top of page
Search

ပြည်သူကို လျှော့မတွက်စေလို

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 13, 2021
  • 1 min read

သတင်းတွေမှာ နိုင်ငံရေးလေ့လာသူအချို့က ပြဿနာတစ်ခုဖြစ်ရင် တပ်ကအာဏာသိမ်းမှာ စိုးရိမ်တယ် ဘာညာဆိုပြီး သတိပေးသလိုလို ခြိမ်းခြောက်သလိုလိုနဲ့ ပြောလေ့ရှိပါတယ်။ ဒီနေရာမှာ သူတို့တွေဟာ ပြည်သူကို အထင်သေးလို့ အဆိုပါစကားမျိုးကို ပြောတာ တွေ့ရပါတယ်။

မြန်မာပြည်သူတွေဟာ အာဏာရှင်ကို ၁၉၆၂၊ ၁၉၈၈၊ ၁၉၉၀၊ ၂၀၀၇၊ ၂၀၁၅ တွေမှာ ဆန္ဒပြလို့ဖြစ်စေရွေးကောက်ပွဲကတဆင့်ဖြစ်စေ တွန်းလှန်ခဲ့ကြတာပါ။ ယခု ၂၀၂၀ ရွေးကောက်ပွဲဟာ ကိုဗစ်ကြားက မဲပေးခဲ့ရတာပါ။ ဒါပေမယ့် ပြည်သူတွေက မိမိတို့ ရောဂါဖြစ်မှာကို မမှုဘဲ မဲပေးခဲ့ကြတာပါ။

ယခုကိုဗစ်ဟာ တိုင်းပြည်ရဲ့ စီးပွါးရေးကို ထိခိုက်လာမှာပါ။ ဒီလိုအချိန်မှာ ပြည်သူတင်တဲ့ အစိုးရကိုလက်နက်နဲ့ ဖြုတ်ချဖို့ ကြိုးစားခဲ့ရင် ပြည်သူတွေက လက်ပိုက်ကြည့်နေမှာမဟုတ်ပါ။ ရခိုင်မှာ ဖြစ်နေတာကို လေ့လာကြည့်ပါ။ တပ်ထဲက သူ့လူမျိုးအချို့ဟာ ဓာတ်ခဲဘက်ကို ပြောင်းသွားတာ တွေ့ရသလိုသူ့လူမျိုးတွေက သူ့သူပုန်တပ်ကို ဝိုင်းရံပေးလို့ အပြတ်နိုင်အောင် မတတ်နိုင်တာ တွေ့ရမှာပါ။

ပြည်သူတွေဟာ အာဏာသိမ်းသူပုန်တွေကို ခံချဖို့ ခေါင်းဆောင်သာလိုတာပါ။ အဆိုပါလိုအပ်ချက်ကိုလဲ ဖြည့်ပေးနိုင်တဲ့ အမျိုးသားရေးခေါင်းဆောင်တွေ DASSK အလွန် NLD မှာ ရှိပြီးသားပါ။အာဏာသိမ်းသူတွေကို ဘယ်လိုတုန့်ပြန်ရမလဲ တပ်ထဲက အစိုးရထောက်ခံတဲ့ တပ်မတော်သားတွေနဲ့ပြည်သူနဲ့ပေါင်းပြီး အာဏာသိမ်းသူပုန်တပ်တွေကို ဘယ်လိုနှိမ်နင်းရမလဲဆိုတာ လက်ရှိတရားဝင်NLD အစိုးရမှာ အစီအစဉ်တွေ အကုန်ရှိပါတယ်။ ကိုဗစ်ကြောင့်ရထားတဲ့ လုပ်အားပေးတွေဟာအာဏာသိမ်းသူပုန်တပ်ကို ရင်ဆိုင်မယ့် ပြည်သူ့ရဲနဲ့ တပ်မတော်ဖြစ်လာမှာပါ။ သံအမတ်ကြီးတွေကလဲလိုအပ်ရင် သူတို့နိုင်ငံတွေကနေ အာဏာသိမ်း သူပုန်တပ်ကို နှိမ်နင်းဖို့ ဘယ်လိုကူညီမလဲဆိုတာလဲပြောထားပြီးပါပြီ။

အာဏာသိမ်းရင် နေပြည်တော်က အစိုးရအဖွဲ့ကို အမြန်ဖမ်းထိန်းထားနိုင်မှာဖြစ်ပေမယ့် အာဏာသိမ်းတပ်ဟာ နေပြည်တော်သာပိုင်မှာဖြစ်ပြီး မြန်မာပြည်ဟာလဲ ဒီမြေပုံအတိုင်း မရှိနိုင်တော့ပါလို့ ကြိုပြောထားပါရစေ။ သာမန်ပြည်သူတွေက ကိုဗစ်ကြောင့် စားစရာမရှိလို့ သေလဲမထူးပါ။ သာဝရဲ့ သမီး၊သား၊ မြေးလေးတွေရဲ့ အနာဂတ်နဲ့ အာဏာကို လဲနိုင်ရင်တော့ လုပ်လိုက်ပါ။ ယခုရေးသမျှဟာ ပြည်သူကိုသာ အခြေပြုထားတာဖြစ်ပြီး အခြားနိုင်ငံတွေရဲ့ အကူအညီမပါသေးပါ။

အားလုံးဟာ ဆွေးနွေးတိုင်ပင် အဖြေရှာတာဟာ အကောင်းဆုံးပါ။ ဒါပေမယ့် ပြည်သူကို လျှော့မတွက်ပါနဲ့လို့ ထပ်သတိပေးပါရစေ။ ယခုက ၂၀၂၁ ပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jan 14, 2021

ဦးမြတ်!!! ကာလ ဒေသ ပယောဂ မရွေး အမြဲတမ်း မဖောက်မပြန် မှန်ကန်သည့် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမဖြင့် စတင်ပါရစေ။

#ကိုယ်သာနာပြီးစိတ်မနာစေနဲ့

(နကုလမာတာ ဝတ္ထု)

ပုထုဇဥ်လူသားများသည် ဆူး *စူး*သည့်အခါ ကိုယ်လည်းနာသလို စိတ်လည်း နာ သောကြောင့်

အော်ဟစ်ညည်းညူကြပါသည်။

ကိုယ်အနာကို ပဋိဇီဝဆေးများဖြင့် ကုသပျောက်ကင်းသော်လည်း စိတ် အနာကို အလျဥ်းလုံးဝပျောက်ရန် ခေတ်သစ်ဆေးသိပ္ပံမှာ

ကုသဆေး မရှိသေးပါ။

စစ်ကြောရေးမှာ ကိုယ်မှာ အလူးအလဲ နာခဲ့ခြင်းကြောင့် စိတ်ဒါဏ်ရာအနာရခဲ့သူ ကိုရင်ကြီးသိန်းထိုက်ဆိုသူ မန်းမှ စိတ်ကုဆရာဝန်ထံ ကုသသော်လည်း စိတ်အနာ လုံးဝမပျောက်ကင်း၍

ပကတိအရှိအတိုင်း ယခုတိုင် နလံမထူသေးပါ။ စိတ်မှာ ဒါဏ်ရာရ နာ သွားလျှင် ခံစားရသူအဖို့!!!

မမြင်လွယ်သော စိတ်ဒါဏ်ရာရပြီး စိတ် အနာ ပေါက်နေသူများလည်း တပုံ တပင်။ခုကိုဗစ်ကာလ အရောင်းသွက်သော လဘက်ရည်ဆိုင်ကြီးတဆိုင် (အထင်ပြောရရင် *မဂါ*ဘူး ထင်ပါသည်)အခြားဆိုင်တွေ​ေ ဆိုင်ထိုင်ခွင့်နဲ့ ဖွင့်ရောင်းရသော်လည်း သူ့ဆိုင်မှာ ပါဆယ်စနစ်ဖြင့်သာရောင်းရ၍ ရောင်းအားကျဆင်းခြင်းကြောင့် ဆိုင်ပိုင်ရှင်မှာ စိတ်အနာ ပေါက်ရပါသည်။ သူ့ဆိုင်မှာပေါ့စတစ်သမား လာထိုင်သွားလို့ဟု အကြောင်းပြပါသည်။ ထိုဆိုင်မှ စားပွဲများသည် တခုနှင့်တခု ၆ ပေခြါး၊ ဝိတ်တာမှန်သမျှ နှာခေါင်းစည်း၊ ဖေ့စ်ရှိးများနှင့်၊စားပွဲပေါ်မှာ အကာနှင့် လက်ဆေးသန့်ဖြင့်!!!

ကိုယ့်လောက်မှ ကျွမ်းကျင်မှုအရည်အချင်းမရှိသူ၊ အရှင်သခင်မွေးလို့ နေ့ချင်းကြီးသူများက သူသာအတတ်၊ သူတို့သာ အမြတ်၊ အခန့်သား မိန့်မိန့်ကြီးနဲ့ အမိန့်ပေးသမျှကို လိုက်လံလုပ်ဆောင်နေရသူများမှာလည်း စိတ်ဒါဏ်ရာ အသီးသီးနဲ့ပါ။

#လူပင်ပန်းတာကဒီလောက်မဟုတ်ဖူး **စိတ်ပင်ပန်းတာက ပိုဆိုးတယ်**။ အများဆုံး သုံးကြပါသည်။

စိတ် အနာကိုဖြေဖို့ အတွက်

၁၉၈၈!! ၂၀၂၀ နိုဝင်ဘာ ၈ ရက်!!

တပါးသူတွေကို စိတ်အနာရအောင် လုပ်ခဲ့လေသမျှ လုပ်ခဲ့သူတွေမှာ ကိုယ်ရော စိတ်ရော အနာပြန်ရနေကြသည်မှာ မျက်မှောက်ကာလမှာ ဖြစ်ရပ်တချို့က သက်သေခံနေပါသည်။

လူက…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page