top of page
Search

ပြည်သူဆုံးဖြတ်ပေးရင် ကျေနပ်မှာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 13, 2022
  • 1 min read

စာရေးသူတို့က တစ်ခုခုပြောရင် ပြည်သူသာ အဓိကပါလို့ ပြောလေ့ရှိပါတယ်။ မအလကလဲ ပြည်တွင်းကသာ ဆုံးဖြတ်မှာဖြစ်ပြီး ပြည်ပက လာလုပ်လို့မရဘူး ဘာညာအော်လေ့ရှိပါတယ်။ ဒီနေရာမှာ မနေ့က ဒေါ်ဇင်မာအောင်နဲ့ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီးတွေ့အပြီးမှာ မအလရဲ့ အကြံပေးများနဲ့နိုင်ငံခြားရေးရုံးအကြားမှာ အလုပ်များသွားတာတွေ့ရပါတယ်။ အစည်းအဝေးတွေလဲ အများကြီးလုပ်နေပါတယ်။ တပ်ပိုင် Neo Politics က ကျော်မျိုးမင်းတို့က ညာသံပေး တပ်ထွက် သနင်္ဂဗျူဟာက အမေရိကန်မိုက်ရိုင်းတာပြောပေမယ့် ဘာမှမလုပ်ရဲတာ တွေ့ရပါတယ်။ မလေးရှားကို ဥပမာအနေနဲ့ လုပ်ပြမလားစောင့်ကြည့်ရပါမယ်။ မလေးရှားကိုတောင် ဘာမှမလုပ်ရဲရင် မအလသိက္ခာကျပါပြီ။ ဒီနေရာမှာ ပြည်သူရဲ့ အရေးပါမှုတွေကို လေ့လာကြည့်ရအောင်။


ပုံမှန်မှာ DASSK လက်ထက် နေရောင်ခြည်စွမ်းအင်သုံးပြီး လျှပ်စစ်ဓာတ်အားထုတ်ဖို့ တရုတ်က သန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံဖို့ သဘောတူထားခဲ့ပါတယ်။ မအလတက်လာချိန်မှာ အနောက်နိုင်ငံကမပြောနဲ့ တရုတ်ကတောင် လာရင်းနှီးမြုပ်နှံမှု မရှိတော့ပါ။ ဘာကြောင့်လဲဆိုတော့ ပြည်သူကြောင့်ပါ။ ဒီနေရာမှာ NUG ဖြစ်ဖြစ် မြန်မာ့အရေးလှုပ်ရှားတဲ့ NGO ဖြစ်ဖြစ် တရုတ်ကို မလာပါနဲ့လို့ပြောရင် ကြာပြီးခက်ပါတယ်။ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးနေရာအချို့မှာ PDF က နယ်မြေစိုးမိုးထားလို့ တရုတ်ဟာ သူလာရင်းနှီးမြုပ်နှံရင် မအလလုံခြုံရေးမပေးနိုင်လို့ မလာတော့ပါ။ ဒါက ပြည်သူရဲ့ အာဏာကိုပြသွားတာပါ။

ယခုလဲ ဝမ်ပေါင်အတွက် လုံခြုံရေးတွေ ကင်းတွေများစွာချထားရပါတယ်။ ဒီသယံဇာတပစ္စည်းတွေကဝမ်ပေါင်ထဲမှာတင်နေလို့ရတာမဟုတ်ဘဲ အပြင်ကိုထုတ် လမ်းတွေကို ဖြတ်ရမှာပါ။ ဒီပစ္စည်းတွေကတပ်ကူလို ရဟတ်ယာဉ်နဲ့ လာချတာ တင်တာလုပ်လို့မရပါ။ ယခု PDF က ဖြတ်လမ်းတွေကိုစိုးမိုးထားလို့ ဝမ်ပေါင်အတွက် လမ်းလုံခြုံဖို့က တပ်ရင်းသုံးခု လေးခုလောက်အနည်းဆုံးသုံးမှသာ ရမှာပါ။ ဒါတွေကို လုပ်လိုရင် အခြားစီမံကိန်းတွေကိုလုပ်လိုရင် တရုတ်ဟာ NUG ကို စကားပြောမှကို ရမှာပါ။ဒါက ပြည်သူ့အားကြောင့် စကားပြောလာရတာပါ။


ဒီနေရာမှာ ကိုမျိုးရန်နောင်သိမ်းက ပဲခူးက PDF ကို ထောက်ပံ့ဖို့လုပ်လိုက်တာကလဲ မအလတပ်ကိုပြဿနာအကြီးကြီးတက်စေပါတယ်။ ယခုက စစ်ကိုင်းက တပ်မ ၃၃ လဲ သူ့နေရာမှာတင် ပျာနေပြီး ပခုက္ကူက တပ်မ(၁၀၁)လဲ မကွေးနဲ့ တိုင်ပတ်နေပါပြီ။ ဒီနေရာမှာ ပဲခူးတဝိုက်မှာ PDF တွေ စလှုပ်ရှားလာရင် အဆိုပါဒေသက တပ်တွေအတွက် လုံခြုံရေးက ယခုထက်ပိုလိုလာမှာပါ။ ယခုအချိန် ပဲခူးကတပ်ရင်း၊ တပ်မတွေကိုအခြားနေရာတွေကို စစ်ဆင်ရေးလွှတ်နိုင်သေးပေမယ့် ပဲခူးကိုတိုက်ရင် သူ့နယ်မြေကို ပြန်စိုးမိုးအောင်လုပ်ရမှာမိုလို့ ဖွတ်အမာခံရွာတွေကလူတွေကို ပျူအတွက် လူစုသင်ပေးပြီးဂိတ်စောင့်ခိုင်းဖို့ ပြင်နေရပါတယ်။ ဒီနေရာမှာ သူတို့လူလို့ထင်တဲ့လူက PDF ဖြစ်နေရင်လဲအစုလိုက်အပြုံလိုက် အသတ်ခံရနိုင်လို့ ထိုလူတွေကို ပြန်စစ်ဖို့လဲ ညွှန်ကြားထားပြန်ပါတယ်။


ဒီနေရာမှာ မီးရှို့နိုင်ရင် စစ်နိုင်တယ်ဆိုတဲ့ သီအိုရီနဲ့ သွားနေရင်တော့ မအလကနိုင်တယ်လို့ ပြောနိုင်မှာပါ။ ဒါပေမယ့် လက်ရှိအခြေအနေမှာ ချင်းကအဖွဲ့တွေလဲ လက်နက်ပိုကောင်းလာတာတွေ့နေရပါတယ်။ဥပမာ ယခင်က PDF ၁၀၀ မှာ ငါးယောက်သာ ရိုင်ဖယ်ကိုင်နိုင်ပေမယ့် ယခု ၄၀ ယောက်လောက် ကိုင်နိုင်လာနေပါပြီ။ ကျန်တဲ့ ၆၀ ကလဲ ပြည်တွင်းထုတ်လေးတွေ ကိုင်နိုင်လာနေပါပြီ။ နယ်မြေမှာလဲစစ်ကိုင်းတိုင်းမှူးကနေ စစ်ဆင်ရေးအထူးအဖွဲ့မှူးအထိပြောင်းသွားပေမယ့် မနိုင်သေးပါ။ ယခု PDF ကစစ်ကိုင်းကနေ မကွေးတောင်ရောက်လာပါပြီ။ ပေါက်မှာပါသွားတဲ့ကားထဲက လက်နက်ထုတ်တဲ့ပစ္စည်းက သိန်းသောင်းချီပါတယ်။ ပြန်မရသေးပါ။ ကယားမှာလဲ မအလတပ်က တပ်ထဲမှာသာ စိုးမိုးထားတာပါ။ ရှမ်းမြောက်မှာလဲ PDF က ပေါ်လာပြီး ဒုက္ခပေးနေပါပြီ။

အကျဉ်းချုပ်ရရင် မြန်မာပြည်ကိစ္စကို ပြည်တွင်းကသာ ဆုံးဖြတ်မှာဖြစ်ပြီး ၁၉၉၀မှသည် ၂၀၁၅၊၂၀၂၀ အထိပြည်သူက မအလတပ်ကိုမုန်းပြီး NLD ကိုသာ မဲပေးခဲ့ပြီး ငြိမ်းချမ်းစွာ ဆုံးဖြတ်ပေးဖို့ကြိုးစားခဲ့တာပါ။ ယခုလဲ မအလက လက်နက်အားကိုးလို့ ပြည်သူက လက်နက်စွဲကိုင်ပြီးအဆုံးအဖြတ်ပေးမှာပါ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page