top of page
Search
  • Writer's pictureMyat Tun Oo

ပြည်သူတွေက စကားပြောပြီ


ပြည်သူတွေက စကားပြောပြီ

ယခုတလော ငွေအင်အားတောင့်တဲ့ ဖွတ်ထွက်ဘရွှေမန်းထောင်တဲ့ ပြည်သူ့ကောင်းကျိုးဆောင်ပါတီနဲ့NLD မှာ နေရာမရလို့ ထွက်လာတဲ့ ခရိုနီဒေါက်ခိုင်ပါတီတို့ဟာ ငွေကြေးအင်အားကောင်းကောင်းနဲ့ စည်းရုံးဖို့ ကြိုးစားလာတာ တွေ့ရပါတယ်။ အများစုက DASSK ကို ဝေဖန်သူတွေနဲ့ စုထားတာပါ။

ဒီနေရာမှာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုရဲ့ ကယားပြည်နယ်မှာတော့ NLD ပါတီဝင်တွေ များပြားလာပါတယ်။ သူဟာ ကယားလူမျိုးစစ်စစ်ပါ။ သူက ဗိုလ်ချုပ်အောင်ဆန်းကိုလေးစားသူပါ။ သူတို့လို လေးစားသူက ဗိုလ်ချုပ်ရုပ်တု ထားလိုချိန်မှာ လူမျိုးရေး အမြင်ကျဉ်းသူတွေက ဒါကို လူမျိုးရေးအနေနဲ့ လုပ်စားဖို့ကြိုးစားခဲ့ပါတယ်။ ဒီလိုစိန်ခေါ်မှုတွေကို သူက ပြတ်ပြတ်သားသား အရေးယူလုပ်ဆောင်ခဲ့ပါတယ်။ ရန်ကုန်နဲ့ မန္တလေးပြီးရင် ကိုင်စရာရှိတာ ကိုင်ရဲသူ တိုင်းရင်းသားစစ်စစ် ဝန်ကြီးချုပ်လို့ ပြောလို့ရပါတယ်။ ခေါင်းဆောင်ဆိုတာက လုပ်စရာရှိတာကို လုပ်ရမှာပါ။ကြိုက်သူ မကြိုက်သူ ရှိနိုင်ပါတယ်။

ဒီပွဲကဘာပြလဲဆိုတော့ ကယားပြည်နယ်မှာ NLD အဖွဲ့ဝင်တွေဟာ ဆက်လက်တိုးပွါးလာတာပါ။ကယားပြည်နယ် ပါတီဝင်ပွဲက ဘရွှေမန်းနဲ့ ဒေါက်ခိုင်တို့လို ဟိုတယ်တွေမှာ NLD က မလုပ်နိုင်ခဲ့ပါ။ငွေကြေးကွာတာကိုပြပါတယ်။ ဒါပေမယ့် လူကတော့ NLD ကများပါတယ်။

မြန်မာပြည်မှာ လက်ရှိလိုနေတာက သူလို အမြင်ကျယ်တဲ့ ရေရှည်ကြည့်တဲ့ တိုင်းရင်းသားတွေပါ။အေးမောင်လိုလူတွေများရင်က ဟစ်တလာလို နာမည်ကြီးနိုင်ပေမယ့် မိမိဒေသ အဆင်မပြေပါ။

ပြည်သူတွေက ပါတီဝင်ပြီး စကားပြောလိုက်ပါပြီ။

Photo Credit: Original uploader

90 views0 comments

Recent Posts

See All
bottom of page