top of page
Search

ပြည်သူအားလုံးနဲ့ ကွီးဖြိုးကတော့ အမေနဲ့အတူတဲ့

Writer: Myat Tun OoMyat Tun Oo

ပြည်သူအားလုံးနဲ့ ကွီးဖြိုးကတော့ အမေနဲ့အတူတဲ့

ဒီနေ့ရန်ကုန်ပွဲကိုကြည့်လိုက်ရတာ အင်မတန်အားတက်စရာကောင်းပါတယ်။

DASSK ဒီကိစ္စကို ICJ သွားရှင်းမယ်ဆိုစဉ်က စိုးရိမ်ခဲ့ပါတယ်။ နိုင်ငံရေးအရ စွန့်ရမှာမိုလို့ပါ။ နောက်မိမိလူတွေပြောတာကလဲ ဘယ်လောက်မှန်မလဲဆိုတာက မေးခွန်းထုတ်စရာရှိလို့ပါ။ သူမအနေနဲ့က ဒါတွေကို ကြိုတွက်ပြီးသားဖြစ်မှာပါ။ သူမလဲ သူမနိုင်ငံခြားရောက်ရင် ရှေ့နေတွေက ပြောပြရင်လဲ သိမှာပါ။

ဒါပေမယ့် ဒီနေ့မှာတော့ ရန်ကုန်က ပြည်သူတွေက အတိုက်အခံပါတီတွေ ဘာပြောပြော လမ်းပေါ်ထွက်ပြီး DASSK ကိုထောက်ခံကြောင်း ပြသခဲ့ပါပြီ။ အင်မတန်မှ အားရ ပီတိဖြစ်စရာကောင်းတဲ့ မြင်ကွင်းပါ။

အချို့ကိစ္စတွေမှာ သူမကို မည်သို့ပင်အကောက်ကြံပါစေ ပြည်သူနဲ့အတူ သူမက ရှင်သန်နေတယ်ဆိုတာကို ဒီနေ့လိုပွဲတွေက ပြသွားတာပါ။ ဒီနေ့လူအုပ်က အတိုက်အခံပါတီ ၉၅ ပါတီစုစုပေါင်းရဲ့ပါတီဝင်အရေအတွက်ထက်များပါတယ်။

ဟို DVB သတင်းထောက်က လူတွက်တာနည်းတာကတော့ စိုးထွန်းရှိန်ထံက ချေးထားခဲ့တဲ့ မျက်နှာကြောင့်ဖြစ်နိုင်သလို အဘတို့ပွဲတွေက ပိုက်ဆံရှင်းနေကြဆိုတော့ စာရင်းအတိအကျသိနိုင်တာလဲ ပါပါမယ်။

ဒီလိုလူအုပ်က ထောက်ခံတာက ငွေကြောင့် အခွင့်အရေးတွေပေးတာကြောင့်မဟုတ်ဘဲ သူမရဲ့ခေါင်းဆောင်မှုနဲ့ မေတ္တာကြောင့်ပါ။ ဒီလိုပွဲတွေဟာ နိုင်ငံရေးအရ အရေးကြီးပါတယ်။ ဒီပွဲတွေကနေပြည်သူဟာ သူမနဲ့အတူရှိကြောင်း ကမ္ဘာကို ပြနိုင်ခဲ့ပါတယ်။

Photo credit : Original uploader, Speaker, ZawMaubin

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page