top of page
Search

ပြည်သူနိုင်နေသော ရပ်ကျေးထွေအုပ်စစ်ပွဲ

Writer: Myat Tun Oo
Myat Tun Oo
Feb 25, 2021
1 min read

တိုင်းပြည်ကို အုပ်ချုပ်ရာမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက အဓိကပါ။ ရခိုင်မှာ ရပ်ကျေးထွေအုပ်တွေ နုတ်ထွက်တာ မှတ်မိမှာပါ။ သူတို့ကတော့ AA နဲ့ သူတို့လူမျိုးဖိအားပေါင်းလုပ်တာပါ။ အချို့စစ်မှုထမ်းဟောင်းတွေက အုပ်ချုပ်ရေးမှူးဝင်လုပ်ရင် သတ်ပစ်သည်အထိ ကြမ်းခဲ့ပါတယ်။ ရဲတွေကိုလဲ ရဲစခန်းထဲက အပြင်မထွက်ရဲအောင် ကြမ်းခဲ့ပါတယ်။

ယခုသွားနေတာက အကြမ်းမဖက်လှုပ်ရှားမှုပါ။ လုပ်တဲ့နည်းကွဲပေမယ့် ပစ်မှတ်က တူရပါမယ်။ မအလကခန့်တာကို အများစုသော ရပ်ကျေးထွေအုပ်တွေက လက်မခံ နုတ်ထွက်ကြတာတွေ့ရပါတယ်။နောက် ရပ်ကျေးထွေအုပ်ရုံးတွေကို ပြည်သူက အဝင်မခံတာဟာလဲ အားရစရာပါ။ ဒီနေရာမှာ ရဲကားတွေနဲ့ လာပြီး သူ့လူကို ကာကွယ်တာတွေ့ရပါတယ်။ ရဲဟာ ရပ်ကျေးရုံးတိုင်းကို လုံထိန်းအားအများကြီးနဲ့ နေ့တိုင်းမလာနိုင်ပါ။ မကာကွယ်နိုင်ပါ။ ပြည်သူက ဝိုင်းရင် အဆိုပါရပ်ကျေးရုံးကို သုံးမရအောင်နည်းမျိုးစုံနဲ့လုပ်ရင် မအလ ဘာမှလုပ်မရပါ။ ရပ်ကွက်တိုင်းက ထွေအုပ်ကို ရဲသုံးလေးဆယ်နဲ့ နေ့တိုင်းလုံခြုံရေးမပေးနိုင်ပါ။

နောက်ဆုံးကတော့ ပြည်သူသာ အဓိကပါ။

ပြည်သူညီရင် အုပ်ကြီးလဲ မခံနိုင်ပါ။ မအလ အလိုတော်ရိဆိုရင် ပြည်သူက ပညာပေးရမှာပါ။

ယခု CDM တွေကို ဖမ်းနေတာက မြို့နယ်ရဲစခန်းတွေက ဦးဆောင်နေတာပါ။ ရဲစခန်းနဲ့ ထွေအုပ်ရုံးကိုမြို့နယ်အဆင့်နိုင်ရင် မအလအုပ်ချုပ်ရေး ပျက်မှာပါ။

အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page