top of page
Search
  • Writer's pictureMyat Tun Oo

ပြည့်အင်အားသည် ထီးလင်း၊ ဆားလင်းကြီးနှင့် ယင်းမာပင်တွင်ရှိ၏


မြန်မာပြည်မှာ လက်နက်ကိုင်သူပုန်များစွာ ၂၀၂၁ မတိုင်မှီက ရှိခဲ့ပါတယ်။ သူတို့နယ်မြေတွေမှာ စိုးမိုးနိုင်ပေမယ့် ရန်ကုန်ကို လာမထိနိုင်ခဲ့ပါ။ သူတို့နယ်မြေမှာလဲ တရုတ်အကျိုးစီးပွါးကို မထိရဲခဲ့ပါ။ ဒါကဘယ်အဖွဲ့ကိုမှ နှိမ်ပြောတာမဟုတ်ဘဲ သမိုင်းအထောက်အထားအနေနဲ့ ပြောပြတာပါ။

ဒီအချိန်မှာ စာရေးသူက PDF နိုင်တယ်ပြောနိုင်သလို မအလဘောမဂျာနယ်တွေ ဘောမတွေကလဲ မအလက နိုင်တယ်လို့ ပြောမှာပါ။ ဒီနေရာမှာ သင်ဟာဗုဒ္ဓဘာသာဆိုရင် ဘုရားဟောခဲ့သလို သူများပြောတာနဲ့မယုံဘဲ မိမိဖာသာ လေ့လာပြီး ဘယ်သူပြောတာအမှန်ဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။ သိပ္ပံပညာသမားဆိုလဲ အထောက်အထားနဲ့မှ ယုံမှာပါ။ ဒီနေရာမှာ လေယာဉ်ပစ်လက်နက်မရသေးတာ လူတိုင်းသေနတ်မရသေးတာကို တွေးမပူဘဲ စာရေးသူတို့ သေနတ်လုံးဝမရှိဘဲ ခဲတံနဲ့စခဲ့တဲ့ တော်လှန်ရေးဆိုတာ မမေ့သင့်ပါ။

စာရေးသူတို့ရဲ့ တော်လှန်ရေးအစပိုင်းမှာ အမေရိကန်၊ အင်္ဂလိပ်နဲ့ NATO နေတိုးကို မျှော်ခဲ့ကြပါတယ်။အမေရိကန်သင်္ဘောရောက်နေပြီပေါ့။ နေတိုးဟာ မင်းသားနေတိုးလိုဘဲ နှင်းဆီအငြိမ့်ကတာကလွဲရင်ဘာမှမကူခဲ့ပါ။ ဘိုင်ဒင်ဟ,လဲ မင်းသားနေတိုးလိုပါဘဲ။ နောက် NUG အစိုးရအဖွဲ့ထဲက အချို့ကလဲ အမေရိကန်က မအလကရိုဟင်ဂျာကို လူမျိုးတုန်းသတ်တာ ကြေညာချိန်မှာ ရင်ခုန်ခဲ့ကြပါတယ်။ အချို့ကဆို ငါကအရင်ကထဲကပြောတာ ဘာညာဆိုပြီး ဂုဏ်ယူကြပါတယ်။ အမေရိကန်က ကြေညာပေမယ့်လက်နက်တော့စာရေးသူတို့ကို ယူကရိန်းလို မထောက်ပံ့ပါ။

ဒီလိုအခြေအနေမှာ ပတ်ဝန်းကျင်အိမ်နီးချင်းနိုင်ငံတွေကလဲ မထောက်ပံ့လို့ စာရေးသူတို့တော်လှန်ရေးဟာ အောင်မြင်ဖို့ခက်တယ်လို့ ထင်ရမှာပါ။

စာရေးသူတို့ တော်လှန်ရေးအစပိုင်းမှာက တူမီးနဲ့ခံချတာ မိုင်းဆွဲတာသာ အဓိကလုပ်နိုင်ခဲ့ပါတယ်။ ကယားမှာ ရဲစခန်းဝင်သိမ်းချိန်မှာ မအလတို့က ဒါဟာကယားသူပုန်ကကူလို့ဆိုပြီး သူတို့ရှုံးတာကို ပေါ့အောင်လုပ်ပြောကြပါတယ်။ ပင်လည်ဘူးမှာ ဝင်အသိမ်းခံရတော့လဲ ဒါက KIA ပါလို့ဆိုပြီး အရှက်ပြေပြောခဲ့ပါတယ်။ ပုံမှန်မှာ KIA သာ သူ့ဖာသာတိုက်နိုင်နေရင် ၂၀၂၁ မတိုင်ခင်ထဲက ပင်လည်ဘူးကို ဝင်တိုက်မှာပါ။ ယခု KIA က ပါနိုင်ပေမယ့် အဓိကတိုက်သွားတာက PDF ဆိုတာ မမေ့ပါနဲ့။ ဒါပေမယ့် ထီးလင်းမှာ ရဲစခန်းကိုဝင်စီးသွားတာက ဒေသခံ PDF တွေဆိုတာ မအလဘောမတွေတောင် လက်ခံလာနေရပါပြီ။ လက်နက်တွေလဲ အများကြီးရခဲ့ပါတယ်။ မင်းတို့က ရဲစခန်းကိုသာ တိုက်တာပါလို့ပြောရင် AA လဲ ရဲစခန်းကိုတိုက်တာက စခဲ့တာပါလို့ပြောပါရစေ။

မနေ့ကဆိုရင် ရွှေဘိုဆိပ်ခွန်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ပစ်တဲ့အထိ PDF တွေက မအလတပ်ကို ယခင်ကလို မရှောင်တော့ဘဲ ထိပ်တိုက်တွေ့လာတာတွေ့ရပါတယ်။

ယခုနောက်ဆုံးအကြိုက်ဆုံးကတော့ ဘယ်အဖွဲ့မှ စိန်မခေါ်ရဲတဲ့ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုကို ဆားလင်းကြီးနဲ့ ယင်းမာပင်က စာထုတ်ပြီး ဒဲ့စိန်ခေါ်လိုက်တာပါ။ သူတို့စာထုတ်အပြီး နမခနဲ့ မြောက်ပိုင်းတိုင်းမှာတရုတ်စီမံကိန်းတွေကို လုံခြုံရေးတိုးမြှင့်ဖို့ အစည်းအဝေးတွေ စလုပ်နေရပါပြီ။ ဒီအကွက်ကအင်မတန်လှပြီး စာရေးသူတို့အတွက် အရှုံးမရှိတဲ့အကွက်ပါ။ ဒီနည်းကသာ တရုတ်အနေနဲ့ NUG ကိုတွေ့ပြီး အခွန်ဆောင် အသိအမှတ်ပြု ဖြေရှင်းမလား မအလကိုမြှောက်ပေးပြီးဖြေရှင်းမလား ယူကရိန်းကို ဝင်တိုက်သလို ဝင်တိုက်ပြီးရှင်းမလား ဆုံးဖြတ်ရမှာပါ။ စာရေးသူတို့က တရုတ်ဘာလုပ်လုပ် အရှုံးမရှိနိုင်ပါ။ NUG နဲ့လာတွေ့ပြီး အခွန်ဆောင်ရင် စာရေးသူတို မြတ်သလို မအလကိုမြှောက်ပေးရင်လဲ မအလဟာတရုတ်လူဖြစ်သွားလို့ စာရေးသူတို့အတွက် အနောက်အုပ်စုထံက လက်နက်ရဖို့ နီးစပ်သွားမှာပါ။ မြန်မာပြည်ထဲကို တရုတ်တပ်ဝင်ချလာရင်တော့ ယူကရိန်းထက်တောင် လက်နက်မြန်မြန်ရသွားမှာပါ။

ဆားလင်းကြီး၊ ထီးလင်းနဲ့ ယင်းမာပင်ကိုကြိုက်တာက တော်လှန်ရေးကို တော်လှန်ရေးနဲ့တူအောင် လုပ်လာတာပါ။ အရေးကြီးတာက တော်လှန်ရေးကာလမှာ ဘယ်သတင်းဌာနက ဘာဝေဖန်မလဲ ဘယ်လူ့အခွင့်အရေးအဖွဲ့က ဘာဝေဖန်မလဲ ဘယ်နိုင်ငံကြီးက ငြိုငြင်မလဲ သိပ်မစဉ်းစားဘဲ လုပ်သင့်တာကို လုပ်နေတာပါ။ သတင်းဌာနတွေ လူ့အခွင့်အရေးအဖွဲ့တွေက သူတို့အလုပ်သူတို့လုပ်သလို စာရေးသူတို့ကလဲ တော်လှန်ရေးကို တော်လှန်ရေးလို ဆက်လုပ်ရမှာပါ။ သူတို့က သတင်းဌာနတွေနဲ့လဲ အင်တာဗျူးတွေသိပ်မပေး အာမခြောင်ဘဲ ကိုင်နေတာပါ။

ဒါကြောင့်မိုလို့ ပြည့်အင်အားက ထီးလင်း၊ ဆားလင်းကြီး၊ ယင်းမာပင်နှင့် စစ်ကိုင်း မကွေးတွင်ရှိသည်လို့ ပြောပါရစေ။ ကျန်ဒေသမှာလဲ ပြည့်အင်အားရှိပါတယ်။ ဒါပေမယ့် စစ်ကိုင်းက တရုတ်စီမံကိန်းကိုတိုက်ရိုက်စိန်ခေါ်လိုက်လို့ပါ။

549 views0 comments

Comments


bottom of page