top of page
Search

ပြည်သူ့အားသာရှိသည်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 8, 2020
  • 1 min read

ပထမဆုံးပြောချင်တာက ဒီနေ့ ၁၀ တန်းစာမေးပွဲမှာ အောင်မြင်သူများကို Congratulations ပါလို့ ပြောပါရစေ။ မအောင်သူများလဲ စိတ်ဓာတ်မကျပါတဲ့ ဆက်ကြိုးစားပါ။ အရေးကြီးတာက အမှားအမှန် ဓမ္မအဓမ္မ ခွဲခြားသိမြင်နိုင်တဲ့ ပညာရှိဖို့ပါ။ ဘွဲ့တွေဘယ်လောက်ရရ လွှတ်တော်မှာ အရှက်ရစရာတွေ ထဖတ်တဲ့ စစ်ဆေးဆရာဝန် ဗိုလ်မှူးတွေရှိသလို အမှားအမှန် ခွဲခြားမသိတဲ့ MBA ရ သက်သက်ခိုင်တို့လဲလောကမှာ ရှိနေပါတယ်။ ထို့အတူဘဲ ဘွဲ့မရလို့ စည်းလုံးခြင်းဆိုတာဟာ အဓမ္မကို ဓမ္မက ဒူးထောက်ခြင်းလို့ ထင်သူ ယုန်ခွေးတွေလဲ ရှိပါတယ်။ ဒါကြောင့် စာရွက်ပေါ်က ဘွဲ့ထက် ပညာရအောင်သာ ရှာကြပါ။


စာရေးသူက “မိုးကျတော့ မရွေးပါနဲ့မေမေ” https://www.myattunoo.com/post/မ-က-တ-မရ-ပ-န-မ-မဆောင်းပါးကို မနက်မှာတင်ပြီး တင်တဲ့နေ့မှာဘဲ တပ်၊ ဖွတ်နဲ့ PPP က ကျော်ဇေယျပေါင်းပြီး ကွီးဖြိုးကိုအယုံအကြည်မရှိအဆိုတင်ပါတယ်။ ဒါကတော့ တပ်လွှတ်တော်အမတ်တွေကို အမိန့်ပေးတာ ကပ်ကြိုသိလို့ပါ။


မနေ့က စနေနေ့မနက်မှာက “၈၈ မှ No Vote အတွက် သင်ခန်းစာ” “https://www.myattunoo.com/post/၈၈-မ-no-vote-အတ-က-သင-ခန-စ “ ဆိုပြီးတင်ခဲ့ပါတယ်။ ညနေပိုင်းသတင်းတွေမှာ ဗကသက ‘No Vote’ လှုပ်ရှားမှုကို စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာသွားပါတယ်။ သူတို့ကြေညာတာကို ကြိုမသိပါ။ သူတို့တွေ အစည်းအဝေးလုပ်ပြီး ထိုကဲ့သို့ အစည်းအဝေးလုပ်နိုင်အောင် ထောက်ပံ့မှုအား ကောင်းနေတာတော့သိပါတယ်။


ကိုမင်းကိုနိုင်တို့ ဗကသကတော့ ပြည်သူနဲ့အတူ ၈၈ မှာ ရပ်တည်ခဲ့တာပါ။ ယခု ဗကသကတော့ အဘနဲ့အတူ ရပ်တည်နေတာ တွေ့ရပါတယ်။ ပြည်သူကို ဆန့်ကျင်နေတာပါ။ သူတို့က ခြေဥမကြိုက်လို့လို့ပြောနေပေမယ့် သူတို့ဟာ ခြေဥပြင်ဆင်ရေး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာမရှိပါ။ သူတို့ကိုလဲပြည်သူမပြောနဲ့ သူတို့ကျောင်းသားအချင်းချင်းကတောင် စစ်တပ်ရဲ့လက်ပါးစေလို့ ထင်နေသူကအများစုပါ။ မိမိကိုယ်မိမိ ထင်နေရင် ပါတီထောင်အရွေးခံကြည့်ပါ။ ဘဲဥကွဲရင် ကံကောင်းပါ။ သူတို့ ဗကသလူကြီးကလဲ တပ်သားသမီးဆိုတော့ အဘတို့က ဝယ်ရလွယ်ပါတယ်။ ၂၀၁၆ နောက်ပိုင်း ဗကသကို လေ့လာကြည့်ရင် စစ်အာဏာရှင်ကို တိုက်တာထက် ပြည်သူ့အစိုးရကို တိုက်ခိုက်နေတာက ပိုများပါတယ်။

ပြည်သူများက အာဏာရှင်နဲ့ ၄င်းတို့ရဲ့ လက်ပါးစေများရဲ့ No Vote လှုပ်ရှားမှုကို ဆန့်ကျင်ပြီး မဲသွားပေးကြပါ။ Go Vote လုပ်ကြပါလို့ ပြောပါရစေ။ အစိုးရအနေနဲ့က ပြည်သူ့အားသာရှိပါတယ်။


News Source: Irrawaddy

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

2 Comments


Mr.Myo Min Hlaing
Mr.Myo Min Hlaing
Aug 09, 2020

ခေတ်အဆက်ဆက် သမိုင်းလှခဲ့တဲ့ ကျောင်းသား / ဗကသ ဟာ သူတို့လက်ထက်မှတိုင်ပြည်ကို တလျောက် လုံးနှိပ်စက်လာတဲ့စစ်တပ်နဲ့ပေါင်းပြီးသမိုင်းရိုင်းခဲပြီ။

Like

naynanmyint629395
naynanmyint629395
Aug 08, 2020

တိုင်းပြည် ကို အစွမ်းကုန်


စော်ကားလိုက်တဲ့


အဘလက်ပါးစေ ဗကသ


သမိုင်းအတိတ်ထဲက

တိုင်းပြည်အတွက် ရှင်သန်ခဲ့တဲ့

လှပ တဲ့ ဗကသ. သမိုင်း ရိုင်းသွား

ပါပကော


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page