top of page
Search

ပြည်သူ့ဝန်ထမ်းလား? အကြမ်းဖက်ဝန်ထမ်းလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 29, 2021
  • 1 min read

ဒီစာကိုရေးတာက လျှပ်စစ်ရုံးက ဝန်ထမ်းအချို့က သူတို့က ပစ်မှတ်ဖြစ်လာတယ် ဘာညာဆိုပြီးသတင်းတွေထဲမှာ အော်တာကြားလို့ပါ။

ပြည်သူ့ဝန်ထမ်းကို အင်္ဂလိပ်လို Public servants ပြည်သူ့အခိုင်းအစေပေါ့။ အကြမ်းဖက်ဝန်ထမ်းဆိုတာ အင်္ဂလိပ်မှာ တိုက်ရိုက်မရှိဘဲ အကြမ်းဖက်သမား Terrorist လို့သာ သုံးထားပါတယ်။

အကြမ်းဖက်သမား အကြမ်းဖက်အဖွဲ့ဆိုတာ သာမန်လက်နက်မကိုင်တဲ့ ပြည်သူတွေကို ပစ်သတ်သူ၊ ဖမ်းဆီးသူ၊ ပြည်သူပိုင်ကား၊ အိမ်၊ ပစ္စည်းတွေကို ဖျက်ဆီးသူ၊ အဓမ္မစေခိုင်းသူ လိင်ပိုင်းဆိုင်ရာ စော်ကားသူ၊ ပြည်သူ့ထံမှ မြေယာအဓမ္မသိမ်းသူကို ဆိုလိုပါတယ်။ ဒါတွေအားလုံးဟာလက်ရှိမအလအောက်က တပ်မတော်မှာ ဖြစ်နေလို့ လက်ရှိတပ်မတော်ဟာ အကြမ်းဖက်အဖွဲ့ဖြစ်သွားပြီး သူ့အဖွဲ့ဝင်တပ်မတော်သားတွေဟာလဲ အကြမ်းဖက်သမားတွေ ဖြစ်သွားပါတယ်။နိုင်ငံတကာ ဥပမာနဲ့ကြည့်ရင် မအလက ဘင်လာဒင်ဖြစ်ပြီး သူ့အဖွဲ့ဝင် မိုးမြင့်ထွန်းတို့ကအကြမ်းဖက်သမားတွေပေါ့။

ဒါဆိုရင် သူ့အောက်မှာ အလုပ်လုပ်သူ တပ်ထဲကမဟုတ်တဲ့သူက ပြည်သူ့ဝန်ထမ်းလားအကြမ်းဖက်သမားလားဆိုတဲ့မေးခွန်းက ရှိလာပါတယ်။ မအလဟာ အာဏာသိမ်းတယ် အစိုးရလုပ်တယ်ပေါ့။ ဥပမာ ဘင်လာဒင်က အာဏာသိမ်းတယ် အစိုးရလုပ်တယ်ဆိုပါစို့။ ဘင်လာဒင်အောက်မှာ အမှုထမ်းသူကို အမေရိကန်နဲ့ အင်္ဂလိပ်က ပြည်သူ့ဝန်ထမ်းအဖြစ်သတ်မှတ်မှာလားအကြမ်းဖက်သမားအဖြစ်သတ်မှတ်မှာလားဆိုတာ မေးစရာရှိလာပါတယ်။ အမေရိကန်ဟာ ဘင်လာဒင်ကို ကားမောင်းပေးသူ၊ မီးတပ်ဆင်ပေးသူ၊ ဘင်လာဒင်အတွက် ငွေရှာပေးသူကိုအကြမ်းဖက်သမားအဖြတ်သတ်မှတ်ပြီး ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။

ထို့အတူပါဘဲ မအလအတွက် အလုပ်လုပ်နေတဲ့ စစ်သားနဲ့ရဲဟာ အကြမ်းဖက်သမားဆိုတာထင်ရှားပါတယ်။ ရဲဟာ ပုံမှန်ဆို သူခိုးဓားပြ ဖမ်းရမှာဖြစ်ပေမယ့် သူကိုယ်တိုင်က သူခိုးကာကွယ်သူ ဖြစ်သွားခဲ့ပါတယ်။ ရဲက သေနတ်ကိုင်လို့ ရှင်းပေမယ့် အချို့ဝန်ထမ်းတွေက မရှင်းပါ။ ဥပမာ မိုင်တဲမှာလုပ်သူဟာ မအလအကြမ်းဖက်သမားအတွက် ငွေရှာပေးနေသူမိုလို့ သူဟာလဲအမေရိကန်သတ်မှတ်ချက်အရ အကြမ်းဖက်သမားပါ။ လျှပ်စစ်သမားက လူတွေ မီးလာအောင်လုပ်ပေးသူ မီးပြင်ပေးသူက ပြည်သူ့အကျိုးဆောင်ပါ။ ဒါပေမယ့် မီတာခကို မအလအတွက်အတင်းလိုက်ကောက်ရင်တော့ သူဟာလဲ အကြမ်းဖက်သမားအတွက် ငွေရှာသူဖြစ်သွားမှာပါ။

နောက် DASSK တို့ကို မတရားစီရင်နေတဲ့ တရားသူကြီးတွေ ရှေ့နေတွေကလဲ ဘင်လာဒင်အဖွဲ့ထဲက တရားသူကြီးတွေလိုဘဲ အကြမ်းဖက်သမားတွေပါ။ ပုံမှန်မှာ တရားသူကြီးက လက်နက်မကိုင်လို့ လူမသတ်လို့ ထင်ရပေမယ့် အဆိုပါ ဥပဒေအရာရှိနဲ့ တရားသူကြီးတွေက အကြမ်းဖက်သမားမအလခိုင်းတဲ့အတိုင်း ဆုံးဖြတ်နေလို့ သူတို့ဟာလဲ အကြမ်းဖက်သမားတွေပါ။

အကြမ်းဖက်သမားကို မြန်မာပြည်သူလူထုက ဘာလုပ်မလဲဆိုတာက မိမိဖာသာ ဆုံးဖြတ်ရမှာပါ။လက်နက်ကိုင်လမ်းစဉ်ကို မကြိုက်တဲ့ အမေရိကန်နဲ့ အင်္ဂလိပ်ကတော့ သူတို့ပြည်သူကိုအကြမ်းဖက်ခဲ့တဲ့ ဘင်လာဒင်ကိုရဖို့ အာဖဂန်ကြီးကိုတောင် ဝင်သိမ်းပြီး ဘင်လာဒင်တစ်ယောက်ထဲကို သတ်တာမဟုတ်ဘဲ သူ့ကိုအားပေးတဲ့ တာလီဘန်တွေ တာလီဘန်အောက် အမှုထမ်းခဲ့သူတွေကိုပါ သတ်ခဲ့ပါတယ်။ ပြည်သူ့ဝန်မထမ်းသူကတော့ အကြမ်းဖက်သမားပါ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page