာမဟုတ်ဘဲ ကမ္ဘာမှာလဲ ဖြစ်နေတယ်ဆိုတာကို သတင်းသမားများ မဲရှုံးပါတီများ၊ မဲမရဘဲ အာဏာလိုချင်တဲ့ အာဏာရေးသမားများ၊ ပြည်ပအထောက်အပံ့ခံ NGO များ CSO များ ဗဟုသုတအနေနဲ့သိအောင် တင်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူများကလဲ အိန္ဒိယကပြည်သူများလို အင်္ဂလန်က ပြည်သူများလို အမေရိကန်က ပြည်သူများလို ပါတီခေါင်းဆောင်ရော ပါတီကိုပါကြည့်ပြီး မဲပေးတာပါလို့ ပြောပါရစေ။ မိမိမဲမရတာကို DASSK ကြောင့်လို့ ဆွဲမထည့်ပါနဲ့။ မြန်မာပြည်သူတွေက ကမ္ဘာ့ပြည်သူတွေလိုသာ မဲပေးတာပါလို့ ပြောပါရစေ။ စာရေးသူပေးထားတဲ့ ဥပမာကလွဲနေရင် ထောက်ပြပေးကြပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page