top of page
Search

ပြည်သူတွေကစကားပြောပြီ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 27, 2021
  • 1 min read

ပထမဆုံးက ဒီနေ့မှာ ကျဆုံးသွားသော ပြည်သူများကို ဦးညွတ်အလေးပြုပါတယ်လို့ ပြောပါရစေ။ သူတို့ဟာ တိုင်းပြည်ရဲ့ အာဇာနည်တွေပါ။ ဒီနေ့မှာ ပြည်သူတွေက လမ်းပေါ်ထွက်ပြီးဆန္ဒပြမလားဆိုတာက အင်မတန်အရေးကြီးခဲ့ပါတယ်။ မအလဟာ သူ့တပ်မှူးတွေကို မတ် ၂၇ ရက်နေ့မတိုင်ခင် ဆန္ဒပြပွဲတွေကို အင်အားသုံးပြီး အပြီးအပြတ် နှိမ်နင်းခိုင်းခဲ့ပါတယ်။ ဒါပေမယ့်လဲ ပြည်သူများဟာ မအလရဲ့အကြမ်းဖက်အဖွဲ့က ပစ်ခတ်တဲ့ကြားက လမ်းပေါ်ထွက်ရင် အပစ်ခံရနိုင်တယ်ဆိုတာ သိတဲ့ကြားက မိမိအသက်ကို ပဓာနမထားဘဲ တိုင်းပြည်အတွက် လမ်းပေါ်ထွက်ခဲ့ကြတာ တွေ့ရပါတယ်။

မြောက်ပိုင်း ကချင်ပြည်နယ်မှသည် တောင်ပိုင်း ကော့သောင်းအထိ၊ တမူးမှသည် လားရှိုး၊ မူဆယ်အထိ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံဟာ ဘုံရန်သူမအလကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒထွက်ပြခဲ့ကြပါတယ်။ မအလဟာ လူမဆန်စွာ ပစ်ခတ်ပြီး ယခု အသက်ငါးနှစ်အထိ ဆင်းသတ်လာတာ တွေ့ရပါတယ်။ ဒီနေ့သေဆုံးသူဦးရေဟာ တစ်ရက်ထဲ ၁၀၀ ကျော်လို့ ကျဆုံးမှုအများဆုံးနေ့လို့ ပြောလို့ရပါတယ်။

ဒီဆန္ဒပြပွဲတွေကနေ ဘာကိုပြနေသလဲဆိုတော့ ပြည်သူတွေဟာ မအလကို ဖြုတ်ချဖို့ အပြီးအပိုင်ဆုံးဖြတ်ထားတယ်ဆိုတာပါ။ မအလရဲ့ အကြမ်းဖက်အဖွဲ့ဟာ ပြည်သူတွေကြောက်အောင် လမ်းထဲအထိ ဆန္ဒမပြသူကိုပါ လိုက်ပစ်ပြီး ခြောက်လှန့်နေပေမယ့် ပြည်သူတွေဟာ ခြောက်တိုင်းမကြောက်တာ တွေ့ရပါတယ်။

ဒီနေ့ပြည်သူ့ဆန္ဒပြပွဲတွေက ဘာကိုပြလိုက်သလဲဆိုတော့ အင်အားခြင်းမမျှတဲ့ကြားကအကြမ်းဖက်သမားတွေက ခေါင်းကိုပစ်မယ်လို့ ခြိမ်းခြောက်တဲ့ကြားထဲက လမ်းပေါ်ထွက်လာပြီး ဖက်ဆစ်တွေကို အလိုမရှိကြောင်း ပြသွားခဲ့ပါပြီ။ ဒါဟာအရေးတော်ပုံအောင်ဖို့ နီးလာပြီဆိုတာကို ပြတာပါ။ ယခုအချိန်မှာ ဒီမိုခေါင်းဆောင်တွေကလဲ ဖယ်ဒရယ်တပ်မတော်ဖြစ်အောင် ကြိုးပမ်းနေကြပါတယ်။ အားလုံးကိုယ်ထူကိုယ်ထ လုပ်နေကြတာပါ။ ပြည်ပကညီအစ်ကိုမောင်နှမများ ပြည်တွင်းကချမ်းသာသူများအနေနဲ့ CRPH ရဲ့ https://donate.crphmyanmar.org မှာ သွားလှူပေးကြပါ။ စာရေးသူတို့တိုင်းပြည်မှာ ပြည်သူတွေကို ကာကွယ်ဖို့ ပြည်သူ့တပ်မတော်စစ်စစ် လိုမှာဖြစ်ပြီး ဒါကိုလဲ ပြည်သူတွေက ကိုယ့်အားကိုယ်ကိုး ကိုယ်ထူကိုယ်ထ ထူထောင်ရမှာပါ။ ဆန္ဒပြပွဲနဲ့ ပြည်သူ့ဖယ်ဒရယ်တပ်မတော်ဟာ တစ်နေ့ထက်တစ်နေ့ အင်အားကောင်းလာနေပါပြီ။ ပြည်သူတွေက စကားပြောနေလို့ ဤခရီး မဝေးတော့ပါလို့ ပြောပါရစေ။ ပြည်သူသာ အဓိကပါ။ အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page