ျပည္သူသာအမိျပည္သူသာအဖပါ
NLD ဟာလက္နက္ကိုင္လမ္းစဥ္မက်င့္သံုးဘဲအာဏာရအစိုးရျဖစ္လာတာပါ။သူ႔မွာလက္နက္မရွိပါ။သူ႔အမိန္႔ကိုလံုးဝနာခံတဲ့လက္နက္ကိုင္စစ္တပ္မရွိပါ။သူက၂၀၁၆မွာအာဏာရလာၿပီးၿငိမ္းခ်မ္းေရးကို႐ိုးသားစြာဦးစားေပးအေနနဲ႔လုပ္ခဲ့ပါတယ္။ဒါေပမယ့္ဘယ္လက္နက္ကိုင္ကမွၿငိမ္းခ်မ္းေရးလိုခ်င္ပံုမျပခဲ့ပါ။
စစခ်င္းကလက္ရွိတပ္မေတာ္အေနနဲ႔ကNLD ကိုအစိုးရလို႔မျမင္ဘဲၿပိဳင္ဖက္အေနနဲ႔ျမင္ေနၿပီးစည္းကမ္းအသစ္ေတြထုတ္ခါၿငိမ္းခ်မ္းေရးကိုခက္ေအာင္လုပ္ခဲ့ပါတယ္။တပ္ထဲမွာအမ်ားစုကၿငိမ္းခ်မ္းေရးလိုလားေပမယ့္အထက္ပိုင္းအခ်ိဳ႕ကယခင္ေခတ္ကိုတမ္းတေနသူေတြလဲရွိပါတယ္။သူတို႔ကိုအျပင္ကယခင္လိုမခိုးရသူမ်ားကေျမႇာက္ေပးပါတယ္။
ေနာက္သူပုန္မ်ား။သူတို႔ဟာပုံမွန္ဆိုရင္DASSK ေထာက္ခံတယ္လို႔ထင္ရပါတယ္။ဒါေပမယ့္သူတို႔ရဲ႕ေတြးေခၚမႈေျပာဆိုမႈဟာလဲဖြတ္နဲ႔သာပိုနီးစပ္ပါတယ္။ေအာက္ကဗီဒီယိုမွာဓာတ္ခဲေခါင္းေဆာင္ကအင္တာဗ်ဴးမွာNLD အစိုးရအေၾကာင္းေျပာထားတာပါ။သူေျပာပံုဟာဖြတ္ေတြေဝဖန္ပံုနဲ႔ဆင္ပါတယ္။သူတို႔ခ်ဥ္းကပ္ပံုကDASSK ရဲ႕နာမည္နဲ႔သိကၡာမက်ေစခ်င္ရင္သူတို႔ေတာင္းဆိုသမွ်ကိုတပ္ကေနေတာင္းေပးဆိုတာမ်ိဳးနဲ႔ခ်ဥ္းကပ္တာပါ။
ဒီေနရာမွာသူပုန္ေရာ၊တပ္ေရာကယခင္ဘစိန္လက္ထက္ကေတာင္မေတာင္းဆိုခဲ့တာေတြကိုေတာင္းဆိုၿပီးၿငိမ္းခ်မ္းေရးကိုအလွမ္းေဝးေအာင္လုပ္ၾကပါတယ္။ႏွစ္ဖက္စလံုးကလက္ရွိအေနအထားကိုႀကိဳက္ၾကပံုပါ။တပ္ကလဲသူပုန္ရွိမွလႊတ္ေတာ္ထဲကမထြက္ရမွာျဖစ္သလိုသူပုန္ကလဲယခုလိုျပည္တြင္းစစ္ရွိေနမွဘိန္း၊ေဆးျပားလုပ္စားရတာလြယ္မွာပါ။ၿငိမ္းခ်မ္းေရးရရင္အစိုးရေအာက္မွာႏွစ္ဖက္စလံုးကေနရမွာပါ။
ဒါကိုဘယ္လိုေျဖရွင္းမလဲ။ေရတိုမွာေတာ့စစ္ပြဲေတြဆက္ျဖစ္မွာပါ။ရခိုင္နဲ႔ပလက္ဝမွာဆက္ျဖစ္ေနပါမယ္။ရွမ္းျပည္မွာလဲအပစ္ရပ္တာကယခုဆိုပ်က္သြားပါၿပီ။တပ္ခ်ဳပ္ျပန္လာၿပီးရင္ေတာ့လူႀကီးေတြေတြ႕ဆံုေဆြးေႏြးဖို႔မ်ားပါတယ္။ထိုးစစ္ေတာ့ျပန္ဆင္ရမွာပါ။သံုးဖြဲ႕မကလို႔အားလံုးေပါင္းခ်ရင္လဲအားလံုးကိုခ်ရမွာပါ။ဒါအရွိတရားပါ။
ဒါေပမယ့္ေရရွည္မွာကႏိုင္ငံေရးေဆြးေႏြးပြဲနဲ႔ဖယ္ဒရယ္စနစ္ကသာအေျဖပါ။သူတို႔ကိုႏိုင္ငံေရးအရထြက္ေပါက္ေပးရမယ္ဆိုတာDASSK ကနားလည္ပါတယ္။ျပႆနာကတပ္ခ်ဳပ္ကဘယ္ေလာက္ပူးေပါင္းေဆာင္ရြက္မလဲဆိုတာပါ။
ယခုေျခဥျပင္ဖို႔ျပင္ေနပါတယ္။ျပည္သူကမိမိတို႔ဟာလက္ရွိအစိုးရကိုေထာက္ခံေၾကာင္းစည္းကမ္းတက်ေျခဥျပင္ေရးေထာက္ခံပြဲကေနထုတ္ေဖာ္ျပသၾကပါ။ျပည္သူကဒီမိုအစိုးရေနာက္မွာရွိေၾကာင္းျပင္းျပင္းထန္ထန္ျပထားရင္ယခုေျခဥထက္ပိုေကာင္းတဲ့တိုင္းရင္းသားေတြလိုခ်င္တယ့္၁၀၀% ဖယ္ဒရယ္မဟုတ္ေတာင္၂၅-၅၀% ေလာက္ထြက္လာႏိုင္ပါတယ္။တပ္ဟာလဲလက္ရွိNLD ကတင္ထားတဲ့အလယ္အလတ္ေျခဥကိုေသေသခ်ာခ်ာစဥ္းစားၿပီးေထာက္ခံသင့္ပါတယ္။ဘယ္သူမွေတာ့မိမိလိုခ်င္တာ၁၀၀% မရႏိုင္ပါ။ဖြတ္ေနာက္မလိုက္ပါနဲ႔။
ယခုကမ႓ာေပၚမွာၿငိမ္းခ်မ္းေရးရခဲ့တာလဲဒုတိယကမ႓ာစစ္ျဖစ္ၿပီးမွပါ။စစ္ဆိုတာမေကာင္းေပမယ့္ျဖစ္ခ်ိန္တန္ရင္လဲျဖစ္တတ္ပါတယ္။
ဘယ္အခ်ိန္မွာၿငိမ္းခ်မ္းေရးရမလဲ?။စစ္ကေတာ့၂၀၂၁အထိဆက္ျဖစ္ပါမယ္။ဓာတ္ခဲကရပ္တဲ့အခ်ိန္အေနာက္ဖက္မွာရပ္သြားပါမယ္။ဒါေပမယ့္၂၀၂၀မွာNLD ျပန္အေရြးခံရအၿပီးနဲ႔ေျခဥကိုအနည္းငယ္ျပင္အၿပီးမွာၿငိမ္းခ်မ္းေရးကနီးစပ္လာပါမယ္။အဲ့ဒီအခ်ိန္၂၀၂၁မွာတပ္ခ်ဳပ္အသစ္နဲ႔၂၀၂၀အိမ္မက္မက္သူမ်ားလဲအိမ္မက္ၿပီးသြားလို႔လက္ေတြ႕က်က်ေဆြးေႏြးလာပါလိမ့္မယ္။၂၀၂၀မွာဓာတ္ခဲရဲ႕အိမ္မက္ရွိသလိုဂ်ပုရဲ႕သမၼတအိမ္မက္လဲရွိပါတယ္။
ယခုေလာေလာဆယ္ကေတာ့လံုျခံဳေရးေဆြးေႏြးပြဲမ်ားျဖစ္ခဲ့ရင္သမၼတႀကီးေအာင္ျမင္ပါေစလို႔ဆုေတာင္းလိုက္ပါတယ္။သူပုန္နဲ႔ေဆြးေႏြးပြဲေတြကေတာ့ေဝးေနပါအံုးမယ္။ေရတိုမွာစစ္ပြဲကေတာ့ဆက္ျဖစ္ေနပါမယ္။ျပည္သူကေတာ့NLD နဲ႔ေျခဥျပင္တာကိုသာေထာက္ခံထားပါ။NLD မွာအားကိုးစရာကျပည္သူသာရွိပါတယ္။ျပည္သူသာအမိျပည္သူသာအဖပါ။
Video credit: BBC Burmese
Unicode version
ပြည်သူသာအမိပြည်သူသာအဖပါ
NLD ဟာလက်နက်ကိုင်လမ်းစဉ်မကျင့်သုံးဘဲအာဏာရအစိုးရဖြစ်လာတာပါ။သူ့မှာလက်နက်မရှိပါ။သူ့အမိန့်ကိုလုံးဝနာခံတဲ့လက်နက်ကိုင်စစ်တပ်မရှိပါ။သူက၂၀၁၆မှာအာဏာရလာပြီးငြိမ်းချမ်းရေးကိုရိုးသားစွာဦးစားပေးအနေနဲ့လုပ်ခဲ့ပါတယ်။ဒါပေမယ့်ဘယ်လက်နက်ကိုင်ကမှငြိမ်းချမ်းရေးလိုချင်ပုံမပြခဲ့ပါ။
စစချင်းကလက်ရှိတပ်မတော်အနေနဲ့ကNLD ကိုအစိုးရလို့မမြင်ဘဲပြိုင်ဖက်အနေနဲ့မြင်နေပြီးစည်းကမ်းအသစ်တွေထုတ်ခါငြိမ်းချမ်းရေးကိုခက်အောင်လုပ်ခဲ့ပါတယ်။တပ်ထဲမှာအများစုကငြိမ်းချမ်းရေးလိုလားပေမယ့်အထက်ပိုင်းအချို့ကယခင်ခေတ်ကိုတမ်းတနေသူတွေလဲရှိပါတယ်။သူတို့ကိုအပြင်ကယခင်လိုမခိုးရသူများကမြှောက်ပေးပါတယ်။
နောက်သူပုန်များ။သူတို့ဟာပုံမှန်ဆိုရင်DASSK ထောက်ခံတယ်လို့ထင်ရပါတယ်။ဒါပေမယ့်သူတို့ရဲ့တွေးခေါ်မှုပြောဆိုမှုဟာလဲဖွတ်နဲ့သာပိုနီးစပ်ပါတယ်။အောက်ကဗီဒီယိုမှာဓာတ်ခဲခေါင်းဆောင်ကအင်တာဗျူးမှာNLD အစိုးရအကြောင်းပြောထားတာပါ။သူပြောပုံဟာဖွတ်တွေဝေဖန်ပုံနဲ့ဆင်ပါတယ်။သူတို့ချဉ်းကပ်ပုံကDASSK ရဲ့နာမည်နဲ့သိက္ခာမကျစေချင်ရင်သူတို့တောင်းဆိုသမျှကိုတပ်ကနေတောင်းပေးဆိုတာမျိုးနဲ့ချဉ်းကပ်တာပါ။
ဒီနေရာမှာသူပုန်ရော၊တပ်ရောကယခင်ဘစိန်လက်ထက်ကတောင်မတောင်းဆိုခဲ့တာတွေကိုတောင်းဆိုပြီးငြိမ်းချမ်းရေးကိုအလှမ်းဝေးအောင်လုပ်ကြပါတယ်။နှစ်ဖက်စလုံးကလက်ရှိအနေအထားကိုကြိုက်ကြပုံပါ။တပ်ကလဲသူပုန်ရှိမှလွှတ်တော်ထဲကမထွက်ရမှာဖြစ်သလိုသူပုန်ကလဲယခုလိုပြည်တွင်းစစ်ရှိနေမှဘိန်း၊ဆေးပြားလုပ်စားရတာလွယ်မှာပါ။ငြိမ်းချမ်းရေးရရင်အစိုးရအောက်မှာနှစ်ဖက်စလုံးကနေရမှာပါ။
ဒါကိုဘယ်လိုဖြေရှင်းမလဲ။ရေတိုမှာတော့စစ်ပွဲတွေဆက်ဖြစ်မှာပါ။ရခိုင်နဲ့ပလက်ဝမှာဆက်ဖြစ်နေပါမယ်။ရှမ်းပြည်မှာလဲအပစ်ရပ်တာကယခုဆိုပျက်သွားပါပြီ။တပ်ချုပ်ပြန်လာပြီးရင်တော့လူကြီးတွေတွေ့ဆုံဆွေးနွေးဖို့များပါတယ်။ထိုးစစ်တော့ပြန်ဆင်ရမှာပါ။သုံးဖွဲ့မကလို့အားလုံးပေါင်းချရင်လဲအားလုံးကိုချရမှာပါ။ဒါအရှိတရားပါ။
ဒါပေမယ့်ရေရှည်မှာကနိုင်ငံရေးဆွေးနွေးပွဲနဲ့ဖယ်ဒရယ်စနစ်ကသာအဖြေပါ။သူတို့ကိုနိုင်ငံရေးအရထွက်ပေါက်ပေးရမယ်ဆိုတာDASSK ကနားလည်ပါတယ်။ပြဿနာကတပ်ချုပ်ကဘယ်လောက်ပူးပေါင်းဆောင်ရွက်မလဲဆိုတာပါ။
ယခုခြေဥပြင်ဖို့ပြင်နေပါတယ်။ပြည်သူကမိမိတို့ဟာလက်ရှိအစိုးရကိုထောက်ခံကြောင်းစည်းကမ်းတကျခြေဥပြင်ရေးထောက်ခံပွဲကနေထုတ်ဖော်ပြသကြပါ။ပြည်သူကဒီမိုအစိုးရနောက်မှာရှိကြောင်းပြင်းပြင်းထန်ထန်ပြထားရင်ယခုခြေဥထက်ပိုကောင်းတဲ့တိုင်းရင်းသားတွေလိုချင်တယ့်၁၀၀% ဖယ်ဒရယ်မဟုတ်တောင်၂၅-၅၀% လောက်ထွက်လာနိုင်ပါတယ်။တပ်ဟာလဲလက်ရှိNLD ကတင်ထားတဲ့အလယ်အလတ်ခြေဥကိုသေသေချာချာစဉ်းစားပြီးထောက်ခံသင့်ပါတယ်။ဘယ်သူမှတော့မိမိလိုချင်တာ၁၀၀% မရနိုင်ပါ။ဖွတ်နောက်မလိုက်ပါနဲ့။
ယခုကမ႓ာပေါ်မှာငြိမ်းချမ်းရေးရခဲ့တာလဲဒုတိယကမ႓ာစစ်ဖြစ်ပြီးမှပါ။စစ်ဆိုတာမကောင်းပေမယ့်ဖြစ်ချိန်တန်ရင်လဲဖြစ်တတ်ပါတယ်။
ဘယ်အချိန်မှာငြိမ်းချမ်းရေးရမလဲ?။စစ်ကတော့၂၀၂၁အထိဆက်ဖြစ်ပါမယ်။ဓာတ်ခဲကရပ်တဲ့အချိန်အနောက်ဖက်မှာရပ်သွားပါမယ်။ဒါပေမယ့်၂၀၂၀မှာNLD ပြန်အရွေးခံရအပြီးနဲ့ခြေဥကိုအနည်းငယ်ပြင်အပြီးမှာငြိမ်းချမ်းရေးကနီးစပ်လာပါမယ်။အဲ့ဒီအချိန်၂၀၂၁မှာတပ်ချုပ်အသစ်နဲ့၂၀၂၀အိမ်မက်မက်သူများလဲအိမ်မက်ပြီးသွားလို့လက်တွေ့ကျကျဆွေးနွေးလာပါလိမ့်မယ်။၂၀၂၀မှာဓာတ်ခဲရဲ့အိမ်မက်ရှိသလိုဂျပုရဲ့သမ္မတအိမ်မက်လဲရှိပါတယ်။
ယခုလောလောဆယ်ကတော့လုံခြုံရေးဆွေးနွေးပွဲများဖြစ်ခဲ့ရင်သမ္မတကြီးအောင်မြင်ပါစေလို့ဆုတောင်းလိုက်ပါတယ်။သူပုန်နဲ့ဆွေးနွေးပွဲတွေကတော့ဝေးနေပါအုံးမယ်။ရေတိုမှာစစ်ပွဲကတော့ဆက်ဖြစ်နေပါမယ်။ပြည်သူကတော့NLD နဲ့ခြေဥပြင်တာကိုသာထောက်ခံထားပါ။NLD မှာအားကိုးစရာကပြည်သူသာရှိပါတယ်။ပြည်သူသာအမိပြည်သူသာအဖပါ။
Video credit: BBC Burmese
Bình luận