top of page
Search

ပြည်သူနိုင်မှဖြစ်မှာ

Writer: Myat Tun Oo
Myat Tun Oo
Feb 15, 2021
1 min read

ယခုည သန်းခေါင်ကျော်ရင် အင်တာနက်ဖြတ်ပါပြီ။ ယခုစာဖတ်ချိန်မှာ မြန်မာပြည်ထဲမှာ အင်တာနက်ပြတ်နေလောက်ပါပြီ။ ညဘက်မှာ တင့်ကားတွေနေရာယူပြီး ရေကားကရှေ့၊ ပြီးရင်ရဲ နောက်က တပ်နဲ့CDM နေရာက ဝန်ထမ်းတွေဖမ်းဖို့နဲ့ ပြည်သူတွေကို ဒုက္ခပေးဖို့ပါ။ အင်တာနက်မဖြတ်ခင် မြစ်ကြီးနားလျှပ်စစ်ဝင်းမှာ စပစ်တာ မြင်လိုက်ရပါတယ်။ ဒါဟာ နောက်ဖြစ်မှာရဲ့ အစပါ။ လူအင်အားနည်းရင် ခံရပါမယ်။

ပထမ မှန်းထားတာက အချိန်ကြာရင် ဆန္ဒပြသူလျော့လာမယ်လို့ မှန်းထားပေမယ့် မလျှော့လို့ ဗျူဟာပြောင်းလိုက်တာပါ။ ဒီနေ့ မနက် CDM ကို မအောင်မြင်အောင် ယခုညမှာ နေပြည်တော်က ဝန်ထမ်းအိမ်ရာတွေ၊ အခြားမြို့က အချို့ ဝန်ထမ်းအိမ်ရာတွေဝင်ပြီး ဖမ်းဖို့ရှိပါတယ်။ ဒါတွေကို ပြည်သူတွေကlive မလွှင့်နိုင်အောင် အင်တာနက် ဖြတ်လိုက်ပုံပါ။ နောက်ပိုင်းမှာ ဆန္ဒပြပွဲတွေကို အင်အားသုံးဖြိုခွဲတာလာပါမယ်။ ပြည်သူက အင်အားနဲ့ ခံချနိုင်ရင် ပြည်သူနိုင်ပါ့မယ်။ အလျှော့ပေးပြီး ကြောက်လို့မထွက်ခဲ့ရင်တော့ အာဏာရှင်ဟာ နောင်နှစ်ပေါင်းများစွာ သက်ဆိုးရှည်သွားပါမယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဟာ ယခုအချိန်မှာ အစိုးရကဲ့သို့ တရားဝင်အဖွဲ့အစည်းပါ။ပြည်သူတွေအတွက် ကာကွယ်ပေးဖို့ မိမိနဲ့ တန်ဖိုးတူတဲ့ နိုင်ငံကသံအမတ်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးပြည်သူကိုလက်တွေ့ကျကျ ဘယ်လိုကာကွယ်နိုင်မလဲ နည်းလမ်းရှာစေလိုပါတယ်။ ဒါတွေဟာ မလွယ်ပါဘူး။ အစပိုင်းမှာ စိတ်ကူးယဉ်တယ်လို့ ထင်မှာပါ။ ဒါပေမယ့် ဒါဟာ မအလကို ဖြုတ်ချဖို့ အနီးစပ်ဆုံးပါ။

အချိန်က အရေးကြီးပါတယ်။ အားလုံး အဖမ်းမခံရအောင် ရှောင်ကြပါ။ ဆက်သွယ်ရာမှာ Facebook messenger, WhatsApp နဲ့ Viber တို့ကိုသာသုံးပြီး ပြီးရင် message ကို ဖျက်လိုက်ကြပါ။ CDM ဝန်ထမ်းများ ဖြစ်နိုင်ရင် အိမ်မှာမနေပါနဲ့။ ၁၀ ရက်ရှောင်နေနိုင်လဲ တိုင်းပြည်အတွက် ဆယ်ရက် အကျိုးရှိပါတယ်။ အဖမ်းခံရရင် ဘာမှအကျိုးမရှိပါ။

အရေးကြီးတာက ပြည်သူနိုင်မှ ဖြစ်မှာပါ။

 
 
 

Recent Posts

See All
PRF ကိစ္စ

PRF ကိစ္စလေးပြောချင်တယ်။ အားလုံးသိတဲ့အတိုင်း PRF ကိုမလှူအောင် အဖွဲ့ခွဲထောင်တာ၊ အဖွဲ့ခွဲ အလှူခံတာ၊ NUG သိက္ခာကျအောင်လုပ်တာ စတာတွေနဲ့ မျိုးစုံလုပ်ခဲ့တာ အားလုံးသိမှာပါ။ PRF ဟာ စရဖအတွက် ထိုးဖောက်ရအခက်ဆုံး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page