top of page
Search

ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 13, 2021
  • 1 min read

မနေ့က သာဝက သူ့ဒယ်ဒီကို မဲစာရင်းမှားတာ စစ်နေကြောင်းပြောတယ်ဆိုပြီး သတင်းထုတ်ပြန်တာတွေ့ရပါတယ်။ တပ်ဟာ ရွေးကော်မဟုတ်ပါ။ မိမိအလုပ်မဟုတ်ပါ။ ဒါကို မိမိကလုပ်နေရင်တောင်တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ပြောစရာ အကြောင်းမရှိပါ။ မြန်မာနိုင်ငံဟာ အချုပ်အခြာပိုင်တဲ့ နိုင်ငံပါ။ အလွန်ရှက်စရာ ကောင်းပါတယ်။ မိမိက ပြောလိုရင်ပြောသင့်တာက နယ်စပ်ကိစ္စ ခြံစည်းရိုးခတ်တာ ရပ်မလား? မရပ်ရင် ဝင်တိုက်ရမလား စိန်ခေါ်တာမျိုးပေါ့။ ယခုဟာက စကားမှားနေတာတွေ့ရပါတယ်။ သူခိုးက လူဟစ်ဆိုတဲ့ စကားလိုပေါ့။


သာဝက တရုတ်နိုင်ငံခြားရေးဝန်ကြီးကို မဲစာရင်းအကြောင်းပြောပေမယ့် ဟိုက ရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်တာကို ချီးကျူးကြောင်းသာ သူ့ကို ထပ်ပြောသွားခဲ့ပါတယ်။ သူ့သံရုံးကထုတ်တဲ့ ကြေညာချက်မှာ သာဝပြောတာကိုတောင် မထည့်ထားပါ။ နိုင်ငံကြီးတွေက သံရုံးတွေမှာထောက်လှမ်းရေးဌာနရှိပါတယ်။ သူတို့က မဟုတ်တာတွေ့ရင် သတင်းပြန်ပို့ပါတယ်။ ယခုဟာက ဘာမှအကြီးအကျယ်မရှိလို့ ဝိုင်းပြီး Congratulations လုပ်ကြတာပါ။


NLD ကတော့ ပြည်သူသာအမိ ပြည်သူသာအဖ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုတဲ့အတိုင်း ပြည်သူကိုသာ မျက်နှာမူပြီး လုပ်နေတာ တွေ့ရပါတယ်။


သာဝအနေနဲ့ မိမိပြောတာဆိုတာတွေဟာ ရှေ့နောက်ဆင်ခြင်ပြီးမှ ပြောဆိုသင့်ပါတယ်။ မဟုတ်ရင် သာဝစကားဟာ ဟိုစကားဖြစ်သွားတတ်ပါတယ်လို့ သတိပေးပါရစေ။


Photo credit: dsinfo, Xinhua News

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 commentaire


Myint Soe Oo
Myint Soe Oo
13 janv. 2021

ဦးမြတ်!!! တပတ်မှာ တနင်္ဂနွေနေ့ချည်း မရှိပါ။ ဥပုသ်နေ့လည်း ရှိရပါသည်။တနင်္ဂနွေနေ့ဆိုတာ အား လပ် ရက်ပါ။ ဒါ့ကြောင့် အလုပ်မရှိ အားနေလေတော့

#စားကြမယ်ဟေ့! ကောင်းကောင်း

#ဝါးကြမယ်ဟေ့! ကောင်းကောင်း

စားဖို့ ဝါးဖို့ပါပဲ။ ၇ ရက်လုံး စားချင်လို့တော့မရပါ။ အလုပ် မလုပ်ပဲစားလျှင် အစာ မကြေ နိုင်ပါ။အစာမကြေတာများရင် ဝမ်း မကောင်းနိုင်။ ဒီတော့ ခေါင်း ခဲ ရပြီပေါ့။ မကြေညက်စေတဲ့ မကျက်တဲ့ အစိမ်းစားနေသမျှ ဝမ်း မကောင်း၊ ခေါင်း ခဲ ရောဂါ စွဲကပ်ကြပါသည်။

စားသမျှအစာ ကျေညက်ဖို့ ဥပုသ်စောင့်ဖို့လိုပါသည်။ ဒါကြောင့် ဥပုသ်နေ့ဟုခေါ်သော ကိုယ်ကျင့်သီလ လုံခြုံအောင် စောင့်ထိန်းရသော အလုပ် လုပ်ရန်နေ့အဖြစ် ရှေးသူတော်ကောင်းများက ချမှတ်ထားခဲ့ပါသည်။

ဥပုသ်သီလ မြဲမြံသူ လူသူတော်ကောင်းများသည် ကြေကျက်လွယ်သော အစာများကိုသာ#စားကြပါသည်။

မကြေလွယ်သည့်အစာများကိုတော့#ဝါး စားခြင်းမှ ရှောင်ကြဥ်ကြပါသည်။ မကြေလွယ်သည့်အစာများသည် ရောဂါဖြစ်စေတတ်ပြီး စိုးရိမ်ပူပန်ခြင်းပါဖြစ်ပေါ်စေတတ်သည့်#အပူစာများ

ဖြစ်သောကြောင့်ပါ။

အစား မတော်၊ တစ်လုတ်

အသွား မတော် ၊ တစ်လှမ်း

ဥပုသ်နေ့ကိုမှ မလိုလား၊ စားဝါးရမည့် တနင်္ဂနွေချည်းကိုသာ တမ်းတမှန်းဆနေလျှင် အကန်းဘဝနှင့် မထူးပါ။ အကန်းမှန်သမျှ အစာမရလျှင် ရမ်းတတ်ပါသည်။

ဥပုသ်သီလ ဆောက်တည်လေ့ရှိသူများသူ တနင်္ဂနွေလို ရက်အားမှာ အစားအတွက် ရမက်မထားပါကြပါ။ အစား မပက်စက်ဖို့နှင့် မျှတအောင်စားတတ်ရန်နှင့် အား ဖြစ်အောင်သာစားရန် ဆိုင်ရာဝန်းကျင်ကို တိုက်တွန်းနိုးဆော်လေ့ရှိပါသည်။ ေကြကျက်လွယ်သော အအေးစာကိုစားပါက ခေါင်းမခဲသော နမူနာကို ဥပုသ်သီလစောင့်ထိန်းသူက နမူနာစံပြအဖြစ် ရပ်တည်ပြလျက်ရှိပါသည်။ အအေးဓာတ်မြတ်နိုးသူအပေါင်းကတော့ အပူ အဆူမှန်သမျှ လက်မခံလိုကြပါ။

#ကိုယ်ကောင်းလျှင်၊ ခေါင်း မရွေ့

ဆို သလို

#ခေါင်းကောင်းမှလည်း၊ ကိုယ်အထည်ကြီး စည်းလုံး၍ မရွေ့တော့ပါ။

သို့ပါ၍ ခေါင်းကောင်းဖို့လည်း လိုပါသည်။


မေတ္တာဖြင့်

J'aime
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page