top of page
Search

ပြည်သူ့တပ်မတော်စစ်စစ် သန္ဓေကောင်းဖို့ဆိုရင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 29, 2021
  • 2 min read


စာရေးသူတို့ လက်ရှိမအလတပ်ကို တိုက်နေတာက မအလတပ်ဟာ လက်နက်အားကိုးပြီး ဒီမိုကရေစီနည်းနဲ့ ရွေးကောက်ခံအစိုးရကို အာဏာသိမ်းလို့ပါ။ နောက် ဆန္ဒပြသူတွေကိုသတ်၊ အရပ်သားတွေကိုသတ်၊ ခိုးဆိုး၊ လုယက်၊ ဓားမြတိုက်၊ အိမ်တွေကို မီးရှို့လို့ပါ။ ဒါကို ဒီမို အားလုံးက လက်ခံမှာပါ။ ဒီတပ်ကို တိုက်ဖို့ စာရေးသူတို့က နောက်တပ်တစ်ခု တပ်မတော် PDF ကို ထူထောင်မှာပါ။ ဒါ့ကြောင့် PDF ဟာ မအလတပ်လို ထပ်မဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါကို မိဘပြည်သူအားလုံး လက်ခံလိမ့်မယ်လို့ ထင်ပါတယ်။ ထိုအတွက် PDF ပြည်သူ့တပ်မတော်ဟာ မိဘပြည်သူတွေ မျှော်လင့်တဲ့ စံသတ်မှတ်ချက်တွေကိုလိုက်နာရပါမယ်။ လက်နက်ဟာ ကြောက်ဖို့ကောင်းပါတယ်။ ဒါကြောင့် လက်နက်ကိုင်တပ်မတော်ဟာသာမန်ပြည်သူတွေထပ် စည်းကမ်းပိုလိုက်နာရပါတယ်။ ယခု မအလတပ် ခိုးဆိုးလုယက် ဓားမြတိုက်၊လူသတ်၊ မုဒိမ်းကျင့်၊ အာဏာသိမ်းနိုင်နေတာက မအလတပ်ကို လက်ရှိအခြေခံဥပဒေအရ အရေးမယူနိုင်လို့ စည်းကမ်းမလိုက်နာလို့ အရပ်သားအစိုးရအောက်မှာ မရှိလို့ဆိုတာ မမေ့ပါနဲ့။

လူတစ်ယောက် လူကောင်းဖြစ်ဖို့ဆိုတာ ဗီဇကောင်းဖို့လိုသလို ပတ်ဝန်းကျင်ကောင်းဖို့လဲလိုပါတယ်။ဥပမာ မအလအဖေဟာ ဆောက်လုပ်ရေးက သူခိုးမိုလို့ မအလဗီဇက နဂိုထဲကမကောင်းပါ။ သူခိုးဗီဇပေါ့။ ဒါကို နေဝင်းတပ်ထဲရောက် ဘရွှေအောက်မှာ တပ်ကပိုပျက်သွားတော့ ဖြစ်ချင်တိုင်း ဖြစ်သွားတာပါ။ ဗီဇလဲမကောင်း ပတ်ဝန်းကျင်လဲမကောင်းပေါ့။

တပ်တွေကို ပြန်ကြည့်ရအောင်။ အိန္ဒိယတပ်၊ အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်တပ်တွေဟာ အရပ်သားစကားကို နားထောင်ပြီး အာဏာမသိမ်းတာ တွေ့ရမှာပါ။ ကျန်တပ်တွေက ချမ်းသာတဲ့နိုင်ငံမှာရှိလို့ထားလိုက်ပါ။ အိန္ဒိယတပ်ဟာ ဘယ်အချိန်ကမှ အာဏာမသိမ်းတာ တွေ့ရပါတယ်။ အိန္ဒိယသမိုင်းကိုလေ့လာရာမှာ သူကအင်္ဂလိပ်လက်အောက်ခံတပ်အနေနဲ့ စဖွဲ့ပြီး ၁၉၃၂ ကနေ ဒုတိယကမ္ဘာစစ် မစခင်အထိ သူ့အိန္ဒိယစစ်တက္ကသိုလ်က အရာရှိ ၅၀၀ လောက်သာ မွေးထုတ်နိုင်ခဲ့တာပါ။ သူတို့က အရပ်သားအမိန့်နာခံမှုကို အဓိကထားသင်ပေးခဲ့သလို အချင်းချင်း ပါးရိုက်တာမသင်ပေးခဲ့ပါ။ စစ်တပ်ဆိုရာမှာဒဏ်ပေးတာရှိပေမယ့် ပါးမရိုက်ပါ။ အိန္ဒိယလွတ်လပ်ရေးရချိန်မှာ နေရူးနဲ့ ဂန္ဓီတို့က နိုင်ငံရေးခေါင်းဆောင်အနေနဲ့ရှိခဲ့ပြီး ဂန္ဒီလုပ်ကြံခံရပေမယ့်လဲ နိုင်ငံရေးခေါင်းဆောင်တွေက အားကောင်းခဲ့ပါတယ်။ အိန္ဒိယတပ်ရဲ့ အားသာချက်က နိုင်ငံရေး၊ လူမျိုးရေးကို တပ်မတော်ထဲသယ်မလာခဲ့တာပါ။

စာရေးသူတို့ လက်ရှိတပ်မတော်ဟာ အင်္ဂလိပ်ကိုတိုက်ဖို့ ဖွဲ့ခဲ့ပါတယ်။ ရဲဘော်သုံးကျိပ်ဆိုပေမယ့်အဆိုပါသူများက နိုင်ငံရေးခံယူချက်မျိုးစုံမိုလို့ စကထဲက သူတို့ကွဲရင်ဆိုတဲ့ ပြဿနာရှိပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်ရှိချိန်မှာ သူတို့ကိုထိန်းနိုင်ခဲ့ပေမယ့် အင်္ဂလိပ်က ဗိုလ်ချုပ်ကို လုပ်ကြံချိန်မှာ ကျန်ခေါင်းဆောင်တွေက မထိန်းနိုင်ခဲ့ပါ။ နောက်လေ့ကျင့်မှုမှာ ဂျပန်တပ်က အမိန့်နာခံမှုကို ပါးရိုက်တာ တွေးခေါ်မှုဖျောက်တာတွေနဲ့ လုပ်ယူပါတယ်။ ဒါ့ကြောင့် ဂျပန်တပ်ဟာ ဖက်ဆစ်စနစ်အောက်မှာ အမိန့်နာခံသွားခဲ့ပါတယ်။ ယခုမအလတပ်ကလဲ ထိုအတိုင်းလိုက်ပါတယ်။ နောက်ဒုတိယကမ္ဘာစစ်အပြီး တပ်ပြန်ဖွဲ့ချိန်မှာ အင်္ဂလိပ်က လူမျိုးပေါ်မူတည်ပြီး တပ်ပြန်ဖွဲ့ပါတယ်။ ဒါ့ကြောင့် ဂျပန်ကသင်ထားတဲ့ ပါးရိုက်စနစ်နဲ့အပြင် နိုင်ငံရေး၊ လူမျိုးရေးပါပါခဲ့ပါတယ်။

ဒါဆိုရင် တပ်မတော်အသစ်ကို ဘယ်လိုဖွဲ့မှာလဲ? ပထမဆုံးက မအလတပ်ကို တိုက်ရုံနဲ့ PDF မဖြစ်ပါ။လိုင်းပေါ်မှာ ကျွန်တော်တို့ PDF ပါအော်ရုံနဲ့ PDF မဖြစ်ပါ။ PDF ဖြစ်လိုရင် အရပ်သားပြည်သူ့အစိုးရNUG နဲ့ ဆက်သွယ်ရပါမယ်။ NUG က ချမှတ်ထားတဲ့ စစ်ရေးဆိုင်ရာ စည်းကမ်းတွေကို လိုက်နာရပါမယ်။ NUG ရဲ့ စစ်ဖက်ဆိုင်ရာ အမိန့်ပေးစနစ် chain of command ကို လိုက်နာရပါမယ်။ ဥပမာ PDF ဆိုတဲ့အဖွဲ့က မအလယဉ်တန်းကို တိုက်ချင်တယ် ဒါပေမယ့် အရပ်သားက ပါနေရင် NUG အောက်ကစစ်ဦးစီးက မပစ်နဲ့လို့ပြောရင် မပစ်ရပါဘူး။ လိုက်နာရပါမယ်။ ဒါကတာဝန်ယူမှု တာဝန်ခံမှုအရပါ။နောက်နိုင်ငံရေးအမြင်ပါ။ PDF ဟာ အနီဖြစ်ဖို့မလို အဖြူဖြစ်ဖို့မလိုပါ။ ဒါပေမယ့် ရွေးကောက်ခံအစိုးရ NUG ကို သစ္စာခံရပါမယ်။ လောလောဆယ်မှာ NUG ဟာ NLD က ရွေးကောက်ပွဲနိုင်ထားလို့အနီဖြစ်နေပါတယ်။ ဒါကပေးထားချက်ပါ။ ဒါပေမယ့် စာရေးသူတို့ တိုက်နေတာက အနီအတွက်မဟုတ်ဘဲ ပြည်သူ့အာဏာပြည်သူ့ပြန်ပေးဆိုတဲ့ မူဝါဒနဲ့ပါ။

သင် PDF ထဲ ဝင်လိုရင် NUG ကပို့ချတဲ့ PDF သင်တန်းကိုတက်ပါ။ စစ်မှုထမ်းစာချုပ် လက်မှတ်ဖိုးပါ။စစ်ဥပဒေအမိန့်တွေကို နာခံပါ။ ဒါဆိုရင် NUG ကလဲ သူ့တပ်ကို စနစ်တကျ လက်နက်တပ်ဆင်ပေးပါလိမ့်မယ်။ ပြည်ပရောက် မြန်မာများကလဲ NUG ရဲ့ PRF အစီအစဉ်ကတဆင့် လစဉ်ထောက်ပံ့ပေးကြပါ။ စာရေးသူတို့ဟာ မအလတပ်လို နောက်တပ်မျိုးဖြစ်မလာစေဖို့ အလွန်အရေးကြီးပါတယ်။ ရေတိုမှာ အဖွဲ့တွေကွဲနေတာက ပြဿနာမရှိပေမယ့် ရေရှည်မှာ အရပ်သားအမိန့်နာခံတဲ့ ပြည်သူ့တပ်မတော်ကြီးသာ ရလိုပါတယ်။ သခင်သန်းထွန်းတပ်၊ နေဝင်းတပ်၊ မအလတပ်မဖြစ်လိုပါ။ အရပ်သားအမိန့်နာခံတဲ့ အိန္ဒိယတပ်လိုမျိုးသာ ဖြစ်စေလိုပါတယ်လို့ ပြောပါရစေ။ အားလုံးနားလည်နိုင်အောင်ခဏခဏရေးပြတာပါ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page