top of page
Search

ပြည်သူတွေနိုင်မှာလား?

Writer's picture: Myat Tun OoMyat Tun Oo

အချို့ကမေးတယ် မအလက လက်နက်ကောင်းတွေရှိတယ် NUG က နိုင်ပါ့မလားပေါ့။ သူတောင်းစားဘောမမိုးဟိန်းက ABSDF လဲ တိုက်ခဲ့တယ် မနိုင်ပါဘူးတဲ့။

အစပိုင်းမှာ ပြည်သူတွေက ဆန္ဒပြတယ် မအလက ပစ်တယ်။ ယခု NLD ကို ဖျက်ဖို့ တရားဝင်ပြောလာတယ်။ NLD က ရင်ကြားစေ့သူ။ ဒါ့ကြောင့် နိုင်ငံရေးအရ ပြည်သူတွေမှာ ရွေးစရာလမ်းမရှိတော့ဘူး။နိုင်ငံရေးသမားတွေကလဲ ပြန်တိုက်ဖို့ကို ဒီတချိန်မှာ တွေဝေမနေတော့ပါ။

ဒီနေရာမှာ စာရေးသူပြောစကားမယုံဘဲ မြေပြင်မှာ ဖြစ်နေတာကိုသာကြည့်ပါ။ ပြည်သူတွေကလက်နက်ကိုင်ဖို့ ဆုံးဖြတ်လိုက်တာ မတ်လကုန်လောက်မှပါ။ PDF ဖွဲ့တာ နှစ်ပတ်သာ ရှိပါသေးတယ်။KNU နောက်ဆုံး အင်းစိန်ကို တိုက်ခဲ့တာ ၁၉၄၉ ဇန်နဝါရီ ၃၁ ပါ။ ထိုနောက်ပိုင်း ရန်ကုန်မှာ ဗုံးတောင် မဖောက်နိုင်သလောက်ပါဘဲ။

ယခုရန်ကုန်မှာ ဖက်ဆစ်တပ်နဲ့ရဲ ဘာဖြစ်နေပြီလဲ။ မန္တလေးမှာ ဘာဖြစ်နေလဲ ။ ပြည်မှာ ဘာဖြစ်နေလဲ။ချင်း ကယားမှာ ဘာဖြစ်နေလဲ လေ့လာလိုက်ပါ။ ဒါတွေဟာ ယခင်ရောင်စုံသူပုန်ထစဉ်က နှစ်ပေါင်းသုံးဆယ်ကျော် မလုပ်နိုင်ခဲ့တဲ့ မတိုက်နိုင်ခဲ့တဲ့ ပစ်မှတ်တွေကို ပြည်သူတွေက ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး ရရာလက်နက်နဲ့ သုံးပတ်အတွင်း ထတိုက်နေတာပါ။ စစ်ရေးအရကြည့်ရင် အင်မတန်အားရကျေနပ်စရာ ကောင်းပါတယ်။ သက်ဖေဖော်ဝါရီ ၁ ရက်နေ့က ယခုလို ပြည်သူကလုပ်နိုင်မယ်လို့ထင်ခဲ့မှာမဟုတ်ပါ။

နောက်အားရစရာ ကောင်းတဲ့အချက်က အမေရိကန်ဝင်ရင် တရုတ်က ဝင်နဲ့ ပိုရှုတ်ပါတယ်။ ကုလ US UK က ကြေညာချက်ထုတ်တာသာ လုပ်တာပါ။ တရုတ်နဲ့ အာဆီယံကလဲ လေပါ။ ယခုကကိုယ်ထူကိုယ်ထတိုက်နေလို့ နောက်ပိုင်းမှာ လက်နက်ကို တတိယနိုင်ငံက ထောက်ပံ့ပြီး တိုက်ပွဲကြီးတွေပိုဆင်လာနိုင်ပါလိမ့်မယ်။ ထောက်ပံ့မယ့် တတိယနိုင်ငံလဲ ရှိနေပါပြီ။ ထောက်ပို့က အချိန်တော့ ယူရမှာပါ။ ဘယ်နိုင်ငံလဲ မပြောပြပါ။ ဒီ့အတွက်လဲ မဇင်မာအောင်နဲ့ Dr Sasa ကို ကျေးဇူးပါ။

အောင်ပွဲဟာ အရှိန်အဟုန်နဲ့လာနေပါပြီ။ ပေးဆပ်ရတာတွေရှိမှာပါ။ ဥရောပမှာ နာဇီစနစ်မလိုချင်လို့အသက်တွေပေးခဲ့ရပါတယ်။ စာရေးသူတို့က ဖက်ဆစ်အာဏာရူး မအလကို မလိုချင်လို့ တိုက်ရမှာပါ။နောက်ဆုံးက စိတ်ဓာတ်ချင်းပြိုင်တိုက်ရမှာဖြစ်ပြီး ပြည်သူတွေက စိတ်ဓာတ်သာလို့ နိုင်မှာပါ။ ဇော်မဲလုံးကို မေးကြည့်လိုက်ပါ။ ကဗျာဆရာ ကာကွယ်ရေးဝန်ကြီးဖြစ်တာ ရယ်နိုင်သေးလားလို့။ ပြည်သူတွေက နိုင်နေပြီး နောက်ပိုင်း နေပြည်တော်အစိုးရကိုပါ တက်သိမ်းမှာပါလို့ ပြောပါရစေ။

816 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

Kommentarer


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page