top of page
Search

ပြည်သူက အာဏာရှင်တွန်းလှန်ဖို့ မလုပ်ရဲတာရှိလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 14, 2020
  • 1 min read

မအလနဲ့ ၃၄ ပါတီမနေ့က တွေ့ကြပါတယ်။ စာရေးသူရေးတင်ထားတဲ့အတိုင်းဘဲ သူတို့မနိုင်မှန်းသိလို့အာဏာသိမ်းဖို့ အရူးကွက်နင်းပြီး သွယ်ဝှိက်ပြောတာပါ။ အဲ့ဒီမှာ စာရေးသူယခင်ကပြောခဲ့တဲ့ စရဖလက်အောက်က မိုက်ကယ်ကျော်မြင့်လို လူလိမ်ကိုတောင် ပြန်ခေါ်တွေ့တာဟာ အဘရဲ့ဆောက်တည်ရာမရဖြစ်နေမှု desperate ဖြစ်နေမှုကိုပြပါတယ်။


ဒီတွေ့ဆုံပွဲကနေ သင်ခန်းစာလေးတွေ ရလိုက်ပါတယ်။



ပထမသင်ခန်းစာက ဒီထဲမှာပါတဲ့ ပါတီခေါင်းဆောင်ဆိုသူအချို့ဟာ ကွီးကိုတိုက်ခိုက်ခဲ့သူများဖြစ်ပြီးဒါက အဘခိုင်းလို့ လုပ်နေတယ်ဆိုတာကို ယခုက ပေါ်တင်ပြလိုက်တာပါ။ စာရေးသူရေးချိန်က မယုံသူများ ယခုယုံပြီလို့ထင်ပါတယ်။


ဒုတိယကသင်ခန်းစာက ယခုအချိန်မှာ ပြည်သူတွေအနေနဲ့ NLD ကို ပုံအော်ပြီး အပြတ်အသတ်နိုင်အောင် မဲပေးရမယ်ဆိုတာပါ။ ၅၂% လောက်နဲ့နိုင်ရင် သူတို့က သူတို့အဘကို ရွေးကောက်ပွဲက တရားမမျှတဘူးဆိုပြီး အာဏာသိမ်းခိုင်းနိုင်ပါတယ်။ ဒါကြောင့် ယခင်ကလိုဘဲ မဲဆန္ဒနယ်တိုင်းမှာ NLD ကိုယ်စားလှယ်ကို အပြတ်အသတ်နိုင်အောင် ပုံအောမဲပေးလိုက်ပါ။


တတိယက တပ်ချုပ်က လူမိုက်စကားပြောသွားတာပါ။ သူက “ကျနော် မလုပ်ရဲတာ ဘာတခုမှ မရှိဘူး၊အကုန်လုပ်ရဲ တယ်” ဆိုပြီး ပြည်သူကို စိန်ခေါ်သွားတာပါ။ သူ့စကားကိုယူပြီး ပြန်ပြောရရင် ပြည်သူကလဲ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတာပါ။ ယခုအာဏာသိမ်းရင် ၁၉၆၂ မဟုတ်သလို ၁၉၈၈ လဲမဟုတ်ပါဘူး။ DASSK ဟာ ဦးနုမဟုတ်သလို သူမနောက်မှာ ထက်မြက်တဲ့ အာဏာရှင်ကို သေသည်အထိတိုက်ပွဲဝင်သွားမယ့် ဝန်ကြီးချုပ်တွေရှိတယ်ဆိုတာပါ။ NLD မှာ DASSK က အကြမ်းမဖက်တဲ့ မူဝါဒနဲ့လူတွေအားလုံးကို ထိန်းထားတာပါ။ အာဏာသိမ်းရင် DASSK နဲ့ သမ္မတကို ဖမ်းထိန်းတာက လွယ်မှာပါ။ သူ့အနားက ဝန်ကြီးအချို့ကလဲ အလွယ်တကူ ဘက်ပြောင်းနိုင်ပါတယ်။ ဒါပေမယ့် ပြဿနာက အဲ့ဒီမှာ မပြီးသွားပါ။ ၁၉၆၂ မှာ နေဝင်းက ကွန်မြူနစ်ကိုတိုက်မှာမိုလို့ အမေရိကန်က လွှတ်ပေးထားခဲ့တာပါ။ ယခုဟာက ၂၀၂၀ ပါ။ ICJ မှာ အမှုရင်ဆိုင်နေရသလို ICC ကလဲ အချိန်မရွေး အဘကို ဖမ်းဝရမ်းထုတ်နိုင်ပါတယ်။


စာရေးသူတို့ရှေ့မှာ ဘင်္ဂါလီက လူထုအားနဲ့ ဘယ်လိုတိုက်တယ်ဆိုတာကို နည်းပြသွားခဲ့ပါတယ်။ သူ့နောက်ကနေ ဓာတ်ခဲက လူထုအခြေပြုဗျူဟာနဲ့တိုက်လို့ စာရေးသူတို့တပ်တွေ ဘယ်လိုတိုက်နေရလဲဆိုတာ တပ်ထဲက စစ်ဆင်ရေးမှာပါသူများအားလုံးသိပါတယ်။ ၁၉၈၈ ရန်ကုန်ထဲမှာ လက်နက်အများကြီးရှိမနေပါ။ ဒါ့အပြင် တပ်ထဲကနေ ဆန္ဒထွက်ပြသူများက လက်နက်နဲ့ ထွက်မလာပါ။ ယခုအချိန်မှာက တပ်ထဲမှာ လက်ရှိတပ်ချုပ်ရဲ့ လုပ်ရပ်တွေကိုမကြိုက်တဲ့ DASSK ကိုထောက်ခံတဲ့တပ်မတော်သားတွေ အများကြီးပါ။ သူတို့က လက်နက်တွေနဲ့ ထွက်လာမှာပါ။ ရခိုင်ကတော်လှန်တဲ့ဗျူဟာကိုသိနေတဲ့ ပြည်မက ဗမာများဟာလဲ တပ်ထဲကပုန်ကန်သူများနဲ့အတူထွက်လာမှာပါ။ ဆီးရီးယားနဲ့လစ်ဗျားမှာက သူပုန်မရှိခဲ့ပါ။ စာရေးသူတို့တိုင်းပြည်မှာက သူပုန်များစွာရှိပြီး သူတို့ကလဲ ပြည်မနဲ့ ပူးပေါင်းမှာပါ။


DASSK ကို ထိန်းသိမ်းခဲ့ရင် NLD က ဝန်ကြီးချုပ်များက ပြည်ပစစ်တပ်ကို တရားဝင်ခေါ်မှာပါ။ သံရုံးတစ်ခုထဲကနေ ခေါ်လို့ရပါတယ်။ ဆီးရီးယားက ရုရှားကို အဲ့ဒီလိုခေါ်ခဲ့တာပါ။ မင်းတို့ခေါ်တိုင်း အမေရိကန်ကလာမလား? အပေးအယူတော့ လုပ်ရမှာပါ။ ကိုးကိုးကျွန်းလောက်ပေးလိုက်ရတာဟာအာဏာရှင်စနစ်ပြုတ်ကျမယ်ဆိုရင် တန်ပါတယ်။ နောက်ပြီး ယခုလိုကူဖို့က အမေရိကန်ရဲ့ ကြည်းတပ်မလိုဘဲ လေတပ်နဲ့ရေတပ်က missile ဒုံးပျံ နဲ့ပစ်၊ ဗုံးကြဲတာလောက်နဲ့ရပါတယ်။ ယခင်ကခေါ်ရင်အဝေးကြီးက လာရမှာမိုလို့ မသေချာပေမယ့် ယခုက တောင်တရုတ်ပင်လယ်ထဲရောက်နေလို့ လမ်းကြုံတုန်း ဝုန်းလို့ရပါတယ်။


အမေရိကန်လေတပ်က မြိတ်၊ ကိုးကိုးကျွန်း၊ ပုသိမ်၊ ရန်ကုန်က ရေဒါတွေကို ဖျက်လိုက်ရင် ပွဲပြီးပါပြီ။B52 ကဗုံးကြဲရင် မြောက်ကိုရီးယားကဆောက်ပေးတဲ့ လှိုင်ခေါင်းလဲ ပွင့်သွားမှာပါ။အတွင်းကစစ်သည်များကလဲ အာဏာသိမ်းခဲ့ရင် လိုအပ်တဲ့ coordinate များကို ပေးကြမှာပါ။ ဗုံးကြဲရတာ ပိုထိရောက်တာပေါ့။ ရန်ကုန်ကပြည်သူများကလဲ အင်းလျားလမ်းက အဘအိမ်နဲ့ တိုင်းစစ်ဌာနချုပ်တွေကို ဝိုင်းကြမှာပါ။


အဘစကားနဲ့ ပြန်ပြောရရင် ပြည်သူတွေက အာဏာရှင်တွေကို တွန်းလှန်ဖို့ မလုပ်ရဲတာ ဘာတခုမှ မရှိပါဘူး၊ အကုန်လုပ်ရဲ ပါတယ်။ ဒါပေမယ့် တိုင်းပြည် ပြိုကွဲသွားမှာစိုးလို့ပါ။ ဒါထက်အရေးကြီးတာကအဘရဲ့မြေးမလေးတွေရဲ့ အနာဂတ်နဲ့လဲပြီး မိုက်ရဲရင် မိုက်လိုက်ပါ။ DASSK က သားတွေ လင်တွေစွန့်ပြီး နိုင်ငံရေးလုပ်လာတာပါ။ သူမကသာ ထိန်းမထားရင် သူမထံက အာဏာသိမ်းလိုက်ရင် အဘမှာအာဏာရနိုင်ပေမယ့် အမေရိကန်နဲ့ တပ်တွင်းပုန်ကန်မှုအောက်မှာ အဘပြန်ပေးဆပ်ရမှာပါ။ ပြည်သူတွေက အာဏာရှင်တွေကို တွန်းလှန်ဖို့ မလုပ်ရဲတာ ဘာတခုမှ မရှိပါဘူး၊ အကုန်လုပ်ရဲ ပါတယ်လို့ အဘနဲ့ အဘတအရုးများသိအောင် သတိပေးပါရစေ။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

2 Comments


naynanmyint629395
naynanmyint629395
Aug 15, 2020

မလုပ်ရဲတာ မရှိဘူး ဆိုတဲ့

စကား အတိုင်း လက်ရှိရာထူးက

နှုတ်ထွက်လိုက်ဖို့ သတ္တိ မရှိလို့

ပေကပ်ပီး ကိုယ့်ဘာသာသက်

တန်းတိုးထားတဲ့ အကောင် က

များ ပြည်သူကို လာစော်ကားနေ

တယ်


နင့် အသက် ရှည်နေတာ

ဒေါ်အောင်ဆန်းကြည် ရဲ့ စကား

ကို ငါတို့ပြည်သူများက နား

ထောင်ပီး NLD အစိုးရ အခက်

အခဲမဖြစ်ရအောင်နေပေးကြတယ်

ဆိုတာ သိထားလိုက်ပါ


ဆောင်းပါးရှင်ရေးသလိုပါဘဲ

#မဲ မပေးရမဲ့ ပါတီများ# ကို

ပြည်သူများ စိတ်ထဲ ရှင်းရှင်းသိရအောင် လုပ်ပေးလို့ရှာကြံျေးဇူးတင်လိုက်ပါတယ် လူ့ဗာလ မအလရေ့


Like

naynanmyint629395
naynanmyint629395
Aug 15, 2020

GO VOTE TO NLD .


NLD ကို မဲပေးကြပါပြည်သူများ


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page