top of page
Search

ပြည်သူသာအဓိကဆိုတာကိုပြသောမြို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 14, 2020
  • 1 min read

ကိုဗစ်စဖြစ်တော့ DASSK က ပြည်သူသာအဓိကလို့ မိန့်ခွန်းမှာ ထည့်ပြောသွားခဲ့ပါတယ်။ ဒါပေမယ့် ဒါကဘယ်လိုဖြစ်မယ်ဆိုတာ သေချာ နားမလည်ခဲ့ပါ။

နောက် Q စခန်းတွေစလုပ်တယ်။ စာရေးသူရဲ့နောက်ခံအရ တပ်စခန်းတွေမှာများ ထားမလားပေါ့။ အဘကလဲ ပြင်ခိုင်းပြီးသားပါ။ ဒါပေမယ့် အရပ်သားအစိုးရက စခန်းတွေဖွင့်တယ်။ ပြည်သူတွေက ဝိုင်းလှူ ဝိုင်းကူတယ်။ Q တွေမှာလဲ အိမ်ချစ်တို့ ဘာတို့ အနုပညာရှင်တွေက လိုက်ဖျော်ဖြေတယ်။ ဆေးကျောင်းသားလေးတွေက ဝိုင်းကူသလို ဝင်လဲ ဖျော်ဖြေတယ်။

ဒီနေရာမှာ ကရင်ကတက္ကသိုလ်လား မွန်လားမသိ။ သမဂ္ဂက နယ်စပ်ကပြန်လာသူတွေကို ကူဖို့သွားတယ်။ နောက်အစိုးရက လက်လုပ်လက်စားတွေကို ရိက္ခာဝေမယ်။ ဒါက ထောက်ပို့ကွန်ရက်လိုတယ်။နောက်ဝေရင် လူလိုတယ်။ အစိုးရမှာ လုပ်သားအင်အားအတွက် ပေးဖို့ငွေမရှိဘူး။ ဒီမှာ လုပ်အားပေးတွေက ဝိုင်းကူကြတယ်။

မနေ့က DVB debate မှာ လွှတ်တော်အမတ်ရယ်၊ မောင်မောင်ဖောင်တိန်ရယ်၊ သင်ဇာဖွတ်လဲ့ရည်ရယ်ကြည့်လိုက်ရတယ်။ သူမကို ဘာလို့ DVB က ဖိတ်သည်မသိပါ။ DVB မစခင်ကထဲက အိမ်ကမိန်းမကိုသူမက စစ်ပွဲရပ်ပြောတော့မယ် နင်မယုံရင်နားထောင်ဆိုတာ ထင်တဲ့အတိုင်း တကယ်ပြောပါတယ်။ သူ့ကို ပြည်သူ့အဖွဲ့အစည်းများကွန်ရက်က ခေါင်းဆောင်သဘောမျိုးမေးတာပါ။ သူမက အစိုးရအနေနဲ့သူတို့အဖွဲ့တွေကို မိတ်ဖက်လို့သဘောထားပြီး အကူအညီတောင်းပါဘာညာနဲ့ ပြောပါတယ်။ သူမအဖွဲ့က ဘာမှ အစိုးရကို အကူအညီမပေးပါ။ အခြား အစိုးရကို ဝေဖန်လေ့ရှိတဲ့ ရန်ကုန်ကျောင်းသားသမဂ္ဂဆိုလဲ ရှာမတွေ့ပါ။

သင်ဇာဖွတ်လဲ့ရည်တို့ပြောသမျှတွေက နိုင်ငံခြားအကြိုက်ပါ။ ဒါပေမယ့် သူတို့ဟာ အစိုးရရဲ့ လုပ်ငန်းတွေကို ဘေးထိုင်ဘုပြောပြီး ဘာမှ ဝင်မလုပ်ပါ။ ဒါကို အောင်လံမြို့က လုပ်နေသူ လုပ်အားပေးများနဲ့နှိုင်းယှဉ်ပြပါမယ်။ သူ့နာမည်က ဦးစိုးမြင့်အေးပါ။ အောင်လံမှာ Q နေရာတွေကို ထမင်းဝေ၊ လိုအပ်တာတွေ လိုက်လုပ်ပေးပါတယ်။ လူတွေကို ပညာပေးပါတယ်။ သူ့တို့လိုလူမျိုးက တကယ့်ပြည်သူတွေပါ။ DVB က နေရာပေးပြီး debate မှာ မမေးပါ။ ဒါတင်လားဆိုတော့ အောင်လံမှာ မြို့နယ်ဆရာဝန်ကြီး၊ရဲ၊ လွှတ်တော်ကိုယ်စားလှယ်တွေပေါင်းပြီး ပြည်သူအချင်းချင်း အိမ်ပြင်မထွက်ဖို့ ပညာပေးတာ၊နှာခေါင်းစည်းတပ်ဖို့ ပညာပေးတာတွေ လုပ်ကြပါတယ်။ သူတို့က ဟောပြောစည်းရုံးသလို လိုအပ်ရင်စွဲစိဖို့ ထောင်ကားလဲ ပြင်ထားပါတယ်။ မြန်မာ့လူနေမှုစရိုက်ကို တကယ်သိသူများပါ။

ဒီနေရာမှာ အောင်လံက လုပ်အားပေးပြည်သူတွေဟာ အစိုးရက သေနတ်ထောက်ခိုင်းတာမဟုတ်သလိုနိုင်ငံခြားရဲ့ ထောက်ပံ့ခံ NGO လဲ မဟုတ်ပါ။ ကိုယ့်ထမင်း ကိုယ်စားပါ။

ဒါဆိုသူတို့က ဘာကြောင့် သင်ဇာဖွတ်လဲ့ရည်တို့လို အာမခြောင်ဘဲ လက်တွေ့ကူညီနေလဲ။ သူတို့ကပြည်သူတွေမိုလို့ပါ။ သူတို့အသိနဲ့ သူတို့လုပ်နေတာပါ။ ဒါကြောင့် ပြည်သူသာအဓိကလို့ ပြောတာပါ။

Credit: DVB debate, Soe Myint Aung

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

1 Comment


U Myint Soe Oo
U Myint Soe Oo
Apr 15, 2020

ကိုမြတ်ထွန်းဦး! မင်းသားကြီးလိုလဲ မကနိုင် အတတ်ပညာစွမ်းရည်က မရှိ။မကရရင် မကနိုင်အောင် ပတ်မကြီးကို ထိုးဖေါက်တာပါ။ပတ်မကြီးက #နွားသားရေန့ံလုပ်ထားတာမဟုတ်လေတော့ မပေါက်ပါဘူး#။ မေတ္တာ ကရုဏာ အကြင်နာတွေနဲ့ ဖွဲစည်းထားတဲ့ အလွှာထူနဲ့တည်ဆောက်ထားလို့ မပေါက်တဲ့အပြင် တီးသံက မိုးထိညံပြီး နိုင်ငံရပ်ခြား မြန်မာများတောင်ကြားရပြီး နှလုံးစိတ်ဝမ်းအေးချမ်းနေကြပါသည်။ဆရာဝန်ကြီးဒေါ်မြင့်မြင့်စိန်အပါအဝင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ပရဟိတအကျိုးဆောင်များရဲ့ ဟဒယအိမ်မှာ မေတ္တာ ကရုဏာ မုဒိတာ ♥လူသားလောကကိုစောင်ံ့ရှောက်ကာကွယ်တဲ့ တရားတွေကိန်းနေလေတော့♥သေရင်သေပါစေ ကြွေရင်ကြွေပါစေစိတ်ကိန်းနေပါပြီ။ အာဇာနည်စိတ် လူသားဆန်တဲ့စိတ် မြင့်မြတ်သူတို့ (ပါရမီရှိသူတို့၏ရင်တွင်းမှာသာကိန်းသော )စိတ်တွေရှိနေလေတော့ { အသွားအပြန်အနေနဲ့ လှုဒါန်းမှုတွေဟာ တနေ့တမျိုးမရိုးရအောင် ရရှိမှုတွေက }ပတ်မကြီးက ဟန်မပျက် မြည်ဟီးလျက့် ပုံမပျက်။အမြင်ဆိုးအတွေးဆိုးရှိတဲ့ မကရတဲ့ အနှီပုဂ္ဂိုလ်များရဲ့ ရင်တွင်းမှာတော့ ဗလောင်ဆူပွက်ရတက်မအေးကြရလေတော့ အဖျက်စကေးအနေနဲ့ ပြည်ပျက်မှအေးမယ်ဆိုပြီး သွေးထိုးလှုံ့ဆော် ပြည်သူပါအောင် အလိုဆိုးနဲ့ မောင်းထု အကြောင်းအမှုမှန်သမျှ ရောက်လွယ် ထိရှလွယ်တဲ့ သတင်းမီဒီယာက တင်ပြခြင်းသာဖြစ်ပါတယ်။ အမှိုက်ရှိရာ ခွေးချီးလာပါသည်။ ဗြဟ္မစိုရ်တရားများကို ယုံကြည်အားကိုးစွာဖြင့်! %%%%

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page