top of page
Search

ပြည်သူတွေက ဒေးဗစ်လားကို ဘာလုပ်စေလိုလဲ စစ်တမ်းရလာဒ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 14, 2020
  • 1 min read

စာရေးသူစစ်တမ်းကောက်ရာမှာ သိပ္ပံနည်းကျတော့ မဟုတ်ပါ။ စာရေးသူရဲ့ စစ်တမ်းကို ဖြည့်ပေးသူများကို ကျေးဇူးပါ။ စာရေးသူကောက်ရတဲ့ ရည်ရွယ်ချက်က သာမန်လူတွေရဲ့ ဆန္ဒသဘောထားကိုသိချင်လို့ပါ။

ဒီကိစ္စမတိုင်ခင်က ဒေးဗစ်လားကို ဘယ်သူမှန်းလဲမသိ စိတ်လဲမဝင်စားပါ။ ယခုကိစ္စအပြီးမှသာ သူဘယ်သူလဲသိလာတာပါ။

ဒီကိစ္စဟာ ဘာသာရေးနဲ့ ဘာမှမဆိုင်ပါ။ တရားဥပဒေစိုးမိုးရေးနဲ့ သာတူညီမျှရှိရေးသာပါ။

စာဖတ်သူများထံက အင်မတန်ကောင်းတဲ့ အကြံဉာဏ်များလဲ ရခဲ့ပါတယ်။ ဥပမာ သူ့ထံကရောဂါကူးသူတွေအတွက် ဆေးစစ်ခ ပြန်တောင်းတာမျိုးပေါ့။

စာရေးသူရဲ့စစ်တမ်းကို လူ ၁၅၃၈ ယောက်ကဖြေကြားခဲ့ပါတယ်။

အများစု ၅၂% က သူ့ကို နိုင်ငံခြားသားဖြစ်ပါက ပြည်နှင်ဒဏ်ပေးဖို့ကို ရွေးချယ်ခဲ့ကြပါတယ်။

နောက် ၄၆.၄% က လက်ရှိစွဲထားတဲ့ ပုဒ်မအရသာ ဆက်စွဲဖို့ မဲပေးခဲ့ကြပါတယ်။

အနည်းစု ၁.၆% ကသာ ပုဒ်မပြောင်းပြီး ကျန်းမာရေးဥပဒေနဲ့ အရေးယူတာကို ထောက်ခံခဲ့ပါတယ်။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page