top of page
Search

ပြည်သူတွေ ဘာလုပ်ရမလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 15, 2021
  • 1 min read

ပြည်သူတွေ ဘာလုပ်ရမလဲ?



အချို့က နယ်စပ်မှာ သင်တန်းမတက်နိုင်သူတွေ ရှိနိုင်ပါတယ်။ ထိုသူများအနေနဲ့ စရဖက ကြီးကြပ်ဖွင့်တဲ့ ပျူစောထီးစစ်သင်တန်းကို ဖွတ်တွေ၊ အသိခွေအုပ်တွေ၊ စစ်မှုထမ်းဟောင်းကတဆင့်သွားတက်နိုင်အောင် ကြိုးစားသင့်ပါတယ်။

NLD ပါတီဝင်ဖြစ်ဖူးရင်တော့ သူတို့က နောက်ကြောင်းစစ်ရင် သိသွားနိုင်ပါတယ်။ အခြားလူများကိုတော့ မသိနိုင်ပါ။

သူ့စစ်သင်တန်း သူ့လက်နက်နဲ့ သူ့ကို ပြန်ချရုံပါ။ ဗိုလ်ချုပ်အောင်ဆန်းတို့လဲ ဖက်ဆစ်ဂျပန်ထံကစစ်ပညာသင်ပြီး ပြန်ချခဲ့တာပါ။ အနည်းဆုံး အခြေခံစစ်ပညာတတ်နေပြီး တော်လှန်ရေးနေ့အတွက် အဆင်ပြေတာပေါ့။ သူ့လူကိုလဲ ထောက်လှမ်းပြီးသား ဖြစ်သွားမှာပါ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jun 15, 2021

ဦးမြတ်!! အနေ အထိုင် မတတ် ၊ ကိုယ့်ရှုး ကိုယ်ပတ် တဲ့။ ထင်ရာမြင်ရာတွေ လျောက်လုပ်။ နောက်ဆုံး ကိုယ့်တုတ်(ဒုတ်)နဲ့ ကိုယ်ပြန်အရိုက်ခံရ ဟူသော အနက်အဓိပ္ပါယ် ဆောင်ပါသည်။ မနာလို၊ဝန်တိုမှု(ဣဿ၊မစ္ဆရိယ)အခြေခံပြီး သူတပါးပျက်ဆီးရာ ပျက်ဆီးကြောင်း ကြံဆောင်ရင်း မိမိပါ လောင်ကျွမ်းဆုံးရှုံးရသည့်သဘော။ စီးပွါးရေးလောကမှာ ပို ထင် မြင်လွယ်ပါသည်။

တဖက်ဆိုင် ရောင်းကောင်းနေလျှင် ရောင်းအားကျသောဆိုင်မှ စျေးလျော့ရောင်း။ မူဟောင်းအတိုင်း။ တခဏသာရပါမည်။ ရေရှည်မှာ မရပါ။ ဝယ်ယူသူသည် စျေးအပြင်

ဆက်ဆံရေးကိုလည်း ထည့်တွက်ကြပါသည်။

ဆက်ဆံရေး ညံ့ဖျင်းသောဆိုင် ကောက်ရိုးမီးလို တခဏသာ။

ခုလည်း သိရသောသတင်းများအရ အချော့ပေး မြူဆွယ် မက်လုံးများနှင့် ဖွင့်နေရကြောင်း သိရပါသည်။ သည်နွေဦးဖက်မှာက မြူဆွယ်စရာကို မလိုပါ။ ကုန်သည်စကားအရ ရောင်းလိုအား ဝယ်လိုအား ကောင်းလွန်းလှ၍ စျေးကွက်ကြီးတစ်ခုအလား။

ကိုယ့်ရှုး ကိုယ်ပတ် စကား ပြန်စပါရစေ။

~ဘယ်သူ့ကို အားကိုးလို့ အားကိုးရမှန်း မသိတော့ပါဘူးဟု ရွေးပွဲအပြီးမှာ ကြံ့ဖွတ်ဖက်က ရေလာအောင် မြောင်းလေး ပေးခဲ့ပါသည်။

~ မြောင်းရှိတော့ ရေစီးတာပေါ့။ စီးတဲ့ရေက သန်လွန်းအားကြီးတော့ မြောင်းပေါ် ရေလျှံပြီး

မြောင်း ရေနစ်ရတာပေါ့။ ကြံ့ဖွံ့ ပါတီဝင်တွေအတွက် အားကိုးရာ ထပ်ရှာရပြန်ပေါ့။ နံနံပင်

ပြောစကား။

**သတင်းစာ ရှင်းပွဲမှာ.ဖွတ်မမက လက်နက်ကိုင်ဖို့ တောင်းဆိုလိုက်ပါသည်။ ငြိမ်းချမ်းရေး ဖော်ဆောင်နေပါသည်ဟူသော အမြင်ပေါ်အောင် သရုပ်ဆောင်နေသော ဇာတ်ကွက်မှာ ရုတ်တရက်ကြီး ထ ပြောလိုက်တော့ ခုတ်ရာတခြား ရှရာတခြား။ ခေတ်စကားအရ အကြီးကြီးကို ဂွမ်း သွားပါသည်။

~ခုလည်း သင်တန်းပေး။ မြင်တတ်သူတွေတောင် မြင်တတ်နေမှတော့၊ လုပ်တတ်လို့ လုပ်လိုသူတွေအတွက်ကတော့ ခွင်(ဂွင်)ကောင်းပေါ့။ ခွကောင်းထိုင် ချိုင် ရုံမျှ။

သို့ပါ၍ **မနာလို ဝန်တိုစိတ် အားမကြီးနဲ့။ သာဓု မခေါ်နိုင်တဲ့ ဘဝ…

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page