top of page
Search

ပြည်သူက အာဏာသိမ်းသူပုန်ကို ဘာလုပ်သင့်သလဲ?

Writer's picture: Myat Tun OoMyat Tun Oo

ဒီနေ့ တပ်သတင်းမှန်က သတင်းစာရှင်းလင်းပွဲကို အားလုံးနားထောင်ပြီးဖြစ်မှာပါ။ သူက မဲစာရင်းကို မရှင်းပေးရင် ဥပဒေထဲကအတိုင်းလုပ်မယ် အာဏာသိမ်းမယ် မသိမ်းဘူး မပြောနိုင်ဘူးဆိုပြီး ပြည်သူကိုခြိမ်းခြောက်သွားတာပါ။ သူက အာဏာသိမ်း မသိမ်းမဖြေနိုင်ပါ။ ယခုအချိန်အထိ သာဝလဲ သူဘာကိုလိုချင်တယ် ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်ချက် ချရသေးပုံမပေါ်ပါ။ ပုံမှန်လက်ရှိမှာတော့ တပ်ထဲကအများစုက NLD နိုင်သွားတယ်ဆိုတာကို လက်ခံပါတယ်။ သူအာဏာသိမ်းတာ ထိန်းတာဟာ ဆူပူမှုဖြစ်ရင်သာ လုပ်နိုင်တာပါ။ ဒါကို ပြည်သူတွေက ဘယ်လိုတုံ့ပြန်မလဲ?

စာရေးသူတို့မြန်မာပြည်ဟာ အကြမ်းမဖက်ဘဲ ဒီမိုစနစ်ကိုပြောင်းဖို့ ကြိုးစားနေတာပါ။ ပြည်သူတွေကDASSK ရဲ့ စကားကို နားထောင်နေတာပါ။ အဆိုးဆုံးအနေနဲ့ အာဏာသိမ်းပြီဆိုကြပါစို့။ နေပြည်တော်က သမ္မတ၊ DASSK နဲ့ လွှတ်တော်အကြီးအကဲတွေကို ဖမ်းဖို့က အချိန်မကြာပါ။ NLD က လူတွေကထောင်မကြောက်လို့ နိုင်ငံရေးလုပ်နေတာဖြစ်လို့ ထွက်ပြေးမှာမဟုတ်ပါ။ နေပြည်တော်ဟာ သီးခြားနေရာဖြစ်လို့ အပြင်ကလူက ဝင်ရခက်ပါတယ်။ ဒါ့ကြောင့် နေပြည်တော်ဟာ အာဏာသိမ်းတဲ့ သူပုန်တပ်ထံ ကျဖို့များပါတယ်။ အာဏာသိမ်း/အာဏာထိန်းခဲ့ရင် အဆိုပါအာဏာသိမ်းတပ်ဟာ သူပုန်ဖြစ်ပြီး အာဏာသိမ်းအဖွဲ့ ခေါင်းဆောင်ဟာလဲ သူပုန်ခေါင်းဆောင်ပါ။

နေပြည်တော်ကျပေမယ့် ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့ကြီးတွေကတော့ ပုန်ကန်မှာပါ။ DASSK အဖမ်းခံရရင် တိုင်း/ပြည်နယ် ဝန်ကြီးချုပ်တွေက အာဏာသိမ်းတပ်ဟာ သူပုန်ဖြစ်လို့ သူတို့ရဲ့ စခန်းတွေကိုပြည်သူနဲ့ ပေါင်းပြီး ဝိုင်းတိုက်မှာပါ။ အာဏာသိမ်းသူပုန်ရဲ့သားသမီးတွေ ပိုင်ဆိုင်ထားတဲ့ ရန်ကုန်နဲ့အခြားပြည်နယ်တိုင်းက အဆောက်အအုံများကိုလဲ ပြည်သူက ဝင်သိမ်းမှာပါ။ ဒါဆိုပြည်နယ်တွေကရော။ ရခိုင်မှာ ဓာတ်ခဲဟာ စစ်ရေးအရ အသားစီးရနေတာပါ။ ပြည်မကပြည်သူတွေက အာဏာသိမ်းသူပုန်တပ်ကို အာခံရင် ရခိုင်ကလဲ နဂိုကထဲက ခွဲထွက်လိုလို့ ခွဲထွက်ပြီး သူတို့ဒေသက စစ်တပ်ဟာသူပုန်တပ်မိုလို့ ဝင်တိုက်မှာပါ။ ထို့အတူ ရှမ်း၊ ကချင်၊ ကယား၊ ကရင်ကလဲ သူတို့ပြည်နယ်တွေကို ခွဲထွက်ပြီး သူတို့ပြည်နယ်ထဲက အာဏာသိမ်းသူပုန်တပ်ကို တိုက်ထုတ်မှာပါ။

ယခုအချိန်မှာ အကြောက်တရားဟာ ပြည်သူထံမှာ ၁၉၈၈၊ ၁၉၉၀၊ ၂၀၀၇ ကလို မရှိတော့ပါ။ ဒါကိုရခိုင်၊ ရှမ်း၊ ကရင်နဲ့ ကယားက ပြည်သူတွေက ပြသွားခဲ့ပါပြီ။ ဘင်္ဂါလီနဲ့ ရခိုင်ကလူတွေကလက်နက်ကိုင်အဖွဲ့တွေကို ပြည်သူ့အင်အားနဲ့ ဘယ်လိုတိုက်ထုတ်လို့ရတယ်ဆိုတာ ပြသွားခဲ့ပြီးပါပြီ။ဒါတင်လားဆိုတော့ မဟုတ်ပါ။ ၂၀၁၅ အထိ ဘယ်တပ်ခေါင်းဆောင်မှ ကမ္ဘာ့တရားရုံးမှာ တရားစွဲမခံရပေမယ့် ယခုလက်ရှိသာဝဟာ တရားခံစာရင်းထဲ ပါနေပြီးသားပါ။ ပြည်သူကို ပစ်ရင် အမှုပိုကြီးသွားမှာပါ။ မြန်မာပြည်ဟာလဲ ယခုထက်ပိုဆင်းရဲသွားမှာပါ။

ဒါဆိုရင် ကမ္ဘာကရော။ တရုတ်ဟာ သာဝကို ယခုလိုလုပ်နေတာတွေရပ်ဖို့ လူသိရှင်ကြားပြောသင့်သလိုအနောက်နိုင်ငံတွေကလဲ သတိပေးခြင်းဖြင့် သာဝကို အတွေးမမှားအောင် တားဆီးပေးနိုင်ပါတယ်။လက်ရှိ NLD အစိုးရမှာလဲ အာဏာသိမ်းရင် ကမ္ဘာက ဘာအကူအညီတောင်းမလဲဆိုတာ အစီအစဉ်တော့ ရှိပြီးသားပါ။

ပြည်သူတွေအနေနဲ့က ဒီမိုဝန်ကြီးချုပ်တွေရဲ့ အသံကို နားစွင့်ထားပါ။ လိုအပ်လို့ တိုက်ပွဲခေါ်ရင် မိမိဒေသက လွှတ်တော်တွေကို ဝန်းရံပါ။ သူပုန်တွေရဲ့ တိုင်းဌာနချုပ်တွေကို ဝိုင်းပါ။ ရန်သူများကိုချေမှုန်းပါ။ အချို့ကိစ္စတွေကလဲ အသက်ပေးမှ ရတာမျိုးတွေရှိပါတယ်။ တန်ဘိုးကြီးကြီးလိုချင်ရင်အားလုံးပေးဆပ်ကြရမှာပါ။ တပ်ထဲက သူပုန်အာဏာသိမ်းတပ်ကို ပြန်တိုက်လိုသူ ပြည်သူ့စစ်သားများလဲ အာဏာသိမ်းသူပုန်ထတယ်လို့ အသံကြားရင် မိမိတပ်ထဲက သေနတ်နဲ့ ခဲယမ်းများကိုယူပြီး ရန်ကုန်မှာ လာပေါင်းပါ။ လစ်ဗျားမှာ ခံတိုက်တာကို နမူနာယူပါ။ ရန်ကုန်ကို တစ်ပတ်ထိန်းထားနိုင်ရင် သာဝကိုဖမ်းမယ့်တပ်ရောက်လာမှာပါ။ ရန်ကုန်ဟာ လစ်ဗျားရဲ့ ဘင်ဂါဇီဖြစ်လာမှာပါ။

စာရေးသူအနေနဲ့က သာဝအမြင်မှန်ရပြီး ပြည်ထောင်စု မပြိုကွဲဟာ အတွေးမမှားပါစေနဲ့လို့သာဆုတောင်းပါတယ်။ သာဝက အာဏာသိမ်းပြီး သူပုန်ထရင်တော့ အဆိုပါနေ့ဟာ မြန်မာပြည် ပြိုကွဲတဲ့နေ့ပါလို့ သာဝကို ကြိုပြောထားပါရစေ။ ပြည်သူတွေကလဲ ဒီမိုကရေစီရဖို့ဆို မလုပ်ရဲတာ ဘာမှမရှိပါ။DASSK က ထိန်းထားလို့ ငြိမ်နေတာပါလို့ ပြောထားပါရစေ။

1,375 views1 comment

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

1 Comment


Albert Wint
Albert Wint
Jan 26, 2021

တူရကီမှာတပ်ကအာဏာသိမ်းဘို့လုပ်တာအာဒိုဂန်အစိုးရကိုတပ်အချို့နဲ့ပြည်သူတွေကစည်းလုံးပြီးပြန်တုံ့ပြန်လနု့အာဏာသိမ်းအစီအစဥ်ပျက်တယ်လို့ဖတ်ရလိုက်ပါသည်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page