top of page
Search
  • Writer's pictureMyat Tun Oo

ပြည်သူတွေရဲ့အောင်ပွဲ


နိုဝင်ဘာ ၂၂ မှာ ထူးခြားတာက NUG ငွေတိုက်စာချုပ်ကို ပြည်သူတွေက ဝယ်ယူမှုများလို့ စာမျက်နှာဝင်မရတာပါ။ ပြည်သူချစ်တဲ့အစိုးရကရောင်းလို့ အားပေးကြတာပါ။ ဒါပေမယ့် မအလငွေတိုက်စာချုပ်ရောင်းရာမှာ သူ့တပ်ထဲက ခွေးတွေတောင် ပြန်မဝယ်ပါ။

ဒုတိယက မအလကို တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးကို မဖိတ်ခဲ့တာပါ။ တရုတ်ကိုယ်စားလှယ်က DASSK နဲ့တွေ့ဖို့ ထပ်မံတောင်းဆိုတာကို မအလက ခွင့်မပြုဘူးလို့ သိရပါတယ်။တရုတ်က သူ့ကို DASSK နဲ့ ပေးတွေ့ရင် ပေးတက်နိုင်ပေမယ့် မအလက ပေးမတွေ့လို့ မအလကိုလဲ ပေးမတက်ခဲ့ပါ။ မဲလုံးဟာ ဘီဘီစီကအစ မေးသူတိုင်းကို မိတ်ဆွေ တရုတ်၊ ရုရှားနဲ့သာ ဆက်သွားမယ် ဘာညာ ပြောလေ့ရှိပေမယ့် ယခုတရုတ်က သူ့ကို ထိပ်သီးဆွေးနွေးပွဲမဖိတ်တာက မအလ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပါ။ မပလ သံတမန်ရေး ကျရှုံးမှုပါ။

ဒါဟာ ပြည်သူတွေရဲ့ သံတမန်ရေး အောင်ပွဲပါ။ NUG ရဲ့ အောင်ပွဲပါ။ ဒါတွေက ၁၉၈၈ နဲ့ မတူဘူးဆိုတာကို ပြနေပါတယ်။ ပြည်သူသာ အဓိကပါ။ အရေးတော်ပုံ အောင်နေပြီ။

575 views1 comment

Recent Posts

See All
bottom of page